ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 19, 2012

>
-မောင်တို့  ယောက်ျားတွေမယ်.-

အကြည်တစ်တစ်ယောက် အိမ်ရှေ့ ကုလားတိုင်ပေါ် ရောက်တတ်ရာရာ တွေးနေရင်းက စိတ်ဝယ် ချစ်လင်ကိုညိုမောင်ထံသို့ သာ ရောက်နေလေတော့သည် ။ခုတလောကံမကောင်းဟု အကြည်ထင်၏ ။ ကံမကောင်းခြင်းအကြောင်းအရင်းကား ခဏခဏအလိမ် ခံနေရသောကြောင့်ပါပင် ။ သူလိမ်တိုင်းလဲ အကြည်မှာတနည်းမဟုတ်တနည်းဖြင့် ပြန်သိရမြဲ ။ တွေးရင်းမောရင်းက သက်ပြင်းတစ်ချက်ခိုးရှိုက်မိလေတော့သည် ။ ကိုညိုမောင်တစ်ယောက် လိမ်တာမှ အကြည့်ကို ပတ်ပြီးတော့ လိမ်တော့သည်သာ ။ အကြည်ခဗျာ အလိမ်ခံမှန်း သိနေပါလျှက် အမှန်ကို ၀န်မခံပဲ ဘူးခံငြင်းတတ်သော ကိုညိုမောင်ကို စိတ်တိုရုံမှတပါး ဘာမှမတတ်နိုင်အောင် ရှိနေလေတော့သည်။ မနေ့ ကလဲ ကိုညိုမောင်တစ်ယောက်ဟာ နေလည်ဘက်တွင် ရုံးမှလှမ်းပြီး ဖုံးဆက်လေတော့သည်။ """""အကြည်ရေ..ကိုယ်ဒီနေ အချိန်ပိုဆင်းရမှာမို့  စောင့်မနေပါနဲ့ တော့ကွယ်.. ညနေစာသာ စားထားလိုက်ပါတော့""""""" ဟုဆိုတာကြောင့် အကြည်ခမြာ အလုပ်တွေပိုလုပ်နေရသော ချစ်လင်ကို သနားနေမိသေးသည်။ ညနေမရောက်ခင် နောက်တစ်ကြိမ်ဖုံးဆက်ပြီး """ကိုယ့်ကိုစောင့်မနေနဲ့ တော့နော် ... ထမင်းစားထားး တော်ကြာ ..အစာလွန်နေမှဖြင့်... """" ဟူသောစိုးရိမ်မကင်းလေသံလေး ထပ်ကြားတော့ချစ်လင်၏ ဂရုစိုက်မှူလေးကြောင့် စိတ်ထဲမှာ ကျေကျေနပ်နပ်ကြီးနှင့် ပျော်နေလေ၏။သူများယောကျားတွေဆို ဒီလိုရှိချင်မှလည်းရှိမည်ဟု ကြံဖန်တွေးကာ ကျေနပ်နေမိလေတော့သည်။ ထိုညနေတွင်ပင် မိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာသွန်းလာမှူကြောင့် ချစ်လင်ကိုမောင်ညို မိုးများစိုလေမလားဟု စိုးရိမ်ပူပန်စိတ်လေး ၀င်လာလေတော့သည်။သူခမြာ ထမင်းလဲမစားရသေး ဗိုက်တော့စာနေလေတော့မည်ဟု စိုးရိမ်လျက် ဒရိုင်ဘာ ကောင်လေးတစ်ယောက်ကို ကားအကြိုလွှတ်လိုက်လေတော့သည်။ တစ်နာရီခန့် ကြာသော် ကောင်လေးပြန်ရောက်လာပြီး '""အစ်မကြည် .. ရုံးဆင်းတာကြာလှပြီ..ဒီနေ့ ဘယ်ဆိုဒ်မှ အချိန်ပိုမ၇ှိဘူး .. ""ခါတိုင်းအချိန် ရုံးဆင်းကတည်းကပြန်ကုန်ကြတာကြာပြီ..."""ဟု ပြောပြသောအခါ အကြည်မှာ မျက်ခုံးနှစ်ခု ထိစပ်လုနီးနီး တွန့် ချိုးမှောင်ကုပ်ကာ စဉ်းစားရလေတော့သည် ။ တိုစဉ်တိုက်ဆိုင်လှစွာသော အကြောင်းတစ်ခုကား ကိုညိုမောင်၏ ရုံးမှ လုပ်ဖော်ကိုင်ဘက် တစ်ဦးမှာ အိမ်သို့ ရောက်လာခြင်း ဖြစ်ပါသည် ။ ""အကြည်ရေ.. ကိုညိုမောင်ကို ပေးစရာစာရင်းတွေရှိလို့ လို့ ဝင်လာတာ.."" ""ကိုညိုမောင်တော့ခုထိ ပြန်မရောက်သေးဘူးရှင့် .."" """သိတယ် ..တူမကြီးရေ..ကိုဘခိုင်တို့ အိမ်မှာ မူးပြီး အိပ်ပျော်နေတာနဲ့  နိုးရမှာ အားနာပြီး အိမ်ကိုဝင်ပေးတာပါ ဗျာ...""" ""ရှင် ..ကိုဘခိုင်တို့ အိမ်မှာ ..""" """ဟုတ်ပဗျားးနေ့ လည်ကတည်းက ရုံးမှာမဟုတ်ဘူးဗျ...""" ""စာရင်းတွေပေးဖို့  ကျတော်လိုက်သွားတော့ မူးပြီးအိပ်ပျော်နေပြီ...""" သူများပြောမှ ပြန်ကြားရတာမို့  အကြည့်ရင်ထဲ ရှက်ခြင်းကြောင့် မျက်နှာလေးပင် နီရဲလာလေတော့သည်။ ကိုယ့်လင်ဘာလုပ်သည်ဆိုတာ ချစ်သောလင်တော်မောင်က ကွယ်ဝှက်ထားပြီး သူစိမ်းတရံ ပြောသောခါမှ ပြန်သိရလေခြင်းဟု စိတ်တွင်ဝမ်းနည်းနေမိပြီး ပိုဆိုးသည်က ယုံကြည်မှူကို အလွဲသုံးစားလုပ်ခံရခြင်းအပေါ် အမျက်ထွက်လျှက် ကိုညိုမောင်အပေါ် စိတ်အတိုကြီးတိုနေလေတော့သည်။ ကိုဘခိုင်တို့ အိမ်တွက်ရှိသည်ကို အကြည်သိသည် ဟူသောသဘောကိုပြရန် တယ်လီဖုန်းကိုကောက်ခါငင်ကာ ကိုဘခိုင်တို့ အိမ်သို့  လှမ်းခေါ်လိုက်မိလေတော့သည်။ ""ဟယ်လို .."" တဘက်မှထူးသံကြားရသောအခါ အတတ်နိုင်ဆုံးလေသံကို ဖျော့ကာ """ကိုညိုမောင်နှင့်ပြောချင်လို့ပါရှင်...""" """ခင်ဗျာ..."" ""ဟုတ်ကဲ့ ..ကျမ အကြည်ပါ..ကိုညိုမောင့်အမျိုးသမီးပါရှင်..."" '''''အော်..အင်း ကိုညိုမောင်က.... ဟိုဟာလေ..အင်းးအဲ..''' """အရမ်းမူးပြီး အိပ်ပျော်နေလို့ လားရှင်..ဒါဆိုလဲ အိမ်က ဒရိုင်ဘာလေးကို အခေါ်လွှတ်လိုက်ပါ့မယ်ရှင်.. သူ့ ကိုသာနိုးပေးထားပါနော်..""" တဖက်က အကြည်သိသွားပြီဟု သဘောပေါက်က မထူးတော့သည့်လေသံနှင့်.. ""ဟုတ်ကဲ့ပါခင်ဗျာ..ခုပဲနိုးထားလိုက်ပါ့မယ်......""" '"""ကျေးဇူးပါရှင်..""" နောက်တဖန်ပြန်ကာ ဒရိုင်ဘာလေးကို အခေါ်လွှတ်ရပြန်ပါသည်။ ထိုအခါမှကျေးဇူးရှင်က အိပ်ချင်မူးတူးပုံစံ ဖြင့်ပြန်ပါလာသောအခါမှူ အကြည်မှာ စိတ်တိုတိုနှင့် ပြောစ၇ာ စကားများလည်ပင်းတွင်ဆို့ ကာ ပါးစပ်ကမူပြောမထွက် ...တကိုယ်တည်းသာ ကြိတ်ကာစိတ်တိုနေရ ရှာလေတော့သည်။ ကိုညိုမောင်မှာအကြည်ပေါ် ချစ်ခင်အလိုလိုက်မှူနှင့် ကျန်သောနေရာများတွင် ကောင်းသလောက် ထိုကဲ့သို သောက်တတ်စားတတ် ပြီး အသောက်သမားများစုဝေးမိလျှင် အိမ်မပြန်ချင်သောကြောင့် မိန်းမကို လိမ်လည်တတ်သောအကျင့်မှာ ဆိုးလှပေသည်။ မိန်းမမရှူပ် လောင်းကစားမလုပ်ပါပဲ အသောက်အစားမှာ ထူးချွန်ပြောင်မြောက်လွန်းလှပေသည်။ စိတ်ထဲမကျေနပ် ဖြစ်နေသမျှကို ကြိတ်မှိတ်စောင့်ဆိုင်းကာ သူ ရေမိုးချိုး ပြီး အမူးပြေသောအခါမှ ချော့မော့ကာ မေးရသည်။ဖျောင်းဖျရသည် ။ """ကိုညိုမောင်ရယ်.. အကြည်ကိုမသနားဘူးလား..အကြည်မှာဖြင့် ကိုညိုမောင်ကိုစိတ်ပူလိုက်ရတာ အကိုက အကြည့်ကိုလိမ်ရတယ်လို့ ..""" """တောင်းပန်ပါတယ်အကြည်ရယ်...ကိုယ်နောက်တခါ မလုပ်တော့ပါဘူး..""" ''"""""ဒီလိုပြောလာတာကြာပြီအကို.. အကို့ ကိုယုံမိတာကိုက အကြည့်အမှားပါ.. အကြည့်ကို စိတ်ဆင်းရဲပြီး သေအောင် သတ်နေတာလားဟင်..."""""""" """""အဲလိုမပြောပါနဲ့အကြည်ရယ်...ကိုယ်ချစ်တဲ့မိန်းမကို ဘယ်လိုလုပ်စိတ်ဆင်းရဲတာကြည့်ရက်မှာလဲ..""" """"""ဒါဆိုဘာလို့ လိမ်ရတာလဲလို့ ..ဟင်..ပြောပါဦးကိုညိုမောင်..""""" ထိုအခါ ကိုညိုမောင်ပြန်ပြောလိုက်သော စကားကြောင့် အကြည်ခဗျာ ..ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်သာ ထိုင်ချလိုက်လေတော့သည် ။ နောက်ထပ် ဘာစကားမှ ထပ်မထွက်လာတော့..။ """အကြည်ရယ်..အကြည်က ကိုယ့်မိန်းမ...ကိုယ့်အပေါ်အမြဲသိတတ်တဲ့သူ .. အကြည့်ကို ကိုယ်လိမ်လဲ အကြည်က ကိုယ့်ကိုချစ်တော့ခွင့်လွှတ်တယ်.. နားလည်ပေးတယ်...အကြည့်ကိုမလိမ်လို့  ဘယ်သူ့ ကိုလိမ်ရမလဲပြော.. သူများကိုသွားလိမ်ရင် သိက္ခာကျမှာပေါ့.. ကိုယ့်ကို အထင်သေးကြမှာပေါ့....ပြောကြမှာပေါ့..အကြည်ရဲ့ ..""" ဟူသတည်းးး။ တိုစကားကို ပြန်တွေးမိသောအခါတိုင်း အကြည်မှာ မျက်နှာလေးအိုစာလျှက် စိတ်ဆိုးရခက် ..ငိုရခက် ..ရီရခက်ခက်နှင့် ..။ အတွေးပေါင်းစုံနှင့် ချာလည်လည် နေမိလေတော့သည် ။ (မည်သူ့ ကိုမှ မရည်ရွယ်ပါ ..၀တ္ထုတစ်ပုဒ်အဖြစ် စိတ်ကူးသက်သက်များသာ ဖန်တီးထားခြင်း ဖြစ်ပါသည် ) :D :D :D .......................................................................................................... ပြီးပါပြီ 

ချစ်ခင်လေးစားစွာဖြင့် 
**ယွန်း **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)