ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 3, 2012

>
-အပြုံး-

အပြုံး-ဆိုတာ ရန်သူကိုတောင် အောင်နိုင်စေတဲ့ လက်နက်ကောင်းတခုပါ။ ဒါပေမယ့် စိတ်မထားတတ်ဘဲနဲ့တော့ ဟန်လုပ်ပြီး မပြုံးဖို့တော့ လိုပါတယ်။ စိတ်ထဲမှာကိုက ကြည်လင်ရှင်းသန့်နေရမယ်။ မြင်မြင်သမျှ ထိစပ်ဆက်နွယ်နေတဲ့သူမှန်သမျှကိုလည်း အကောင်းမြင်စိတ်ထားရမယ်။ မိမိကြည့်မရတဲ့သူ ဖြစ်နေရင်တောင်မှ မေတ္တာစိတ်ကလေး ဝင်နိုင်အောင် ကြိုးစားပြီး စိတ်မွေးရတယ်။ ဒီလိုစိတ်ထဲမှာ ပြတ်သားကြည်လင်စွာ ရှိပြီးမှ ပြုံးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အပြုံးဆိုတာ လူနှစ်ဦးအကြား အရိုးသား အပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှုလို့ ဆိုကြပါတယ်။ မှန်ပါတယ်။ အပြုံးမှာ မေတ္တာဓာတ်တွေ၊ ချစ်ခင်လေးစားမှုတွေ၊ ရင်းနှီးပွင့်လင်းမှုတွေ ခိုအောင်းကပ်ငြိနေပါတယ်။ မျက်နှာကလေး အစဉ်ပြုံးရွှင်နေတဲ့သူက လူချစ် လူခင်ပေါရုံသာမကပါဘူး ကူညီစောင်မ,ချင်တဲ့သူတွေလည်း အလိုလိုရှိနေတတ်ပါတယ်။ ဒါ အပြုံးရဲ့စွမ်းအား တန်ခိုးသတ္တိတွေပါ။ ကလေးတို့ ပတ်ဝန်းကျင်မှာပဲ ကြည့်တော့၊ စကားကို ချိုချိုသာသာပြောပြီး မျက်နှာကလေး ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့သူ၊ ဒေါသဖြစ်စရာ ကြုံလာရင်တောင်မှ စိတ်ကို မလွတ်စေဘဲ အပြုံးကလေးနဲ့ စဉ်းစားဖြေရှင်းတဲ့ သူတွေဟာ အလိုလိုနေရင်း လူချစ်လူခင်ပေါနေမှာပါ။ အဲဒီလို လူမျိုးကို ဆရာ-ဆရာမ တွေကလည်း ချစ်ကြ၊ မိဘဆွေမျိုး သူငယ်ချင်း အသိုင်းအဝိုင်းကလည်း ချစ်ကြနဲ့၊ ဘယ်လောက်ကျေနပ်ဖို့ကောင်းလဲ၊ ဒီလိုပတ်ဝန်းကျင်က မိမိကို လေးစားချစ်ခင်နေမှတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာမယ်။ စာကိုလည်း သည့်ထက်သည် ကြိုးစားချင်စိတ်တွေ ပေါ်လာမယ်။ မိဘဆရာသမားတွေရဲ့ ကျေးဇူးဂုဏ်တွေကိုလည်း မမေ့မလျော့ဘဲ သားကောင်း သမီးကောင်း တပည့်ကောင်းတွေဖြစ်အောင် ကြိုးစားချင်စိတ်တွေ ရှိလာမယ်။ ရလဒ်က အများကြီးပါ။
သူငယ်ချင်း အချင်းချင်းလည်း တယောက်နဲ့တယောက် ငြူစူစောင်းမြောင်းရန် ဖြစ်ဖို့အကြောင်းလည်း မရှိနိုင်တော့ဘူးပေါ့။ အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားနိုင်မယ်။ ဒါကြောင့် ညီ-ညီမငယ်တို့ကလည်း တတ်နိုင်သမျှ မကျေနပ်စိတ်တွေ၊ ဒေါသတွေ၊ ဝန်တိုမနာလိုခြင်းတွေကို လျော့နည်းအောင်လုပ်ပြီး မျက်နှာကလေးပြုံးရွှင်စွာနဲ့ လောကကြီးကို ပျော်ပျော်ဖြတ်သန်းကြမယ်ဆိုရင် ကလေးတို့မှာ လူချစ်လူချင်များလာမယ်။ ကူညီ မ,စချင်တဲ့သူတွေ တိုးလာမယ်၊ အရာရာကို ရဲဝံ့စွာဆောင်ရွက်လာနိုင်မယ်၊ မိတ်ဆွေအချင်းချင်း ရင်းနှီးချစ်ခင်မှုတွေ ပိုလာမယ်၊ နောက်ဆုံး မိမိရဲ့ ရည်မှန်းချက်ပန်းတိုင် အောင်နိုင်ဖို့အထိ အကျိုးသက်ရောက်နိုင်တာမို့ ကဲ...ညီ..ညီမလေးတို့ရေ ဒီနေ့ ဒီအချိန်ကစပြီး ဟန်ဆောင်မှုအကင်းဆုံး အပြုံး၊ အစစ်အမှန်ဆုံး အပြုံးတွေနဲ့ လောကကြီးကို ထိတွေ့ဆက်ဆံကြရအောင်လား။ -

- အားလုံးပျော်ရွင်ပါစေ

**မာမာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)