-ဘ၀အမောပြေ-
**ရှိသေးရဲ့လား**
ပစ္စည်းဥစ္စာအလွန်ခုံမင်သော သူဌေးကြီးတစ်ဦးသည် လန်ဒန်မြို့လယ်၌ သူ၏အဖိုးတန်ကားကြီးမှ တံခါးဖွင့်ပြီး အဆင်းတွင် နောက်ကားတစ်စီးက ၀င်တိုက်မိရာ ယာဉ်ထိန်းရဲ အပြေးရောက်လာသည်။
ယာဉ်ထိန်းရဲ့ - သတိထားပါအန်ကယ်။
သူဌေးကြီး - ငါ့ရဲ့ကားတံခါး ပျက်စီးသွားပြီကွာ။ ယာဉ်ထိန်းရဲ - ဒါကအရေးမကြီးဘူးအန်ကယ်။
သူဌေးကြီး - အရေးကြီးတယ်။ ဒီကားကဈေးအလွန်ကြီးတဲ့ကားကွ။
ယာဉ်ထိန်းရဲ - ဟုတ်ပါတယ်… အဲဒါထက်အရေးကြီးတာက အန်ကယ်ရဲ့ ဘယ်ဘက်လက်တစ်ဖက် မရှိတော့ဘူး။ ကားတိုက်မိသွားတာ။
သူဌေးကြီး - ဟာ…ဟုတ်ပါရဲ့၊ အား…နာလိုက်တာ။
ယာဉ်ထိန်းရဲ - အရေးပေါ်လူနာတင်ကားကို ဖုန်းဆက်ခေါ်ထားတယ်။ အားတင်းထားပါ အန်ကယ်။ သူဌေးကြီး - ဒါထက်… ပြုတ်ထွက်သွားတဲ့ လက်တစ်ဖက်မှာ ငါ့ရဲ့ ရိုးလက်စ်နာရီကောရှိသေးရဲ့လား
ယာဉ်ထိန်းရဲ - “ဗျာ”
အာကာဟိန်း - ရေးသားသည်။

No comments:
Post a Comment