-ထွေလီ ထွေလာ အရပ်တကာ-
**အဲဒါမှ ဂွပဲ**
တစ်နေ့မနက် ၈ နာရီခန့် 'စွဲနေပြီ'အမည်ရှိ လက်ဖက်ရည်ဆိုင်ထဲသို့ ကိုဖြူဝင်လာကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်။ ထို့ကြောင့် ဆိုင်ရှင်က မေးလိုက်သည်။
ဆိုင်ရှင် = ''ကိုဖြူ ဘယ်သူ့ကို ရှာနေတာလဲ''
ကိုဖြူ = ''ကျွန်တော့်ဘေးအိမ်မှာတည်းတဲ့ ဧည့်သည်ကို လာရှာတာပါ''
ဆိုင်ရှင် = ''သူ့ပုံပန်းသဏ္ဌာန် ပြောပြပါလား''
ကိုဖြူ = ''သူက ဂင်တိုတို၊ ပုကွကွနဲ့ မျက်စိတစ်ဖက်လပ်နေတယ်''
ဆိုင်ရှင် = ''ဘယ်ဘက်မျက်စိလား၊ ညာဘက်မျက်စိလား''
ကိုဖြူ = ''အဲဒါတော့ ကျွန်တော်လည်း သတိမထားမိဘူး''
ထိုအခါ ဆိုင်ရှင် ပြန်ပြောလိုက်သောစကားကြောင့် ကိုဖြူမှာ ခေါင်းကုတ်လိုက်မိလေတော့သည်။
ဆိုင်ရှင် = ''အဲဒါမှ ဂွပဲဗျ၊ အထောက်အထားခိုင်လုံမှ ခင်ဗျားလူကို ရှာလို့ရမှာ ပေါ့''
**သုကိုကို(ကျုံမငေး)**

No comments:
Post a Comment