**နိုင်ငံတကာလှည့်လည်ဖျော်ဖြေသည့် ကမ္ဘာ့အသက်အကြီးဆုံးအဆိုတော်**
အဆိုတော်ကြီး အင်ဂီလ်ဘက်ဟမ်ပါဒင့်သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် မေ ၂၆ ရက်က ကျင်း ပခဲ့သော တေးဂီတဖျော်ဖြေပွဲကျင်းပချိန်၌ သူ၏အသက်သည် ၇၆ နှစ် ၂၄ ရက်ရှိပြီဖြစ်သည်။ ယင်းဂီတ ဖျော်ဖြေပွဲသည် အဆိုတော်အင်ဂီလ်ဘက်ဟမ်ပါဒင့်၏ နိုင်ငံတကာတေးဂီတဖျော်ဖြေပွဲ (၅၇) ကြိမ် မြောက်လည်း ဖြစ်သည်။ အဆိုတော် အင်ဂီလ်ဘက်ဟမ်ပါဒင့်၏ ပထမဆုံး နိုင်ငံတကာတေးဂီတ ဖျော် ဖြေပွဲသည် ၁၉၅၆ ခုနှစ် မေ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် ကျင်းပခဲ့သော ဂီတပွဲတော် ဖြစ်သည်။ ထိုအချိန်က သူ၏အသက်မှာ ၂၀ သာရှိသေးသည်။ (အင်တာနက်)
**ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ် တိုးချဲ့မည်**
ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးကို ထပ်မံတိုးချဲ့တည်ဆောက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အေအို တီကုမ္ပဏီက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ထိုသို့ လေဆိပ်တိုးချဲ့တည်ဆောက်မှုလုပ်ငန်း များကို ဇွန် ၁ ရက်မှစတင်ကာ အစီအစဉ်များရေးပြီး ဆောက်ရွက်တော့မည်ဖြစ်ကြောင်း၊ သဘောတူညီ မှုများလည်း ရရှိထားပြီးဖြစ်ကြောင်း အေအိုင်တီကုမ္ပဏီဥက္ကဌ အင်နာနပ်သွန်ကူဘူတရာက ပြောကြား သည်။ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကို တိုးချဲ့တည်ဆောက်ပြီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ အထိ ၀င်ထွက်သွားလာနိုင်မည်ဖြစ်သည်။ လက်ရှိအနေအထား၌ သုဝဏ္ဏဘူမိလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၄၅ သန်းခန့်သာ ၀င်ထွက်နိုင်ရာ လိုအပ်ချက်ဖြစ်ပေါ်နေသဖြင့် လေဆိပ်တိုးချဲ့ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်။ (အင်တာနက်)**စေတန်ဂြိုလ်၏ အရံဂြိုလ် အာလူးသီးပုံသဏ္ဌာန်ရှိ**
စေတန်ဂြိုလ်၏ အရံလတစ်စင်းဖြစ်သည့် Oddball တွင် ရေခဲများဖုံးလွှမ်းပြီး ရေညှိတက်နေသည့် ပုံ သဏ္ဌာန်ကို တွေ့ရကြောင်း၊ ယင်းဂြိုလ်ပေါ်တွင် ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်နှစ်မျိုးစလုံးတည်ရှိ ကြောင်း နာဆာအဖွဲ့က လေ့လာတွေ့ရှိထားသည်။ အဆိုပါဂြိုလ်သည် အာလူးသီးပုံသဏ္ဌာန်ရှိပြီး မျက် နှာပြင်မှာ ပျားအုံမျက်နှာပြင်ဖြစ်နေသည်ကို တွေ့ရကြောင်း နာဆာမှလွှတ်တင်ထားသော ကက်စီနီ အာကာသယာဉ်မှ ရိုက်ကူးထားသည့် ဓါတ်ပုံအရ လေ့လာတွေ့ရှိခဲ့သည်။ နာဆာအဖွဲ့က ကက်စီနီ အာကာသယာဉ်ကို ၂၀၀၅ ခုနှစ် စက်တင်ဘာလက လွှတ်တင်ထားခဲ့ပြီး အဆိုပါဂြိုလ်ကို အနီးကပ် လေ့လာခဲ့သည်။ ဟိုက်ဒရိုကာဗွန်နှင့် သံတို့ပါဝင်ရောနှောနေသည့် ဒြပ်ပေါင်းတစ်မျိုးကြောင့် ၄င်းဂြိုလ် ကြီးမှာ အနီရောင်ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။ (အင်တာနက်)
**ဇွန် ၄ ရက်တွင် လကြတ်မှုဖြစ်ပေါ်မည်**
လာမည့် ဇွန် ၄ ရက်တွင် လကြတ်မှုဖြစ်ပေါ်မည်ဖြစ်ကြောင်း ဗြိတိန်အာကာသသိပ္ပံပညာရှင်များက မေ ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းလကြတ်မှုသည် ၂၀၁၂ ခုနှစ်အတွက် ပထမဆုံးလ ကြတ်မှုပင်ဖြစ်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ထိုသို့လကြတ်မှုကို မြောက်အမေရိက၊ တောင်အမေရိက၊ သြစတြေး အာရှအရှေ့ပိုင်းဒေသများနှင့် ပစိဖိတ်သမုဒ္ဒရာ အနားသတ်နိုင်ငံများတွင် ဖြစ်ကြောင်း ရာသီဥတုကောင်းမွန်ပါက ၄င်းဒေသများမှ ပြည်သူများ လကြတ်မှုဖြစ်စဉ်ကို ထင်ရှားစွာ မြင်တွေ့ရမည်ဖြစ်ကြောင်း ဗြိတိန်အာကာသိပ္ပံပညာရှင်များက ပြောကြားသည်။ လကြတ်မှုကို အမေ ရိကန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်များမှလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး အပြည့်အ၀လကြတ်မှုဖြစ်ပေါ်မည် ဖြစ်သည်။ အထူးသဖြင့် ပစ္စစ္စပီပြည်နယ်ဒေသခံပြည်သူများက လကြတ်မှုကို အပြည့်အ၀မြင်တွေ့ကြရ မည်ဖြစ်သည်။ ထို့အတူ အာရှနိုင်ငံအချို့၌လည်း ဇွန် ၄ ရက်ညတွင် လကြတ်မှုကို အပြည့်အ၀ မြင်တွေ့ နိုင်ပြီး ကမ္ဘာ့အစိတ်အပိုင်းအများအပြားသည် မှောင်အတိဖုံးလွှမ်းသွားနိုင်ကြောင်း ၄င်းတို့က ပြောကြား သည်။ (အင်တာနက်)
**လူတစ်ဦးအား လက်တစ်ဖက်တည်းဖြင့် အချိန်အကြာဆုံး မ ထားနိုင်သူ**
မာကတ်စ်ဖာဘာသည် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသည့် စွမ်းရည်ပြပွဲ၌ ၄င်း၏ လက်တစ်ဖက် တည်းဖြင့် လူတစ်ဦးအား အချိန် ၁ မိနစ် ၁၆ စက္ကန့်ကြာအောင် မ ထားနိုင်ကြောင်းပြသနိုင်ခဲ့ခြင်းဖြစ် သည်။ အသက် ၄၅ နှစ်အရွယ်ရှိ မာကတ်စ်ဖာဘာသည် ထိုသို့စွမ်းရည်ရရှိရန် သီတင်းတစ်ပတ်လျှင် ခြောက်ရက်ခန့် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်းကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ပုံမှန်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ငယ်စဉ်ကပင် ပခုံးပေါ်တွင် သံချောင်းကို အချိန်အ တန်ကြာထမ်းပိုးခြင်း၊ ကလေးငယ်များကို လက်တစ်ဖက်တည်းဖြင့် မနိုင်ခြင်းများကို အမြဲတမ်းပြုလုပ် လေ့ရှိသူဖြစ်သည်။ တစ်ဖန်ပုံမှန်အလေးမခြင်းများကိုလည်း လေ့ကျင့်ခဲ့သူဖြစ်သည်။ ယခင်က ကမ္ဘာ့ စံချိန်တင်ထားသည်မှာ အချိန် ၁ မိနစ်ဖြစ်သည်။ အဆိုပါစံချိန်ကို မာကတ်စ်ဖာဘာကပင် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က တင်ထားခဲ့ခြင်းဖြစ်သည်။ သူသည် လာမည့်နှစ်၌ လက်နှစ်ဖက်ပေါ်တွင် လူနှစ်ဦးအား တစ်ပြိုင်တည်းမတင်ကာ အချိန်အကြားဆုံး ကမ္ဘာ့စံချိန်တင်နိုင်သူဖြစ်ရန် ကြိုးစားမည်ဟု မာကတ်စ်ဖာ ဘာကပြောကြားသည်။ (အင်တာနက်)စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ-

No comments:
Post a Comment