- ဥစ္စာစောင့် ကုလားမ-
ကျမ အဒေါ်အိမ်မှာ ဥစ္စာစောင့် ရှိတယ်လို အဒေါ်နဲ့ အတူနေတဲ့ ဘဘရဲ့  သား အကိုဝမ်းကွဲးတွေက ပြောပြတာကို စကြားခဲ့ရတာပါ။ ဒါပေမယ့် နေနေကြ နေရာဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူ။ အကိုတွေကတော့ တွေ့ ဘူးကြတယ်။ သူတို့  ခြောက်ခံရပုံလေးကို ပြောပြတာ ကြားဘူးတာပါ။ တိုက်က အရှေ့ အရပ်ကို မျက်နှာပြုပြီး ဆောက်ထားတာပါ။ ဥစ္စာစောင့် ရှိတယ်ဆိုတဲ့ အခန်းက တိုက်ရဲ့  ခေါင်းရင်းပိုင်း အနောက်ဘက် အခြမ်းလေးပါ။ အဲဒီ အခန်းမှာ အနောက်ဘက်နံရံကို ကုတင်ကပ်အိပ်ရင် ပိုသိသာတယ်လို့  ပြောပြပါတယ်။ ညဘက် တရေးနိုးရင် ဘေးမှာ ပျော့စိစိကြီး တဲ့ အဲဒါနဲ့  ထကြည့်တော့ ကုလားမလို မိန်းမတစ်ယောက် အိပ်နေလို့  တွန်းချရတယ်လို့  ဆိုပါတယ်။ အံမယ် ဒီကုလာမက ထကြည့်ရင် ဟီး ဟီး နဲ့  ရယ်နေသေးသတဲ့။ ဒါပေမယ့် ယောင်္ကျားလေး တစ်ယောက်ထဲ အိပ်မှ ဒီလိုဖြစ်တာပါ။ ကျမ အကို ဝမ်းကွဲးတွေက သတ္တိတော့ အတော် ကောင်းကြတယ်။ တော်ရုံတော့ မကြောက်ရေးချ မကြောက်တဲ့ အထဲကသူတွေကြည့်ဘဲ။ အကိုဝမ်းကွဲးက ညီအကို ၃-ယောက် ရှိပေမယ့် တကယ်တွေ့ တာက အကို အကြီးဆုံးနဲ့  အငယ်ဆုံးပါ။ အဲလိုဖြစ်ရင် ကုတင်ကို နေရာရွေ့ ၊ ဦးခေါင်းရင်းကို အရှေ့ ဘက် ရွေးလိုက်မှ နှောက်ယှက်တာ သက်သာပါသတဲ့။ ထူးတာက ကုလာမ သူရဲက ယောက်ကျားတွေဆိုရင် ကုတင်ပေါ် လာလာ အိပ်တတ်ပေမယ့် မိန်ခလေးတွေ ဆိုရင်တော့ ကုတင်ပေါ်က တွန်းချတာ၊ အိပ်မရအောင် လုပ်တာမျိုးပဲ လုပ်တတ်တာပါ။ အဟီး ဧကန္တတော့ ဧကန္တပါပဲ။ ဒါပေမယ့် ကျမတို့  တွေကပဲ အဲဒီအခန်း သိပ်မအိပ်ဖြစ်လို့ လား မသိဘူး တခါမှတော့ အဲလောက်ထိအောင် မတွေ့ ဘူးခဲ့ဘူး။ နေ့ လည် နေ့ ခင်းဆိုလည်း အကြောက်အလန့် မရှိ အဲဒီအခန်းထဲ ဝင်ထွက်၊ သွားနေတာပါပဲ။ ဒါပေမယ့် ကျမလည်း တခါဆို တခါပါပဲ သိသလိုလိုတော့ ဖြစ်လိုက်ဘူးတယ်။ အရိတ်လဲ ပြတာမဟုပ်ဘူး။ လာထိတာလည်း မဟုပ်ဘူး။ သူက ငယ်တဲ့ ကလေးတွေ ဆိုလည်း ခြောက်လှန့်ခြင်း မရှိဘူး ထင်တယ်။ ကျမ ငယ်ငယ်ကတည်းက ဒီအခန်းမှာ နေ့ လည်နေ့ ခင်း ရံဖန်ရံခါ အိပ်နေဘူးပါတယ်။ တခါမှ ခုလို တော့ မဖြစ်ဘူး၊ မတွေ့ ဘူးပါဘူ။ ဒါပေမယ့် အဲဒီနေ့ က ဒေါ်ဒေါ်အိမ်မှာ အတူနေ၊ အတူစား စိုးစိုးနဲ့ ကျမ တူတူ ဒီအခန်းထဲမှာ နေ့ လည်းဘက် အိပ်နေကြတာပါ။ နောက်တော့ စိုးစိုးက တရေးနိုးတော့ အရင်ထသွားပါတယ်။ အဲဒီအချိန်မှာ ကျမတယောက်ထဲ အဲဒီ အခန်းမှာ အိပ်ပြီးကျန်နေခဲ့ပါတယ်။ တော်တော်ကြာတော့ မှ လူက ဆတ်ကနည်း ဖြစ်သွားပြီး နိုးသွားပါတယ်။ လူလည်း ကျက်သိမ်းထသွားတယ်။ အဲဒါနဲ့  ကမန်းကတန်းထပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီအခန်းထဲမှာပဲ ဖြစ်တာပါ။ ကျန်တဲ့ ဘယ်နေရာမှ အဲလို မဖြစ်ပါဘူး။ သူကလည်း ဒီအိမ်သားတွေနဲ့  ရင်နှီးနေလို့ လားတော့ မသိပါဘူး။ ကျမလည်း အပြင်ရောက်တော့ မှ စိုးစိုးကို ပြောပြပါတယ်။ သူတို့ က ခဏ၊ ခဏ လှန့် နိုးတာတို့ ၊ တွန်းချခံရတာတို့  ဖြစ်နေကြပါ။ သူကတော့ ရီနေပါတယ်။ ကျမကတော့ လှန့် နိုးသွာတာတောင် ဒီတခါပဲ ကြုံခဲ့ဘူးတာပါ။ သူလည်း ဒီတခါပဲ ကျမကို ခြောက်ခွင့် ရပုံပေါ်တယ် ထင်ပါ့ရှင်။ တိုက်ရဲ့  အောက်မြေနေရာမှာ သူမြုပ်ထားဘူးတဲ့ ပစ္စည်းတွေ ရှိခဲ့ဘူးလို့ ထင်ပါရဲ့ ။ သူ့ မှာ ကျွတ်လွတ်ခြင်းလည်း မရှိနိုင်ဘူးဖြစ်နေ ထင်ပါတယ်။ ကျမ ဒေါ်ဒေါ် ဗေဒင်မေးတော့ ပစ္စည်းတွေ တူးပြီး အလှူလုပ်လို့  သူ့ ကို အမျှဝေစေခြင်ပုံရတယ် လို့  ပြောပါတယ်။ ဆောက်ထားတဲ့ တိုက်ကို ဘယ်သူက အလုပ်ရူတ်ခံ ဖျက်ပြီး မသေခြာတဲ့ အရာကို တူးဖော်ကြည့်မလဲရှင်။ သူ့ ရဲ့  စွဲးလန်းစိတ်က သူ့ ကို ဒုက္ခပေးနေတော့ကာ ပစ္စည်းဥစ္စာတွေ လှူပေးသူ၊ ယူသူမရှိရင် သူဟာ ဒီဥစ္စာပုံနားကခွဲးထွက်လို့ သရဲဘဝကနေ ကျွတ်လွတ်ခွင့် မရှိဘူးဆိုတာကတော့ သူ့ အတွက် တွေးရတာတောင် မလွယ်လှပါဘူးရှင်။ ။
Posted by စော(အဝါရောင်မြေ)

No comments:
Post a Comment