-ဘ၀အမောပြေ-
**အလကားမရဘူး**
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဧည့်ခံပွဲတစ်ခု၌ ဆရာဝန်တစ်ဦးနှင့် ရှေ့နေတစ်ဦးတို့စကားလက်ဆုံကျလျက်ရှိ သည်။
ဆရာဝန် - ခင်ဗျားနဲ့ တွေ့တုန်းမေးရဦးမယ်။
ရှေ့နေ - ဟုတ်ကဲ့…မေးလေ။
ဆရာဝန် - လူတွေက ကျနော်နဲ့တွေ့တိုင်း ဆရာဝန်ဆိုပြီး ဘယ်ရောဂါကိုဘယ်လိုဆေး သောက်ရမလဲကို အမြဲတမ်းမေနေကြတယ်ဗျာ။
ရှေ့နေ - သြော်…ဟုတ်မှာပေါ့။
ဆရာဝန် - တစ်ဦးနှစ်ဦးဆို ကိစ္စမရှိဘူး။ အခုမေးတဲ့ လူတွေများတော့ခက်နေတယ်။
ရှေ့နေ - အဲဒီတော့…ကျနော်ဘာကူညီပေးရမလဲ။
ဆရာဝန် - ခင်ဗျားတို့ လူတွေက အမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရင်ကော ဘယ်လိုလုပ်သလဲ။
ရှေ့နေ - ကျနော်တို့နဲ့ အမှုအကြောင်း ပြောပြီးရင် ကျသင့်ငွေတောင်းခံတဲ့ ဘောင်ချာဖြတ်ပိုင်းပေးလိုက်တာပဲ။
ဆရာဝန် - ဟာ..ဟုတ်ပြီ…ကျနော်လည်း အဲဒီလိုငွေတောင်းဘောက်ချာတွေလုပ်ထားရမယ်။ ခင်ဗျားကိုကျေးဇူးတင်တယ်။
ရှေ့နေ - ရပါတယ်…လေလောဆယ်တော့ အဲဒီအကြံဉာဏ်ပေးခအတွက် ဒီငွေတောင်းဘောင်ချာအတိုင်း ခင်ဗျားကျနော့်ကို ပေးပါဦး။
ဆရာဝန် - “ဗျာ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment