ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 12, 2012

> -လူထုကျန်းမာရေး(-အလေးထားသင့်သော ဖြစ်လေ့ရှိ လက္ခဏာရပ်များ)
**Public Health**

 ဗိုက်ပူ၊ နွမ်းလျ၊ ခါးနာစတဲ့ လက္ခဏာရပ်တွေဟာ ဖြစ်လေ့ရှိတဲ့ လက္ခဏာရပ်တွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ သိပ်ပြီး အလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလက္ခဏာရပ်တွေက ကျွန်မတို့ ထင်သလောက် အန္တရာယ်မကင်းတာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။ ဗိုက်ပူခြင်း ဘာသိသင့်သလဲ ဝမ်းဗိုက်မှာ အဆီစုတာဟာ ခန္ဓာကိုယ် တခြားနေရာမှာ အဆီစုတာထက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပိန်မဝ ခန္ဓာကိုယ်အလေးချိန် ရှိနေရင်တောင် ခါးတုတ်ဗိုက်ပူနေပါက မကောင်းတဲ့ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ လေဖြန်းခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဘာလုပ်နိုင်သလဲ သင်ရဲ့ ကိုယ်အလေးချိန်နဲ့ BMI (အရပ်နဲ့ ကိုယ်အလေးချိန်အချိုး) ကို သိသင့်ဖို့လိုသလို ခါးအချိုးအစားကို သိဖို့လည်း အရေးကြီးပါတယ်။ အမျိုးသမီး တစ်ယောက်မှာ ခါး ၈၀ စင်တီမီတာ (၃၁ လက်မခွဲ) နဲ့ အမျိုးသား တစ်ယောက်မှာ ခါး ၉၄ စင်တီမီတာ (၃၇ လက်မ) ထက် ပိုများနေပါက ခါးသေး ဗိုက်ချပ်အောင် လုပ်ဖို့ အချိန်တန်နေပါပြီ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ အရက်လျှော့သောက်ပါ။ အဆီလုံးဝ မစားပါနဲ့။ ခုတလော အလွန်ပင်ပန်းခြင်း ဘာသိသင့်သလဲ အကြောင်းပြချက် အထင်အရှားမရှိဘဲ ပင်ပန်းနွမ်းလျလွန်းနေပါက သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism) ကြောင့် ဖြစ်နေနိုင်ပါတယ်။ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေဟာ အင်အားဖြစ်စေတဲ့ သိုင်းရောဆင်း (Thyroxine) ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့အခါ ဒီဟော်မုန်းတွေ ထွက်ရှိမှု လျော့နည်းတာကြောင့် အားနည်းပြီး ပင်ပန်းရတာပဲဖြစ်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ ကိုယ်အလေးချိန်တိုးခြင်း၊ အမေ့ထူခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ အသားအရေနဲ့ ဆံပင်သား ခြောက်သွေ့ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဘာလုပ်နိုင်သလဲ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တာဟာ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်း ပါဝင်မှုများတဲ့ ပင်လယ်စာ၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အရေးကြီးတဲ့ အချက်ကတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီပြပြီး သိုင်းရွိုက်ကို ကောင်းစွာ စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အတူနေစဉ် နာကျင်ခြင်း ဘာသိသင့်သလဲ လင်မယား နှစ်ယောက်အတူ ဆက်ဆံခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ တစ်ခါတစ်ရံ နာကျင်တတ်ပါတယ်။ အထူးသဖြင့် မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးလိင်အင်္ဂါ ယောနိပိုပြီး ခြောက်သွေ့ပါးလွှာကာ ကျုံ့သွားတတ်တာကြောင့်ပါ။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အတူဆက်ဆံစဉ် နာကျင်ခြင်းဟာ သားအိမ်ရောဂါတွေနဲ့ မမျိုးဥအိမ် ရေအိတ်တည်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေဟာ အရေးကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။ ဘာလုပ်နိုင်သလဲ သားဖွားနဲ့ မီးယပ်ဆရာဝန်ကြီးတွေကို သွားပြပါ။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့တဲ့ ပြဿနာဆိုပါက ဟော်မုန်းခရင်မ်တွေ၊ ချောဆီတွေ သုံးပေးနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ လိင်အင်္ဂါကို ချဲ့ပေးနိုင်ပါတယ်။ ရာသီလာစဉ် နာကျင်တာ၊ သွေးအဆင်းများတာတို့ပါ ဖြစ်ပါက သန္ဓေတားဆေး ဒါမှမဟုတ် သားအိမ်တွင်းထည့် ပစ္စည်း (IUD) တို့ကို ထည့်ပေးနိုင်ပါတယ်။ ပရိုဂျက်စ်တိုဂျင် ဟော်မုန်းကို မပြတ်ထုတ်ပေးတာကြောင့် ဓမ္မတာရာသီကို ပုံမှန် ဖြစ်စေနိုင်ပါတယ်။
အမြဲတစေ ခါးနာခြင်း ဘာသိသင့်သလဲ ခြောက်လနဲ့အထက် တစ်ရက်မပျက် ခါးနာနေပါက သင့်ဦးနှောက်ရှိ တချို့ နေရာတွေ ကျုံ့နေနိုင်ပါတယ်။ ဦးနှောက် ပမာဏ လျော့နည်းခြင်းက ပုံမှန်သက်တမ်းရဲ့ နှစ်နှစ်ဆယ်နဲ့ ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က အဆက်မပြတ် ခါးနာခြင်းကို ရင်ဆိုင်ရပါက နာကျင်မှုကို လက်ခံတဲ့ ပုံစံတွေ ပြောင်းလဲသွားနိုင်တာကြောင့်ပါ။ နောက်ပြီး ခါးနာခြင်းဟာ စိုးရိမ်ပူပန်ခြင်းကိုလည်း ဖြစ်စေပြီး ကြွက်သား ပရိုတင်းကို ထိခိုက်စေ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ မလိုအပ်တဲ့ အဆီစုစေနိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ ဘာလုပ်နိုင်သလဲ ခါးနာတဲ့သူတွေဟာ လေ့ကျင့်ခန်း လုပ်လေ့ မရှိသူတွေဖြစ်တာကြောင့် ကျန်းမာဖျတ်လတ်နေဖို့ လိုပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ လှမ်းပေးခြင်းနဲ့ စတင်ကာ နောက်ပိုင်း လေ့ကျင့်ခန်းတိုး လုပ်ပေးပါ။ ခြောက်ပတ်နဲ့ အထက် ခါးနာမှု မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ သွားဖုံးသွေးထွက်ခြင်း ဘာသိသင့်သလဲ သွားဖုံး သွေးထွက်ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယားပိုးတွေ စုနေတာကြောင့် သွားဖုံးရောင်လာကာ သွားဖုံးရောင်ရောဂါ ဖြစ်လာခြင်းကြောင့်ပါ။ ဒါကို အလေးမထားဘဲ မနေသင့်ပါဘူး။ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါနဲ့ လေဖြန်းခြင်းတို့နဲ့ ဆက်စပ်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ ဘာလုပ်နိုင်သလဲ ခုချက်ချင်း ဆေးလိပ်ဖြတ်ပါ။ သွားဖုံးအရောင် လျော့သွားပါလိမ့်မယ်။ သွားနဲ့ ခံတွင်းသန့်ရှင်းဖို့ အရေးကြီးသလို သွားကျောက်တည်ခြင်း၊ ကြေးတင်ခြင်း မဖြစ်အောင် သွားဆရာဝန်ထံ သွားသန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ သွားဆရာဝန်ထံ ပုံမှန်ပြသ အစစ်ဆေးခံပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုရောဂါသည်တွေဟာ သွားဖုံးရောဂါ အဖြစ်များလို့ အစစ်ဆေးခံသင့်ပါတယ်။ အိပ်နေစဉ်ဟောက်ခြင်း ဘာသိသင့်သလဲ အိပ်နေစဉ် ဟောက်ခြင်းဟာ Sleep Apnoea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း) ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါဟာ လည်ချောင်း အနောက်ဘက်ရှိ တစ်သျှူးပျော့လေးတွေ လျော့ရဲပြီး အသက်ရှူလမ်းကြောင်း အပေါ်ဘက်ကို ပိတ်ဆို့တာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ တစ်နာရီမှာ အကြိမ် ၁၀၀ လောက် ပိတ်ဆို့တတ်ပါတယ်။ အသက်ရှူမဝခြင်းကြောင့် အောက်ဆီဂျင် လျော့နည်းခြင်း၊ အိပ်ရေး ကောင်းစွာမဝခြင်းတို့ဟာ သွေးတိုးခြင်း၊ လေဖြန်းခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ နေ့ဘက် အိပ်ငိုက်ခြင်းနဲ့ ယာဉ်တိုက်မှု ဖြစ်ခြင်းတို့တောင် ဖြစ်နိုင်ပါတယ်။
ဘာလုပ်နိုင်သလဲ ဆရာဝန်နဲ့ ပြသပြီး Sleep Apnoea ရှိမရှိ အစစ်ဆေးခံပါ။ ကိုယ်အလေးချိန် လျှော့ခြင်းက အိပ်နေစဉ် ဟောက်ခြင်းနဲ့ Apnoea တို့ကို လျှော့ချနိုင်သလို ဘေးတစောင်း အိပ်ခြင်းကလည်း လျှော့ချနိုင်ပါတယ်။ အရက်နဲ့ အိပ်ဆေးရှောင်ပါ။ နှစ်မျိုးစလုံးက ကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် ပြဿနာပိုဆိုးနိုင်ပါတယ်။ နံရိုးအောက် နာကျင်ခြင်း ဘာသိသင့်သလဲ ရင်ဘတ်အောက် အထူးသဖြင့် ညာဘက်ခြမ်းမှာ အောင့်ပါက သည်းခြေကျောက်ကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မှ ၆၀ ကြားအရွယ်မှာ ဖြစ်တတ်ကာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကို ပိတ်စေနိုင်ကာ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သည်းခြေကျောက်ဆိုတာဟာ တကယ်တော့ ကိုလက်စထရောတွေ မာကျောကာ ခဲသွားခြင်း ဖြစ်ပြီး လေးစင်တီမီတာ အရွယ်လောက်ထိ ကြီးနေနိုင်ပါတယ်။ ဘာလုပ်နိုင်သလဲ မျိုးရိုးလိုက်ခြင်းကြောင့် အများဆုံး ဖြစ်နိုင်ကာ မျိုးရိုးမှာ ဒီရောဂါရှိပါက ကာကွယ်နိုင်တဲ့နည်းလမ်း သိပ်မရှိပါ။ ဆရာဝန်နဲ့ ပြသကာ Ultrasound ရိုက်ကြည့်ပါ။ ရင်ပြည့်ခြင်း၊ ပျို့ခြင်း၊ အစာမကြေခြင်းတို့ပါတွဲပြီး ဖြစ်နေရင်ပေါ့။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဝိတ်လျှော့ပါ။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်သာလျှော့ပါ။ ရုတ်တရက် စိတ်ပျော့သွားပါက အသည်းကနေ ကိုလက်စထရောတွေ အထွက်များပြီး သည်းခြေကျောက် ဖြစ်စေနိုင်တာကြောင့်ပါ။

 **ဒေါက်တာနုမြတ်** 
Shared from http://news.yatanarpon.com.mm/news/article-51701 

**From-မေမွန်ကျော်**

-လူထုကျန်းမာရေး(-အလေးထားသင့်သော ဖြစ်လေ့ရှိ လက္ခဏာရပ်များ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)