ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 30, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ရုရှားဒုံးပျံကာကွယ်ရေးတပ်ဖွဲ့များအားသမ္မတ ပူတင် ချီးကျူးစကားပြောကြား** 
(ဆိုချီ ဇူလိုင် ၂၈ ) ရုရှားနျူကလီးယားလက်နက်များ၏စွမ်းဆောင်ရည်ကို အခြားသောနိုင်ငံများ အနေဖြင့် သံသယမရှိသင့်ကြောင်း ရုရှားသမ္မတပူတင်က ဇူလိုင် ၂၇ရက်တွင် သတိ ပေးလိုက်ပြီး ရုရှားနိုင်ငံ၏ ဒုံးပျံကာကွယ်ရေးတပ်ဖွဲ့များအား ချီးကျူးစကားပြော ကြားခဲ့သည်။လက်နက်ပြိုင်ပွဲတွင် မိမိတို့ပါဝင်မည်မဟုတ်ကြောင်း၊ သို့သော် ရုရှား၏ နျူကလီးယားစွမ်းရည်၊ ဒုံးပျံကာကွယ်ရေးတပ်ဖွဲ့များ၏ စွမ်းပကားနှင့် ယုံကြည် အားထားရမှုတို့ကို တစ်စုံတစ်ဦးကမျှသံသယမရှိသင့်ကြောင်း နိုင်ငံတော်ကာ ကွယ်ရေးအစီအစဉ်ဆိုင်ရာ အစည်းအဝေးတွင် သမ္မတ ပူတင်က ပြောကြား သည်။ရုရှား၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ရေးအတွက် အာမခံ ချက်ပေးနိုင်မည့်လက်နက်များမှာနျူကလီးယားလက်နက်များဖြစ်ကြောင်း၊ ယင်း လက်နက်များသည် ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာတည်ငြိမ်ရေးနှင့် အင်အား ချိန်ခွင်လျှာမျှတရေးအတွက် အဓိကနေရာတွင် ရှိနေမည်ဖြစ်ကြောင်း ¤င်းက ပြော ကြားသည်။၂ဝ၂ဝခုနှစ်ထက်နောက်မကျဘဲ ရုရှားတပ်ဖွဲ့များ၌ နောက်ဆုံးပေါ် ခေတ်မီ လက်နက်များ ၇၅မှ ၈၅ရာခိုင်နှုန်း အထိတပ်ဆင်ရန်လည်းကောင်း၊ဒုံးပျံကာကွယ် ရေးစနစ် ဖြန့်ကြက်မှုများကို ၇ဝ ရာခိုင်နှုန်းထက်မနည်းရှိစေရန်လည်းကောင်း မျှော်မှန်းသည်။၂ဝ၁ဝခုနှစ် နိုဝင်ဘာလတွင် သမ္မတဒီမီထရီမက်ဗီဒက်က လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ တစည်းတလုံးတည်းလုပ်ငန်းဆောင်ရွက်ကြရန် တိုက် တွန်းခဲ့သည်။ ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ၁ရက်တွင် ရုရှားအာကာသတပ်ဖွဲ့များ သည် ဒုံးပျံကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်လာခဲ့ပြီး အာကာသရေးရာနှင့် လေ ကြောင်းရန် ကာကွယ်ရေးအစိတ်အပိုင်း များကို တစ်ခုတည်းအဖြစ် ပေါင်းစည်း ခဲ့သည်။အာကာသတပ်ဖွဲ့သည် လေကြောင်းနှင့် ဒုံးကျည်အန္တရာယ်ကာကွယ်ရေး၊ ရုရှားစစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများလွှတ်တင်ရေးနှင့် ပလက်စတော့စ် အာကာသယာဉ် လွှတ်တင်ရေးစခန်းများအတွက် တာဝန်ယူသည်။ (အင်တာနက်)

 **နိုင်ငံတကာ လက်နက်ကုန်သွယ်မှုဆွေးနွေးပွဲသဘောတူညီမှုမရရှိဘဲ ပြီးဆုံး** 
 (ကုလသမဂ္ဂဇူလိုင်၂၈)
 နိုင်ငံတကာလက်နက်ကုန်သွယ်မှုဆိုင်ရာစာချုပ်တစ်ရပ်ကို ပထမဆုံးအကြိမ် အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ကုလသမဂ္ဂက ကျင်းပခဲ့သောဆွေးနွေးပွဲမှာ သဘော တူညီချက်မရရှိဘဲ ဇူလိုင် ၂၇ ရက်တွင် ပြီးဆုံးသွားကြောင်း အမေရိကန်သတင်းဌာန များက သတင်းထုတ်ပြန်သည်။နိုင်ငံတကာလက်နက်ကုန်သွယ်မှုဆိုင်ရာ စာချုပ်ပေါ်ထွန်းလာရေးအတွက်နှစ်ပေါင်းအတန်ကြာမျှ ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုကျင်းပခဲ့သော ရက်သတ္တလေးပတ်ကြာ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သဘောတူညီမှုမရခြင်းအတွက် မိမိစိတ်ပျက်မိကြောင်း ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းကပြောကြားသည်။သို့ရာတွင်ကမ္ဘာ့နိုင်ငံများကဆွေးနွေးညှိနှိုင်းမှုများဆက်လက်ပြုလုပ် သွားရန်သဘောတူညီခဲ့ကြကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲ၌ အဆိုပြုတင်ပြသောစာချုပ်မူကြမ်းနှင့်ပတ်သက်၍ မဲပေး ဆုံးဖြတ်ရန် အမေရိကန်နိုင်ငံက ငြင်းဆန်ခဲ့ကြောင်း သံတမန်အချို့ကပြောကြားသည်။ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ၏ သဘောထားရပ်တည်ချက်ကြောင့် သဘောတူညီမှုမရခြင်းဖြစ်ကြောင်း အမည်မဖော်သူ အနောက်တိုင်းသံတမန်တစ်ဦးက ပြောကြားသည်။ (အင်တာနက်)  

**ခိုးယူခံခဲ့ရသော ရှေးဟောင်းပစ္စည်းများကိုအမေရိကန်အာဏာပိုင်များ သိမ်းဆည်းရမိ** 
(နယူးယောက်၊ ဇူလိုင် ၂၈) အိန္ဒိယလူမျိုး အနုပညာပစ္စည်းရောင်းဝယ်သူတစ်ဦးပိုင်ဆိုင်သည့် သိုလှောင်ရုံ တစ်ရုံမှ ရှေးဟောင်းပစ္စည်းများကို အမေရိကန်အာဏာပိုင်များက သိမ်းဆည်းလိုက် ကြောင်း၊ ယင်းရှေးဟောင်းပစ္စည်းများသည် ခိုးယူခံခဲ့ရသော ပစ္စည်းများဖြစ်ကြောင်း ဇူလိုင် ၂၈ ရက် သတင်းကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ သိမ်းဆည်းရမိသော ရှေးဟောင်းပစ္စည်းများတွင် သဲကျောက်နှင့် ကြေးတို့ဖြင့် ပြုလုပ်သော ရုပ်တုများနှင့် ယဉ်ကျေးမှုလက်ရာအနုပညာပစ္စည်းများပါဝင်ကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနကထုတ်ပြန်သော သတင်း ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ အထူးစုံထောက်များသည် ခိုးယူခံခဲ့ရသော ရှေးဟောင်းပစ္စည်းများကို ဖမ်းဆီးရမိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။အဆိုပါရှေးဟောင်း ပစ္စည်းများအနက် အချို့ကို ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များ၌ခင်းကျင်းပြသခဲ့ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်) 

**အီးယူနှင့်ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားရေးအစိုးရအဖွဲ့အား တရုတ်ကုမ္ပဏီများတိုက်တွန်း** 
(ရှန်ဟိုင်း ဇူလိုင် ၂၈) နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးပစ္စည်းကိရိယာများ တင်ပို့ရောင်းချမှု ကိစ္စနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ(အီးယူ) နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ် လာခြင်း မရှိစေရေးအတွက် တရုတ်အစိုးရက ညှိနှိုင်းဆွေးနွေးပေးရန် တရုတ် ကုမ္ပဏီများက တိုက်တွန်းလိုက်ကြောင်းဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၆ရက်တွင် သတင်းထုတ်ပြန်သည်။တရုတ်နိုင်ငံရှိ ကုမ္ပဏီများသည် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးပစ္စည်းကိရိယာများကို ဥရောပဈေးကွက် သို့ ပုံအောတင်ပို့ရောင်းချနေကြောင်း၊ယင်းကုမ္ပဏီများသည် အစိုးရထံမှ ငွေ ကြေးအထောက်အပံ့များကို တရားမဝင်ရရှိနေကြောင်း ဥရောပသမဂ္ဂက စွပ်စွဲ ပြောဆိုခဲ့ပြီးနောက် အဆိုပါတိုက်တွန်းချက် ပေါ်ထွက်လာသည်။တရုတ်ကုမ္ပဏီများနှင့် ဥရောပသမဂ္ဂအကြားပေါ်ပေါက်နေသော အငြင်းပွားမှု ကို ဖြေရှင်းနိုင်ရေးအတွက် မိမိတို့၏အစိုးရအဖွဲ့က တွေ့ဆုံဆွေးနွေးဖြေရှင်းပေးပါရန်တိုက်တွန်းကြောင်း တရုတ်နိုင်ငံရှိ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးပစ္စည်းကိရိယာများ ထုတ်လုပ်သော ထိပ် တန်း ကုမ္ပဏီကြီးလေးခုက ထုတ်ပြန်သောပူးတွဲ ကြေညာချက်တစ်ရပ်တွင် ဖော်ပြ သည်။ (အင်တာနက်) 

**အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် အငြင်းပွားကျွန်းများသို့တပ်ဖွဲ့ဝင်များ ဂျပန်စေလွှတ်နိုင်ဖွယ်ရှိ ** (တိုကျို ဇူလိုင် ၂၈) အရှေ့တရုတ်ပင်လယ် ရေပြင်အတွင်းတည်ရှိပြီး ဂျပန်နိုင်ငံတွင် ဆန်ကာကူ ကျွန်းစုဟူ၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် တိုင်အိုယူကျွန်းစုဟူ၍လည်းကောင်း သိရှိထားသော ယင်းကျွန်းတန်းဆက်သည်တရုတ်နှင့် ဂျပန် နှစ်နိုင်ငံအကြား ပေါ်ပေါက်နေသည့် နယ်မြေပိုင်နက်အငြင်းပွားမှုပြဿနာ၏ အဓိက အကြောင်းရင်းဖြစ်သည်။အရှေ့တရုတ်ပင်လယ်ဒေသ နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဆာတိုရှီ မိုရီမိုတိုက ပြောကြားခဲ့သည်။သို့ရာတွင် ဆန်ကာကူ ကျွန်းတန်းဆက်ကို ကာကွယ်နိုင်ရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် စစ်အင်အားအသုံးပြုသွားမည်ဖြစ်ကြောင်း ၄င်းက အတည်ပြုခဲ့သည်။ ဆန်ကာကူ ကျွန်းတန်းဆက်အပါအဝင်ဂျပန်နိုင်ငံ၏ အချုပ်အခြာပိုင်နက်အတွင်း အကျုံးဝင်သော မြေပြင်နှင့် ရေပြင်ဒေသများ၌ အိမ်နီးချင်းနိုင်ငံများက ဥပဒေနှင့် မညီညွတ်သည့်လှုပ်ရှားမှုများ လုပ်ဆောင်လာလျှင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ အသုံးပြုခြင်းအပါအဝင်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဇူလိုင် ၂၆ရက်တွင် ပြောကြားခဲ့သည်။သဘာဝသယံဇာတများ ခိုအောင်းနေသည့် ဆန်ကာကူ ကျွန်းတန်းဆက်အနီးရေပြင်အတွင်းသို့ တရုတ်နိုင်ငံ၏ ငါးဖမ်း ရေယာဉ်များ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပြီးနောက် တရုတ်နှင့် ဂျပန်အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရသည်။ (အေအက်ဖ်ပီ) 

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)