**ရုပ်ရှင်မင်းသမီး ဂျင်နီဖာလိုပက်ဇ် ကတ်စ်ပါစမတ်နှင့် လက်ထပ်တော့မည်**
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးနှင့် အဆိုတော် ဂျင်နီဇာလိုပက်ဇ်တို့သည် အမေရိကန်နိုင်ငံလပ်ဗီးဂတ်စ်မြို့ သို့ ပြန်လည်ရောက်ရှိလာရာ သူမ၏ ယောင်္ကျာလေးမိတ်ဆွေ ကတ်စ်ပါစမတ်လည်း အတူလိုက်ပါ ကြောင်း မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အသက် ၄၂ နှစ်အရွယ်ရှိ ဂျင်နီဖာလိုပက်ဇ်သည် ၁၉၉၄ ခုနှစ်ကတည်းက ခင်ပွန်းဖြစ်သူ ဒေးဗစ်ခရုစ်နှင့် ကွာရှင်းခဲ့ပြီးနောက် တစ်ဦးတည်း နေထိုင်လာခဲ့ သူဖြစ်သည်။ ပြီးခဲ့သည့်နှစ်မှ စတင်ကာ ခေတ်ပေါ်တေးဂီတအကသမား အသက် ၂၅ နှစ်အရွယ် ကတ်စ် ပါစမတ်နှင့် တွဲနေခဲ့သူဖြစ်သည်။ လိုပက်ဇ်နှင့်ကတ်စ်ပါစမတ်တို့ နှစ်ဦးတွဲပြီး တေးဂီတဖျော်ဖြေ ပွဲတစ်ရပ်ပြုလုပ်ရန်လည်းစီစဉ်လျက်ရှိသည်။ အဆိုတော်တစ်ဦးလည်းဖြစ်သော ဂျင်နီဖာလိုပက်ဇ်သည် ပြီးခဲ့သည့်နှစ်က Love အမည်ရှိ တေးအယ်လ်ဘမ် တစ်ချပ်ထုတ်လုပ်ဖြန့်ဖြူးခဲ့ရာ လူကြိုက်များခဲ့သည်။ (အင်တာနက်)
**ကမ္ဘာပေါ်တွင် ဆံပင်အရှည်ဆုံးအမျိုးသမီး**
(ပေကျင်း၊ မေ ၃၁)
တရုတ်နိုင်ငံသူ စီကျူပင်းအမည်ရှိ ကမ္ဘာပေါ်တွင် ဆံပင်အရှညဆုံးအမျိုးသမီးတစ်ဦးအဖြစ် ဂင်းနက်စ် မှတ်တမ်း၌ မေ ၃၁ ရက်က ဖော်ပြခံရသည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နေထိုင်သော စီကျူပင်၏ ဆံပင်အရှည်မှာ ၁၈ပေ ၅.၅၄ လက်မရှိရာ သူမ၏ ဆံပင်ကို လျှော်ရာတွင် အကူအညီအမျိုးသမီးသုံး ဦးတို့က ၀ိုင်းဝန်းဆောင်ရွက်ပေးရသူဖြစ်သည်။ တစ်ဖန် ဆံပင်ကို ဘီးဖြင့် ဖြီးရာတွင်လည်း တခြား အမျိုးသမီးနှစ်ဦးတို့က ကူညီပေးရသည်။ စီကျူပင်းသည်သူမအသက် ၁၃ နှစ်အရွယ်က စတင်ကာ ဆံပင်အရှည်ထားခဲ့ခြင်ဖြစ်ရာ ယခုအခါ အသက် ၅၀ ရှိပြီဖြစ်သည်။ ထိုကာလအတွင်း သူမ၏ ဆံပင် များကို တစ်ကြိမ်တစ်ခါမျှ ဖြတ်တောက်ခြင်းမပြုခဲ့ကြောင်း ဆံပင်အလှပြင်ဆိုင်များသို့လည်း တစ်ကြိမ် တစ်ခါမျှ မသွားခဲ့ဖူးကြောင်း စီကျူပင်းက ပြောကြားသည်။ (အင်တာနက်)
**တွမ်ခရုစ်သရုပ်ဆောင်ထားသည့် Jack Reacher ဇာတ်ကားပြသမည်**
(နယူးယောက်၊ မေ ၃၁)
ဟောလိဝုဒ်ရုပ်ရှင်မင်းသား တွမ်ခရုစ်ပါဝင်သရုပ်ဆောင်ထားသည့် Jack Reacher ဇာတ်ကားမှာ မကြာ မီရုံတင်ပြသတော့မည်ဖြစ်သည်။ ထို့အပြင် Jack Reacher ဇာတ်ကားသည် တွမ်ခရုစ်၏သရုပ်ဆောင် မှုနှင့် အံ့ဝင်ခွင်ကျဖြစ်သည့် ဇာတ်ဝင်ခန်းများကို ယခုဇာတ်ကား၌ မြင်တွေ့ရမည်ဖြစ်သည်။ jack Reacher ဇာတ်ကားသည် ကလေးငယ်များအပေါ်အခြေခံကာရိုက်ကူးထားသော ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ၀ါနာဟာဇော့ကရိုက်ကူးထားခြင်းဖြစ်သည်။ အသက် ၄၉ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသား တွမ် ခရုစ်သည်၂၀၁၁ ခုနှစ်က Mission: Impossible ဇာတ်ကား၌ အောင်မြင်မှုရရှိခဲ့ပြီး လူကြိုက်များခဲ့ရာ ၀င်ငွေစံချိန်တင်ရရှိခဲ့သည်။ (အင်တာနက်)
**ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ချယ်လ်ဆီးနှင့် ငါးနှစ်စာချုပ်မည်* (လန်ဒန်၊ မေ ၃၁)
လိုင်လီကွင်းလယ်ကစားသမား အီဒင်ဟာဇက်သည် ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် စာ ချုပ်ရန် ကြေညာလိုက်ပြီဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ဟာဇာအား ဥရောပထိပ်တန်းကလပ်များ ဖြစ်သည့် မန်ယူနှင့်မန်စီးတီးတို့က အပြိုင်ခေါ်ယူရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဘယ်လ်ဂျီယံ လက်ရွေးစင်း ဟာဇက်သည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန်သာ ရွေးချယ်ခဲ့သည်။ ကွင်း လယ်ကစားသမား ဟာဇက်သည် ချယ်လ်ဆီးက ပြောင်းရွှေ့ကြေးပေါင် ၃၂ သန်းဖြင့် ငါးနှစ်စာချုပ်မည့် သတင်းများထွက်ပေါ်လာလျက်ရှိသည်။ မိမိအနေငြဖ့် ချယ်လ်ဆီးအသင်းနှင့် စာချုပ်မည်ဖြစ်ကြောင်း ဟာဇက်က တွစ်တာဝက်ဘ်ဆိုင်တွင် ရေးသားထားသည်။ ၄င်းသည် အသက် ၁၆ နှစ်ကတည်းက လိုင် လီအသင်းတွင် ကစားခဲ့သူဖြစ်သည်။ ၄င်းသည် ၂၀၁၂ ခုနှစ်တွင် လိုင်လီအသင်းအတွက် ၁၇ဂိုး သွင်း ယူပေးခဲ့သည်။ ကွင်းလယ်ကစားသမာ ဟာဇက်သည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် လူငယ် အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး ဘောလုံးသမားဆုဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)
**(၁၅) ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော် ပြည်တွင်းပြည်ပ ရုပ်ရှင်ကား ၃၀၀ ကျော်ပါဝင် ပြသမည်** (ရှန်ဟိုင်း၊ မေ ၃၀)
အဆိုပါ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းပြည်ပမှ ရုပ်ရှင်ကားပေါင် ၃၀၀ ကျော် ပါဝင်ပြသကြမည်ဖြစ်သည်။ ၄င်းရုပ်ရှင်များကို ရှန်ဟိုင်းမြို့ရှိ ရုပ်ရှင်ရုံ ၃၃ ရုံတွင် ပြသသွားရန် စီစဉ်ထားသည်။ ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်းကားများဖြစ်သော The Artist၊ Midnight in Paris ဇာတ်ကားတို့အပြင် သရီးဒီရုပ်ရှင်ကားများ ဖြစ်သော the Lion King နှင့် Beauty and the Beast ဇာတ်ကားများလည်းပါဝင်ပြသမည်ဖြစ်သည်။ တစ်ဖန် ရုပ်ရှင်မင်းသမီးကြီး အဲလိဇဘတ်တေလာ ပါဝင်သရုပ်ဆောင်ထားသော Voyage to the Moon ဇာတ်ကားလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီက ပြောကြား သည်။ ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင် ငံ၏ အဓိက ရုပ်ရှင်ပွဲတော်ကြီးတစ်ရပ်လည်းဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment