ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 21, 2012

>
- လူထုကျန်းမာရေး (ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့အတွက် အကြံပေး ထားတဲ့
ကုသနိုင်တဲ့နည်းလမ်းများ)-

**Public Health**

အမျိုးသားတွေသာ ထိပ်ပြောင်ပြီး ဆံပင်ပါးနေ ကြတာ မဟုတ် ပါဘူး။ အမျိုးသမီး အများစု ဟာလည်း ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆံပင်ပါး တတ်ကြ တာကြောင့် မိမိ ကိုယ် မိမိ စိတ်ပျက်နေတာ၊ ယုံကြည်ချက် မရှိတာ တွေ ဖြစ်နေ တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုထိပ်ပြောင်ကြတာဟာ အမျိုး သားတွေမှာ ပိုမိုပြီးမျိုးရိုးလိုက်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆံပင်အထူးကု ဆရာဝန်နဲ့ ပြသ နေတဲ့လူနာထဲက ၉၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ပါလို့ သိရပါတယ်။ အောက်ပါတို့ဟာ ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့ဖြစ်ပြီး ကျွမ်းကျင်သူတွေ အကြံပေး ထားတဲ့ ကုသနိုင်တဲ့နည်းလမ်းတွေပါ။
<
 ( ၁) ဆံပင်ပြဿနာ - မျိုးရိုးလိုက်ခြင်း။ Androgenetic Alopecia အမျိုးသားတွေမှာ ထိပ်ပြောင်တာဟာ မျိုးရိုး လိုက်တာကြောင့်လို့ လူတိုင်းသိနေကြပါတယ်။ အမျိုး သမီးတွေမှာလည်း မျိုးရိုးလိုက်တာကြောင့် ဦးခေါင်းရဲ့ အရှေ့နေရာနဲ့ ထိပ်ပိုင်းနေရာမှာ ဆံပင်ပါးနေတတ် ကြပါတယ်။ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းမှာ အသက် ၆၀ အရွယ်ရောက်လာရင် မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတဲ့ဝေဒနာကို ခံစားရတတ်ကြပါတယ်။ မျိုးရိုးလိုက်တာကြောင့် အမျိုးသမီးတွေမှာ ဆံပင် ပါးတာဟာ ပုံမှန်အားဖြင့် သွေးဆုံးချိန်တစ်ဝိုက် ဒါမှမ ဟုတ် သားအိမ်ကို ခွဲထုတ်အပြီး ဟော်မုန်းညီညွတ် မျှတမှုမရှိတာကို တုံ့ပြန်တာကြောင့်ဖြစ်ပေါ်တတ် ပါတယ်။ လိင်ဟော်မုန်းညီညွတ်မျှတတာတွေ ပြောင်း လဲသွားတာကြောင့် အမျိုးသားလိင်ဟော်မုန်းAndrogen တွေ ပိုမိုလွှမ်းမိုးလာပြီး ဆံပင်ပါး ရတာပါလို့ ဆံပင်ပညာရှင် David Salinger က ဆိုပါတယ်။ တစ်ခါတစ်ရံမှာ မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာ ဟာ ပါးစပ်မှသောက်ရတဲ့ သန္ဓေတားဆေးတွေ၊ ဟော် မုန်းအစားထိုးကုသမှု ဒါမှမဟုတ် ကိုယ်ဝန်ဆောင် တာကြောင့် ပိုဆိုးစေနိုင်ပါတယ်။ အကောင်းဆုံးကုသနည်း မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာဟာ မီးယပ်သွေးဆုံးတာ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ထုတ် ထားတာနဲ့ ဆက်စပ်မှုရှိနေရင် ဟော်မုန်းနဲ့ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသမှုမှာ အမျိုးသမီးလိင်ဟော် မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို Anti-Androgen နဲ့ တွဲ ဖက်ပြီး အသုံးပြု တာကြောင့် Androgen တွေရဲ့ ဆံပင်အပေါ် လွှမ်းမိုးမှုကို ကာကွယ်နိုင်ပါတယ်လို့ Salinger က ဆိုပါတယ။် ဒီဟော်မုန်းကုသမှုကြောင့် ကိုယ်အလေးချိန် တိုးလာတာ၊ ပျို့တာ၊ ခေါင်းကိုက် တာနဲ့ လိင်စိတ်ကုန်ခမ်းတာ အစရှိတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ Minoxidil ငါးရာခိုင်နှုန်းပါဝင်တဲ့ ဆံပင်လိမ်း ဆေးတစ်မျိုးလိမ်းပေးတာဟာလည်း ဆံပင်ကျွတ် တာကို ကာကွယ်နိုင်ပြီး ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ ဒါပေမဲ့ Minoxidil ကို ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေ အသုံးပြုဖို့ မသင့် တော်ပါဘူး။
 (၂) ဆံပင်ပြဿနာ - မိမိခန္ဓာကိုယ်မှ ဆဲလ်တွေကို မိမိဘာသာပြန်လည်တိုက်ခိုက်ခြင်း။ (Autoimmune Disorder) Alopecia Areata ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တွေဟာ ခန္ဓာကိုယ်မှ ကျန်းမာတဲ့ဆဲလ်တွေကို မှားယွင်းပြီးတိုက်ခိုက်တာ ကြောင့် Autoimmune ပြဿနာတွေ ဖြစ်ပေါ် တတ်ပြီး ဆံပင်အရင်းမှာဖြစ်ရင် ဆံပင်ဆုံးရှုံးတတ် ပါတယ်။ လက္ခဏာတွေအနေနဲ့ စက်ဝိုင်းပုံထိပ်ကွက် နေတာ အလျင်အမြန် ဖြစ်ပေါ်တတ်ပါတယ်။ ဗိုင်း ရပ်စ်ရောဂါပိုးဝင်တာ၊ စိတ်ဖိစီးမှုအလွန်များတာနဲ့ ဦး ခေါင်းအရေပြား ထိခိုက်ဒဏ်ရာရတာကြောင့် ဒီပြဿနာ ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ အကောင်းဆုံးကုသနည်း Alopecia Areataကြောင့် ဆံပင်ပါးသူအ များစုဟာ ကုသမှုမခံယူဘဲ အလိုလိုဆံပင်ပြန်ပေါက် တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ သင်ဟာ အရေပြားပေါ်မှAutoimmune တုံ့ပြန်မှုကို လျှော့ ချဖို့ကုသချင်ရင်တော့ Steroid ပါတဲ့လိမ်းဆေး လိမ်းတာ ဒါမှမဟုတ် ဆေးဝါးသောက်သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။

 (၃) ဆံပင်ပြဿနာ - စိတ်လှုပ်ရှားမှုကြောင့် ဆံပင် ဆွဲခြင်း။
Trichotillomania Trichotillomania ဆိုတာဟာ အလုပ်တစ်ခု ကို ထပ်ကာ ထပ်ကာ ပြုမူ တတ်တဲ့ပြဿနာဖြစ်ပြီး မိမိဆံပင်ကို မိမိဆွဲတဲ့ ဒါမှမဟုတ် ကိုက်တဲ့သူတွေ မှာ ဖြစ်ပွားတတ်ပါတယ်။ ဒီရောဂါကြောင့် နာရီပိုင်း အတွင်း ကွက်ကျားကွက်ကျားဆံပင်ကျွတ်တာ ဒါမှမ ဟုတ် ရေရှည်နဲ့ ဆံပင်အများကြီး ကုန်စင်ပြီး ပြောင် သွားတာတွေ ဖြစ်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ ဒီပြဿနာဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်တတ်ပါ တယ်။ အသက်ကြီးသူအမျိုးသမီးတွေမှာ ပိုမိုတွေ့မြင် ရတတ်ပြီး သူတို့မှာ စိတ်ကျဝေဒနာ ဒါမှမဟုတ် စိတ် ပိုင်းဆိုင်ရာပြဿ နာတွေလည်း ဖြစ်ပေါ်တတ်တယ် လို့ဆိုပါတယ်။ ဆံပင်ကို တစ်ချိန်လုံးဆွဲနေတာကြောင့် ဆံပင်ကွက်ကျားပြောင်နေတတ်ပါတယ်။ များသော အားဖြင့် ဦးရေပြား၊ မျက်တောင်နဲ့ မျက်ခုံးလိုနေရာ မျိုးတွေမှာ အမွေးအမှင်ပါးနေတတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ အကောင်းဆုံးကုသနည်း စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသတာဟာ အကောင်းဆုံးနည်းလမ်းပါ။ စိတ်ပိုင်းဆိုင်ရာပြုပြင် တာနဲ့အတူ၊ စိတ်ကျဝေ ဒနာပျောက်ဆေးတွေ လိုမျိုး ဆေးဝါးတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မကြာခင်က အသုံးပြု သွားတဲ့ကုသနည်းမှာ စိတ်ကျလိုက်၊ စိတ် တက်လိုက် ဖြစ်တဲ့ဝေဒနာနဲ့ စိတ်ကစဥ့်ကလျားရောဂါ အတွက် အကျိုးရှိတဲ့N-acetyl- cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်အားဖြည့်ဆေးတစ်မျိုးကို အသုံးပြု တာကြောင့် ဆံပင်ဆွဲတဲ့အကျင့် လျော့သွားနိုင်တယ် လို့ သိရပါတယ်။ အမေရိကန်မှာ ၁၂ပတ်အကြာ စမ်းသပ်ပြီး အသုံးပြုရာမှာ ဒီအမိုင်နိုအက်ဆစ်အသုံး ပြုသူ ၅၆ ရာခိုင်နှုန်းမှာ Trichotillomania ဝေဒနာ သက်သာသွားတယ်လို့ သိရပါတယ်။ (၄) ဆံပင်ပြဿနာ - ယာယီဆံပင်ကျွတ်ခြင်း။ ယာယီဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းများစွာရှိ ပါတယ်လို့ Salinger က ဆိုပါတယ်။ ကလေးမွေး အပြီး၊ ခွဲစိတ်အပြီး၊ အဖျား ၃၉ ဒဿမ ၅ ဒီဂရီထက်ကျော် လွန်အပြီး၊ အစာလျှော့စားတာနဲ့ ကိုယ်အလေးချိန် လျော့အပြီး၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရပြည့်ဝ အောင် မစားသောက်ခြင်း၊ ဆေးဝါးအသုံးပြုခြင်း (ဥပမာ - ကင်ဆာဆေး အသုံးပြုရခြင်း၊ Steroid ဆေး၊ နှလုံးရောဂါအတွက် အသုံးပြုရတဲ့ဆေး၊ ပဋိသန္ဓေ တားဖို့သောက်ရတဲ့ဆေး၊ သွေးကျဲဆေး) အစရှိတာ တွေကြောင့် ယာယီဆံပင် ကျွတ်တတ်ပါတယ်။ div class="separator" style="clear: both; text-align: center;"> အကောင်းဆုံးကုသနည်း သင်ဟာ ကလေးမွေးပြီးတာ ဒါမှမဟုတ် ဖျား နာတာကြောင့် ဆံပင်ကျွတ်သွားရင် မစိုးရိမ်ပါနဲ့။ ဒီကျွတ်သွားတဲ့ ဆံပင်အများစုဟာ အချိန်တန်ရင် သူ့ဘာသာသူ ပြန်ပြည့်သွားတတ်ပါတယ်။ ဘာမှ ကုသစရာမလိုပါဘူးလို့ Salinger က ပြောပါတယ်။ ဆံပင်ကျွတ်တာဟာ နှစ်လမှ သုံးလအတွင်း ရပ်တန့် သွားတတ်ပြီး ခြောက်လအကြာမှာ ပုံမှန်အတိုင်း ပြန် ဖြစ်သွားတတ်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်ရဲ့ ညီ ညွတ်မှုမျှ တမှုမရှိ တာကိုSensitive အလွန်ဖြစ် တတ်တာကြောင့် ခန္ဓာကိုယ်တွင်းအနည်းငယ်ပြောင်း လဲမှုရှိခဲ့ရင်တောင် ဆံပင်ကျွတ်တတ်ပါတယ်လို့ Salinger ပြောပါတယ်။ (၅) ဆံပင်ပြဿနာ - ဗောက်ထခြင်း။ Tineacapitis ဦးရေပြားမှာ Fungus မှိုပိုးတွေကြောင့် ထိပ် ကွက်နေတာဟာ ကလေးငယ်တွေမှာ သာ တွေ့ရတာ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ဖြစ်ပေါ်တတ်ပါ တယ်လို့ Salinger က ဆိုပါတယ်။ ကူးစက်တတ်တဲ့ အရေပြား မှိုပိုးရောဂါ တစ်မျိုးဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဌာန် ဆံပင်တွေအကွက်လိုက် ကျိုးပြတ်နေတတ်ပါတယ်။ အရေပြားဟာ နီရဲနေပြီး ရောင်ရမ်းကာ ယားယံတတ် ပါတယ်။ ကြောင်၊ ခွေး၊ ငှက်နဲ့ လူမှတစ်ဆင့် မှိုပိုးတွေ ဝင်ရောက်တတ်ပါတယ်။ အကောင်းဆုံးကုသနည်း Anti-fungus ဆေးဝါးတွေကို ပါးစပ်မှ သောက် သုံးရပါမယ်။ လေးပတ်မှ ရှစ်ပတ်ကြာအောင် ကုသရ မှာဖြစ်ပြီး တချို့ လူတွေ မှာ ပျောက်ကင်းဖို့ အချိန် ပို ယူရပါတယ်လို့ Salinger က ဆိုပါတယ်။ Selenium Sulphide ၂ဒသမ၅ ရာခိုင်နှုန်းပါဝင်တဲ့ ခေါင်း လျှော်ရည်ကို အသုံးပြုရင် မှိုပိုးထုတ်လုပ်မှု လျော့သွား နိုင်ပါတယ်။

 ဒေါက်တာခင်မိုးမိုး မှ သိသမျှ မျှဝေပါတယ် ။

From-Ruby Mirror

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)