ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 11, 2012

>
-ပျော်အောင်နေရင် ပျော်ပါတယ်-

ဘဝ ဘဝတွေမှာ လူတိုင်း ပျော်ရွှင်စရာတွေနဲ့ချည်းပဲ ကြုံချင်ကြမှာပါ ။ လူတိုင်းရင်မှာ အပျော်အညွှန့်လေးတွေ တလူလူနဲ့ ရှိနေပြီး လက်ရှိ ရှိရင်းစွဲဘဝကို အဲ့ဒီ ပျော်ရွှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဖြတ်သန်းရင်း ကုန်ဆုံးနေရတာပါ။ လူတိုင်းက ပျော်စရာကို လိုက်ရှာနေသလိုပဲ ဘယ်နားလေးမှာ ရှိလေမလဲ အထင်နဲ့ .. သို့မဟုတ် . ဘယ်သူတွေနဲ့ ရှိနေရင် ပျော်ရမှာပဲ .. စသဖြင့် .. အတွေးကိုစီပါ ။ တခါတခါ ပျော်သလိုလိုရှိပေမဲ့ မပျော်သလိုပဲ ..း) ။ ဟုတ်တယ် ပျော်စရာနည်းနည်းနဲ့ မပျော်ပဲနေရတာတွေပါ ။ တချို့တလေ လည်း ပျော်သလို တချို့တလေကတော့ မပျော်ပဲ နေ့တိုင်း ဖြတ်သန်းကြရတယ် ။ တချို့က အကြောင်းပြချက်ကလေးတွေနဲ့ .. “ငါတို့ ဘယ်ပျော်နိုင်မလဲ .. ဒီအလုပ်တွေပဲ နေ့တိုင်း မပြောင်းလဲပဲ စက်ရုပ်တွေလို လုပ်နေရတာ ငြီးငွေ့တာပေါ့ .. ” စသဖြင့် တင်ပြကြပါလိမ့်မယ် ။ ပျော်စရာဆိုတာဘာလဲ .. ။ ပျော်စရာက ဘာနဲ့ တိုင်းတာသလဲ ။ ဘယ်လိုပုံစံဆို ပျော်စရာလဲ ။ ကိုယ်ကိုယ်တိုင် တွေးကြည့်ပါ ရေးရေးပဲ ထင်ချင်ထင်ပါမယ် ။ သို့သော် လူတိုင်း ကိုယ့်ကိုယ်ကို ပျော်သလား ၊ မပျော်သလား ခွဲခြားနိုင်တာတော့ အမှန်ပါ ။ ပျော်ရွှင်ချိန်ဆိုတာ .. အားရ ကျေနပ်ပြီး စိတ်ထဲ နှစ်သက်နေရင် ပျော်ရွှင်ချိန်ပဲ လို့ ယူဆမိပါရဲ့ ။ ဒီတော့ ပျော်စရာဆိုတာ ဘဝတနေ့တာမှာ ကျေနပ်မှုရှိပြီး နှစ်သက်မှုဖြစ်တဲ့ အချိန်လို့လည်း ကျနော် ယူဆမိပါတယ် ။ ဒီပို့စ်ကို ဖတ်ပြီး စာဖတ်သူဘက်ကနေ “ စာရေးသူကျနော်က ပျော်ရွှင်စေမဲ့နည်းလမ်း တွေ့ထားတယ်လို့အထင်မျိုး ” ထင်နေပါလိမ့်မယ် ။ ဟုတ်ကဲ့ပါ ကျနော့်အတွေးမှာတော့ ဖြစ်နိုင်တာကို တွေ့မိပါရဲ့ ။သို့သော် လူချင်းလည်း တူချင်မှ တူသလို စိတ်ချင်းလည်း တူချင်မှ တူပါမယ် ။ ကိုယ့်အတွေးရှိနိုင်သလောက် ဆွဲယူ နားလည်စေလိုပါတယ် ။ ကျနော် ဒီနေ့ တွေးမိတာပါ ။ လူ့ဘဝမှာ ပျော်စရာကို လိုချင်ကြတယ် ။ အဲ့ဒီပျော်စရာက ဘာလဲ ။ ဘယ်လိုဆို ပျော်စရာခေါ်လဲ ။ နောက် ပျော်စရာက စိတ်မှာ သိပြီး ဖြစ်တာပဲ ။ ပြီး တစ်ယောက်ထဲလည်း ပျော်နေလို့ရလား ။ ဆိုတာတွေ စဉ်းစားမိပါတယ် ။ ပျော်ရွှင်မှုဆိုတာ ပျော်ရွှင်မှု ရစေမဲ့ အကြောင်းအရင်း အရင်းအမြစ် တစ်ခုခု ရှိမှ သာ လူ့စိတ်မှာ အမှန်တကယ် ပျော်စရာ ဖြစ်မှာပါ ။ ပျော်ရွှင်စရာ အကြောင်းအရင်းမရှိပဲနဲ့ ဖြစ်ပေါ်လာတဲ့ အပျော်ဟာ အပျော်တုကြီး ဖြစ်နေပါလိမ့်မယ် ။ ကိုယ့်စိတ်ကို ဂရုစိုက်ပြီး မကောင်းတဲ့စိတ် မဖြစ်ပေါ်အောင် သတိပြုနေခြင်းဟာ ကြာလာလေလေ ကျေနပ်မှု ရှိလာလေလေပါပဲ ။ အရင်က ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ မတူပဲ နှစ်သက်စရာ အမြင်တွေနဲ့ ဘဝကို ဖြတ်သန်းနေတာမှာ တကယ် ကျေနပ်တဲ့ ပျော်ရွှင်မှုကို ဖြစ်စေပါတယ် ။ အဲ့ဒီအသိဟာ ကိုယ်နဲ့ ရှိနေလိုက် ဝေးကွာလိုက် ။ သတိရလိုက် ပြန်ရှိနေလိုက်။ မေ့သွားလိုက် ထွက်သွားလိုက်။ ပြန်ဝင်လာလိုက်နဲ့ ဖြစ်ဖြစ်နေတာပါ ။ သတိတရ ကိုယ်နဲ့ ကိုယ့်စိတ် တူတူရှိနေတဲ့အချိန်ဟာ ပျော်ရွှင်မှု ပီတိဖြစ်နေတဲ့ အချိန်ပါပဲ ။
ဘာလုပ်ပါ ညာလုပ်ပါလို့ ကျနော် မပြောလိုပါဘုး ။ လူတိုင်း ကိုယ့်ဘဝကို ဖြတ်သန်းရာမှာ ငြီးညူမှု ဖြစ်လာရင်တော့ အဲ့ဒီနည်းလေးနဲ့ ဖြတ်သန်းစေချင်ပါတယ် ။ တချို့က စက်ရုပ်လူသားတွေလိုပါပဲကွာ ဆိုပြီး ပြောပြတာ ကြုံဖူးပါတယ် ။ ဟုတ်ပါတယ် သူတို စက်ရုပ်လို မနက်အိပ်ယာထ ၊ အလုပ်သွား ၊ အိမ်ရောက် အနားယူ ၊ အိပ်ယာထ ၊ အလုပ်ရောက်နဲ့ ရှိပါလိမ့်မယ် ။ အဲ့လိုဘဝတွေကို စက်ရုပ်မဖြစ်အောင် နေစေချင်တာပါပဲ ။ တချို့က ဆုပေးသလိုမျိုး .. “စိတ်သွားတိုင်း ကိုယ်ပါတဲ့ သူများဖြစ်ကြပါစေ ” ဆိုပြီး ပြောတတ်ကြပါတယ် ။ အဲ့စကားအတွက် ကျနော်စိတ်ကူးအနေဖြင့် မဖြစ်နိုင်ဘူးလို့ယူဆမိပါတယ် ။ ဘာလို့လဲဆို ငြိမ်ငြိမ်မနေတဲ့ စိတ်နောက် ဒီ ခန္ဓာကိုယ်ကိုသာ ပူးတွဲ ကပ်ပါအောင် လုပ်ရရင်တော့ အမောဆို့ သေဖို့ပဲ ရှိပါလိမ့်မယ် ။ ထိုဆုပေးသလိုမျိုး မဟုတ်ပဲ “ ကိုယ်သွားတိုင်း စိတ်ပါအောင် နေနိုင်တဲ့သူများဖြစ်ကြပါစေ ” ဆိုရင်ရော ..။ ဒါကိုတော့ ကျနော် သဘောကျပါတယ် ။ ခု တရားဓမ္မတွေ လုပ်နေကြတဲ့ ယောဂီတွေဟာ ကိုယ်သွားတိုင်း စိတ်ပါအောင် လုပ်နေကြတာပါပဲ ။ စိတ်နဲ့ ကိုယ်နဲ့ ကပ်ထားပြီး သတိသမာဓိ ကောင်းအောင် လုပ်ကြတာပါ ။ ဒါဟာ ကိုယ့်အတွက် အကျိုးပိုရှိမယ်လို့လဲ ယူဆမိပါတယ် ။ ဒီတော့ .. ကိုယ့်စိတ်ကို ကိုယ်ပြန်သိနေတဲ့ အကျင့်နဲ့ ဘဝမှာ ကျေနပ်ပျော်ရွှင်မှုတွေ ရလာဖို့ ပျော်အောင်နေကြည့်ကြပါလို့ မျှဝေချင်ပါတယ် ။ အနေတတ်သူများ ဖြစ်ကြပါစေ…. ။

 **ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)