ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 2, 2012

>
-လှအိုးကွဲ-

ပြောရဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်းပေါ့၊ အတင်းပြောတာတော့ မဟုတ်ရပါဗျာ။ စပ်မိစပ်ရာ ပြောတဲ့သဘောပါ။ အဲဒီကောင်မလေးနံမည်က လှအုန်းမယ်တဲ့ ကျွန်တော်တို့ရွာမှာတော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ.. ကွမ်းတောင်ကိုင်လေး ဆိုပါတော့။ ရွာက ကာလသားတွေများ သည်းသည်းကိုလှုပ်လို့။ အဲဒီထဲမှာ ကျွန်တော်လည်းပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ လှတပတ ကောင်မလေးဘဲဗျာ မကြိုက်ဘဲနေမလား ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း။ အဲဒီ လှအုန်းမယ်လေးက ဘယ်သူနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ရွာက ဗွီဒီယိုရုံမှာ ခနခန ပြတတ်တဲ့ ဟို ဗီဒီယိုသမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့။ လှအုန်းမယ်ရဲ့ ရုပ်ရည်က အဲဒီ ရုပ်ရှင်မင်းသမီးလေးနဲ့ တူသဗျ။ ကျွန်တော်တို့ရွာမှာတော့ အဲဒီ မင်းသမီးကို ကြိုက်တဲ့သူ သိပ်များတာ။ နောက်ထပ် တူတာတစ်ခုက အဲဒီမင်းသမီးလေးက သိပ်လှချင်တာ။ ပြီးတော့လည်း အဲဒီမင်းသမီးက သိပ်စွာတယ်။ ကက်ကက်လန်အောင် ပြန်ပြောတတ်တယ် လို့လည်း ကြားဖူးတယ်။ လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကိုလန့်တယ်။ ဘယ်သူကမှ အနား မကပ်ရဲဘူး.. လှအုန်းမယ်ကလည်း သူ့ကိုယ်သူ ဗီဒီယိုမင်းသမီးနဲ့တူတယ် ဆိုတာသိတော့ ဘ၀င်က မြင့်တယ်။ သူနဲ့ တူတယ် တန်တယ်ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ။ ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ။ စုပေါင်းရှင်ပြုပွဲဆိုတဲ့အတိုင်း ရွာနီးချုပ်စပ်က ရှင်လောင်းပေါင်းများစွာ စုပေါင်းပြီး ပြုကြမှာဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင်မှ နံမည်ကြီး ဖိုးချစ်ဇာတ်ကို ငှားတာ။ တစ်ရွာလုံးလဲ တက်တက်ကြွကြွ၊ ကာလသားတွေကလဲ ရှင်ပြုမဏ္ဍပ်တွေဆောက်၊ ရွာထဲက အလှူ့ရှင်တွေနဲ့ လူကြီးတွေကလဲ အလှူအတွက် လိုအပ်တာတွေ ဝယ်ကြဖို့ မြို့ကိုတက်ကြ၊ အပျိုအုပ်စုကလဲ အလှူမှာ ချက်ပြုတ်ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ၊ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မအားရပါဘူး။ အလှူအတွက် ၀ိုင်းဝန်းနေကြတာ။ ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက်ကို ပရိတ်အိုး ကိုင်ခိုင်းရတယ်။ ပရိတ်အိုးတစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စယောကို ပရိတ်အိုးလုပ်တဲ့ မြေအိုး ခပ်ရွယ်ရွယ်မှာ တစ်အိုးမှာ ပစ္စယော တစ်လုံးစီ ရေးထားတယ်။ ၂၄ပစ္စယောဆိုတော့ အိုး၂၄လုံးပေါ။ အိုးထဲမှာ ချည်လုံးတစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုးကိုင် ရှေ့ဆုံးကောင်မလေးက လှအုန်းမယ်ပေါ့ဗျာ။ သူက အချောဆုံးဆိုတော့ ရှေ့ဆုံးက ကိုင်ရတာပေါ့လေ။ လှအုန်းမယ်က လှပြီးသားပေမဲ့ သူများနဲ့ မတူအောင် လှချင်သူဖြစ်လေတော့ ဒီတစ်ခေါက် အလှူမှာ ထူးထူးခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ။ သိပ်မကြာခင်က ဗွီဒီယိုတစ်ကားမှာ အဲဒီမင်းသမီး စီးသွားတဲ့ ဖိနပ်ဆိုလား။ အလှူအတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့အဖွဲ့ကို လှအုန်းမယ်က မှာလိုက်တာလို့ ကြားမိတယ်။ ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင်လှနေတယ်လို့ ထင်မိသေး။ ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး။
ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေ မဟုတ်ဘူးဗျာ။ မြေလမ်း ကြမ်းကြမ်းပေါ်မှာ ကျောက်ခဲနဲ့ ချိုင့်တွေနဲ့။ စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေရှိနေတဲ့ ချိုင့်တွေအပြည်နဲ့လမ်းဆိုတော့ သူလမ်းလျှောက်တာက ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ။ အလှူလှည့်တာကို ဝိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေကလည်း လှအုန်းမယ်အဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့။ ဒါပေမဲ့ ဘယ်သူကမှတော့ အသံထွက်အောင် မရယ်ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ.. ဒီလိုနဲ့ ရွာလည်ပိုင်း လူစည်ကားတဲ့နေရာရောက်လာလေ လှအုန်းမယ်ရဲ့ဒေါက်ဖိနပ်က အခြေအနေ ဆိုးလေ။ ကြည့်ရတာ တစ်ခါမှ မစီးဖူးလို့ ခြေချော်နေပုံရတဲ့အပြင်၊ လမ်းကဆိုး၊ ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီထင်ပါရဲ့။ ယိုင်နဲ့နဲ့ လမ်းလျှောက်နေရပါတယ်ဆို လူတွေကလဲ သူ့ကိုကြည့်ပြီး ပြုံးစိစိဆိုတော့ လှအုန်းမယ်လည်း ရှက်ကိုးရှက်ကန်းပေါ့.. ဒီချိန်မှာဘဲ လမ်းပေါ်မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေး တစ်တုံးကို လှအုန်းမယ်ရဲ့ ခြေထောက်က တက်နင်းမိပြီးသကာလ ခေါက်ခနဲဖြစ်ပြီး လဲကျသွားပါရောဗျာ။ ချော်လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုးကလည်း မြေပြင်ပေါ်လွှတ်ကျပြီး ခွမ်းခနဲဆို နှစ်ခြမ်း ကွဲပါလေရော။ နဂိုက သူလှမ်းလျှောက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာကလူတွေနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြတဲ့သူ အားလုံးဟာ ဘယ်လိုမှ အိနြေ္ဒမဆည်နိုင်တော့ဘဲ မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြပါတော့တယ်။ လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေးက မျက်နှာလိုအားရ အပြေးသွားပြီး သွားဆွဲထူရာမှာ ရှက်လဲရှက်၊ ဒေါသတွေလည်း ထွက်နေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲနဲ့ ကောက်ထုလိုက်တာမှာ ကိုလူအေး ခေါင်းကွဲပါလေရော။ လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ စေတနာပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်။ အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူအကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေးရဲ့ အကြောင်းက မပါမပြီးပေါ့.. စေတနာကောင်းလို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် "သတိထား ကိုလူအေးလို ဖြစ်မယ်နော် " လို့ ရွာမှာ ပြောစမှတ် ပြုကြသလို အလှူမှာ လှချင်လွန်းအားကြီးလွန်းလို့ ရွာရဲ့ လမ်းနဲ့ သင့်မသင့် ထည့်မတွက်မိဘဲ ဒေါက်ဖိနပ်စီးမိတာကြောင့် ချော်လဲပြီး ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ်ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ။ လှတပတ ချောချောမောမော ရွာရဲ့ကွမ်းတောင်ကိုင်ကလေးဟာ အလှမက်ပြီး ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ အရှက်ကွဲရသလို၊ နံမည်ရင်းပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ။ လှချင်တာ တစ်ခုတည်း ကြည့်လို့မဖြစ်ဘဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ။ သိပ်လှချင်တဲ့ မိန်းခလေးတွေကို တွေ့ရင် ပြောလိုက်ပါဗျာ.. ကိုယ်နဲ့ လိုက်မလိုက်၊ ကိုယ်နေရာဒေသနဲ့ ကိုက်ညီ မကိုက်ညီ အရင်ကြည့်ပါဦးလို့။ တော်ကြာမှ ကျွန်တော်တို့ရွာက လှအုန်းမယ်လိုတော့ လှအိုးကွဲလို့ နာမည်တွင်သွားပါဦးမယ်။ 

အတင်းပြောတာ မဟုတ်ပါဘူး.. စပ်မိစပ်ရာ ပြောတဲ့သဘောပါဗျာ :P :P 

**အစိမ်းရောင်လွင်ပြင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)