(ထိုင်း အ လုပ်သမားဝန် ကြီးဌာန၊ မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး ဦးစီးအရာရှိ မဲ့တာကိုယ်တိုင် အဖွင့်အမှာစကားပြော)
-
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့ ကမ်ပီဘန်းရပ်ကွက် အမှတ်၁နယ်မြေ SPT သိုးမွှေး စက်ရုံ (မြန်မာတို့အခေါ်-ပေါင်မုန့်ရုံ) အနီး အလုပ်သမားတန်းလျားမှာ ဒီကနေ့ဟောပြောပွဲတခု ပြုလုပ် ကြတာဖြစ်ပါတယ်။ ထိုင်းအလုပ်သမားကာကွယ်ရေးဥပဒေ (ဘီအီး ၂၅၄၁/၁၉၉၈) အပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကို ထိုင်း အ လုပ်သမားဝန်ကြီးဌာန၊ မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံးက ကြီးမှူးပြီး မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ပူးပေါင်းပါဝင်ပြီးတော့ ဟောပြောကြ တာဖြစ်ပါတယ်။
ဟောပြောပွဲကို စက်ရုံအလုပ်ရုံအလုပ်သမားတွေ၊ ပြင်ပ ကျပန်းအလုပ်သမားတွေအပါ အ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ထိုင်း အ လုပ်သမားဝန် ကြီးဌာန၊ မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး ဦးစီးအရာရှိ မဲ့တာကိုယ်တိုင် အဖွင့်အမှာစကားပြောခဲ့တာဖြစ်ပြီးတော့ကျန်တဲ့ ပညာပေးဟောပြောမှုကိုတော့ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က တာဝန်ယူခဲ့တာဖြစ်ပါတယ်။
သတင်း - သောင်ရင်းနဂါး
-မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးမှ မြန်မာအလုပ်သမားများအား
ကွင်း ဆင်းပညာပေးဟောပြော-

No comments:
Post a Comment