-သတင်းထောက်(ဟာသလေးပါ)-
တစ်ခါတုန်းက မြစ်ကူးတံတားပေါ်တွင် အမျိုးသမီးတစ်ယောက်ရပ်နေတယ်။ သူမရဲ့ဂနာမငြိမ်တဲ့အမူအရာအရ သူမဟာမြစ်ထဲခုန်ဆင်းကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြံရွယ်နေတာထင်ရှားနေတယ်။ သူမရဲ့အနီးကို သတင်းထောက်တစ်ဦးရောက်လာတယ်။ ပြီးတော့ သတင်းထောက်က သူမရဲ့အနီးအနားမှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပြီး လက်မှာပတ်ထားတဲ့နာရီကိုခဏခဏကြည့်နေတယ်။ အဲဒီအမျိုးသမီးကိုဘာအကူအညီမှမပေးပါ။ ဘာမှလည်းဖြောင့်ဖြစကားမပြောပါ။ နောက်ဆုံးသတင်းထောက်ဟာ စိတ်မရှည်တဲ့လေသံနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြံရွယ်နေတဲ့အမျိုးသမီးကို စကားပြောလာပါတယ်။ သတင်းထောက်ပြောလိုက်တာက... " ခင်ဗျား အခု ခုန်ချရင်ခုန်ချ၊ ခုန်မချဘူးဆိုရင် ဒီနေ့ညနေထုတ်သတင်းစာမှာ ခင်ဗျားအကြောင်းပါလာမှာမဟုတ်ဘူးနော်"တဲ့။ --
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment