-လူထုကျန်းမာရေး(အစာစားပြီးတိုင်း ချက်ချင်းသွားမတိုက်သင့်)-
**Public Health**
နေ့စဉ် လူအများအပြားသည် တစ်နေ့တာအတွက် လိုအပ်သည့်အကြိမ်အရေအတွက်ထက်ပို၍ သွားကို တိုက်လေ့ရှိကြရာ အထူးသဖြင့် ချိုအီသောအစားအစာများကို စားပြီးချိန်တွင် သွားတိုက်လေ့ရှိကြသည်။သို့သော် သွားကိုလိုအပ်သည်ထက်ပို၍ တိုက်ခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုးပို ဖစ်စေသည်ဟု သွားဆရာဝန်များက သတိပေးထားသည်။အစာစားပြီးနောက် (သို့မဟုတ်) ကော်ဖီသောက်ပြီးနောက် နာရီဝက်အချိန်အတွင်း သွားတိုက်ပါက သွားကိုထိခိုက်ပျက်စီးစေနိုင် သည်ဟု ဆိုသည်။ဆော်ဒါ(သို့မဟုတ်)အချိုရည်သောက်သုံးသည့်အခါ အက်စစ်ဓာတ်သည် သွား၏အပေါ်ယံကြွေသားအလွှာနှင့် အတွင်းသားတို့ကိုတိုက်စားသည်။ အချိန်မတိုင်သေးမီ (သို့မဟုတ်)အစာစားပြီးနောက် မိနစ် ၂ဝအတွင်း သွားတိုက်ပါက သွားအပေါ်ယံကြွေသား အလွှာနှင့် အတွင်းသားထဲသို့ အက်စစ်ဓာတ်ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်ပြီး သွားကိုပိုမိုလျင်မြန်စွာပျက်စီး စေသည်ဟု ဆိုသည်။
သွားတိုက်ခြင်းဖြင့် အက်စစ်ဓာတ်ကို သွားအပေါ်ယံကြွေသားအလွှာနှင့် အတွင်းသားထဲသို့ ပိုမိုနက်ရှိုင်းစွာအမှန်တကယ် ဝင်ရောက်စေနိုင်သည်ဟု အမေရိကန်သွား ဘက်ဆိုင်ရာအသင်းဥက္ကဋ္ဌဒေါက်တာဟောင်းဝါ့ဒ်အာရ်ဂမ်ဘဲလ်က ပြောကြားသည်။ အချိုရည်သောက် သုံးပြီးနောက်မိနစ် ၂ဝ အတွင်း သွားတိုက်ပါကသွားကို သိသိသာသာ ပျက်စီးစေနိုင်သော်လည်း ဟင်းခတ်အမွှေးအကြိုင်ကဲ့သို့သောအစာ စားသုံးပြီးနောက်မိနစ် ၃ဝ စောင့်ဆိုင်းပြီး သွားတိုက်ပါက ဆိုးကျိုးဖြစ်ပေါ်မှုများကိုရှောင်ရှားနိုင်သည်ဟု ဆိုသည်။သွားအတွင်းသား မျက်နှာပြင်မ ကာကွယ်ရေးအတွက် အစားအတစ်ခုခုစားပြီးနောက် သွားတိုကအနည်းဆုံး နာရီဝက်မှ တစ်နာရ စောင့်ခိုင်းဖို့လိုသည်ဟု သုတေသေလေ့လာချက်တွင် ဖော်ပြသည်။ (အင်တာနက်)

No comments:
Post a Comment