-ဘ၀ သင်္ခန်းစာ-
တခါတုန်းက အဘိုးအိုတစ်ယောက်မှာ သားလေးယောက်ရှိတယ် ။ သူဟာ သူသားတွေကို ဘ၀မှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း ..ဆုံးဖြတ်နိုင်စွမ်း တွေရှိစေချင်ခဲ့တယ် ။အမြဲ တမ်းရင့်ကျက် တည်ငြိမ် နေတာမျိုးကို မြင်စေချင်ခဲ့တယ် ။ ဘ၀ရဲ့ အပြောင်းအလဲ အချိုးအကွေ့ တွေကို ခံနိုင်ရည်ရှိတာမျိုး ဖြစ်စေချင်နေခဲ့တယ် ။ တနေ့ တော့သူဟာ သူ့ သားတွေကို ဥာဏ်စမ်းတစ်ခုစီပေးပို့ လိုက်တယ် ။အဲဒါကဘာလဲဆိုတော့ အလွန်ဝေးကွာတဲ့နေရာတစ်ခုမှာရှိတဲ့ ချယ်ရီပင်တစ်ပင်ကို သွားကြည့်ဖို့ ပဲဖြစ်တယ် ။ ပထမဆုံးသားကိုတော့ နှင်းအလွန်ထူထပ်စွာကျတဲ့ ဆောင်းတွင်းကာလမှာ သွားကြည့်ခိုင်းခဲ့တယ်။ ဒုတိယသားကတော့ ရာသီကူးပြောင်းချိန်ဖြစ်တဲ့ မိုးစိုစွတ်တဲ့ ကာလ... တတိယသားကတော့ နွေဦးပေါက်ကာလ.. စတုတ္တသားကတော့ သစ်ရွက်တွေကြွေကျချိန် ရာသီအပြောင်းအလဲကာလ.. စသဖြင့် အသီးသီး တာဝန်တွေပေးလိုက်တော့တယ် ။ ဒီလိုနဲ့ သားလေးယောက်ဟာ အသီးသီး ချယ်ရီပင်ကြီးကိုသွားကြည့်ပြီး နေရပ်ကို ပြန်ရောက်လာတဲ့အခါအဘိုးအိုက အားလုံးကိုမျက်နှာစုံညီ ခေါ်ယူပြီး ဆွေးနွေးခဲ့တယ် ။ ပထမဆုံးသားကတော့ အဖေရေ.. ချယ်ရီ ပင်ကြီးကတော့ သိပ်ရုပ်ဆိုးတာပဲ ..အရွက်တွေလဲမရှိ .. အကိုင်းချည်းသက်သက်ပဲ ..ကြည့်လေ ပင်အိုကြီးနဲ့  တူလေပါပဲဗျာတဲ့ ... ဒုတိယသားကတော့ ဟာ..မဟုတ်ပါဘူးအစ်ကိုရာ..စိမ်းစိမ်းစိုစိုနဲ့  အရွက်အလက်တွေဝေဆာနေလိုက်တာ ကြည့်လို့ ကောင်းမှကောင်းဗျ ... ဒါကိုတတိယသားက သဘောမတူဘူး ကျတော်တွေ့ ခဲ့တာကတော့ တစ်ပင်လုံး ချယ်ရီပန်းတွေနဲ့ ပြည့်လို့ ပါဗျာ .. လှတာမှ တပင်လုံး ပန်းတွေပြည့်လို့ ...မွှေးရနံ့ကလဲချိုအီနေတာပဲ .. တွေ့ ဖူးသမျှထဲ အလှဆုံးပဲဗျ...
နောက်ဆုံးသားကတော့
ဟုတ်ရပါဘူးဗျာ..ကျတော်တွေ့ ခဲ့တာများ တပင်လုံး အသီးတွေအပြည့်ဗျ..
ကြွေကျနေလိုက်တာများတောင်ပုံရာပုံလိုဗျာ ..ကျေနပ်စရာကြီး...
ဒီလိုနဲ့ သူ့ သားတွေ ငြင်းခုန်နေကြတဲ့အခါ ..
အဘိုးးအိုဟာ သူ့ သားတွေ စိတ်ကျေနပ်အောင် ပြန်ရှင်းပြတယ် .
.
ဘာလို့ လဲဆိုတော့သူတို့ အားလုံးဟာ သစ်ပင်တစ်ပင်ကို ရာသီတစ်ခုစီမှာ တွေ့ 
မြင်ခဲ့ရတာကြောင့် သူတို့ အမြင်တွေ ကွဲပြားခြားနားနေခြင်းဖြစ်တယ်...
အဲဒိချယ်ရီပင်ကြီးလို ခြောက်သွေ့ ခြင်းတွေ .. စိမ်းစိုခြင်းတွေ ..ရှိသလိုပဲ
လူ့ ဘ၀မှာလဲအချစ်တွေ ..အမုန်းတွေ ..အနိုမ့်အမြင့် တွေ.. ပျော်ရွှင်ခြင်းတွေ .
.နာကြည်းခြင်းတွေ စတဲ့အခြေအနေအမျိုးမျိုး ကြုံလာရမှာဖြစ်တဲ့အတွက်
အဲလိုတွေကြုံလာတဲ့အခါ ခံနိုင်ရည်ရှိလာအောင် သွန်သင်ဆုံးမတယ် ။
လူ့ ဘ၀ဟာ ချယ်ရီသီးပင်ကြီးလို အပြောင်းအလဲအမျိုးမျိုးနဲ့  ကြုံရမှာဖြစ်တယ် ..
အဲလို အပြောင်းအလဲတွေ ကြုံလာတဲ့အခါမှာ ခံနိုင်ရည်ရှိလာခဲ့၇င်
သင်ဟာအောင်မြင်မှူနဲ့  မဝေးတော့ဘူး ။
တကယ်လို့ လက်ရှိအချိန်မှာ သင်ဟာ နာကြင်နေခဲ့၇င် သင့်ဘ၀ရဲ့  ရောက်လာတော့မဲ့အနာဂတ်မှာ
စိမ်းစိုနေတဲ့ရာသီ ...ပန်းပွင့်တဲ့ရာသီ ..နဲ့ အသီးသီးတဲ့ ရာသီတို့ ကို စိတ်မှန်းနဲ့ ပျော်ရွှင်ကြည့်လိုက်ပါ ။
ရောက်ရှိလာမယ်လို့ လဲ ယုံကြည်လိုက်ပါ ။
လက်ရှိအချိန်မှာ ပျော်ရွှင်ခြင်းတွေ ရရှိနေခဲ့ရင် တော့ နာကြင်ခဲ့ခြင်းတွေကို
သင်နဲ့ခပ်ဝေးဝေးမှာထားလိုက်ပါ ...တချိန်က နာကြင်ခဲ့ခြင်းဆိုတာ လက်ရှိအချိန်ရဲ့ 
ပျော်ရွှင်မှူတွေကို ဖျက်စီးမဲ့  နတ်ဆိုးတပါးသာဖြစ်ပါတော့တယ် ။
ရောက်တတ်ရာရာဖတ်ရင်း unknown author ၏ Lessons In Life ကိုဘာသာပြန်ပါသည်။
ချစ်ခင်လေးစားစွာဖြင့်
**ယွန်း**

No comments:
Post a Comment