-ဘ၀အမောပြေ-
**ဒီလိုလား**
စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့စားပွဲတစ်လုံး၌ထိုင်ကာ စားသောက်လက်ရှိကြစဉ်
ရုတ်တရက် အမျိုးသားက စားပွဲအောက်သို့ဝင်သွားရာ စားပွဲထိုးက လာရောက်၍ မေးမြန်းလေသည်။ )
စားပွဲထိုး = အစ်မ…ဘယ်လိုဖြစ်တာလဲ။အမျိုးသမီး = ဘာဖြစ်လို့လဲ။
စားပွဲထိုး = ဒီမှာထိုင်နေတဲ့ အမျိုးသားဘယ်ရောက်သွားလဲ ကြည့်ပါဦး။ အမျိုးသမီး = မကြည့်နိုင်ဘူး။
စားပွဲထိုး = မဟုတ်သေးဘူး…အစ်မရဲ့ စားပွဲအောက်ကို ငုံ့ကြည့်ပါဦး။
အမျိုးသမီး = မကြည့်ဘူးဆို…အသာနေစမ်း။
စားပွဲထိုး = အစ်မက တော်တော်ကိုယ်ချင်းစာစိတ် နည်းတဲ့သူပဲ။
အမျိုးသမီး = ကိုယ့်ဘာသာကိုယ် နေစမ်းပါ။
စားပွဲထိုး = အစ်မကလည်းဗျာ…ကိုယ့်ယောက်ျားကို စားပွဲအောက်ဝင်ခိုင်းရတယ်လို့ လူမြင် မကောင်းပါဘူး …။
အမျိုးသမီး = အသာနေစမ်း… ငါ့ယောက်ျားကအခုမှဆိုင်ပေါက်ဝက၀င်လာနေတာ။
စားပွဲထိုး = “ဟိုက်”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment