ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 1, 2012

>
-တိုက်ပုံအင်္ကျီ- 

အမှန်အတိုင်းပြောရရင် ကျွန်တော် တိုက်ပုံ ဝတ်ရမှာကို မနှစ်သက်ခဲ့ပါ။ မကြိုက်ဖူးလို့ ပြောရင် ပိုမှန်လိမ့်မည် ဖြစ်သည်။ မြန်မာတစ်ယောက် ဖြစ်ပါလျှက် မြန်မာဝတ်စုံ ဖြစ်တဲ့ တိုက်ပုံအင်္ကျီ ကျွန်တော်မနှစ်သက်သည်ကို ကျွန်တော်မှာ ပြောစရာဆင်ခြေ မရှိခဲ့။ စိတ်ထဲ၌ မလွတ်လပ်ဘူးလို့တော့ ကျနော်ခံစားရသည်။ ခု အရွယ်ရောက်မှ တိုက်ပုံကို မဝတ်ချင်စိတ် ဖြစ်နေခဲ့သည် မဟုတ်။ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် မဝတ်ချင်ခဲ့ပါ။ အတန်းထဲမှာ ကျွန်တော် နှစ်တိုင်းဆုရခဲ့သည်။ သို့သော်ကျွန်တော် နှစ်တိုင်း ဆုမယူခဲ့သည်မှာ အလယ်တန်းအဆင့် မှစ၍ ကျောင်းဆုပေးပွဲသို့ ကျွန်တော် မတက်ဖြစ်ခဲ့ပါ။ ကျွန်တော် မိဘများက ကျွန်တော်ကို ဆုတက်ယူစေချင်ကြသည်။ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကတော့ တိုက်ပုံးမဝတ်ရဘူး ဆိုရင် သားဆုတက်ယူမယ် လို့ကျွန်တော် ဆင်ခြေပေးခဲ့ဖူးသည်။ ၁၀တန်းအောင်တော့လည်း ကျွန်တော်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်တဲ့ ရှေ့နေအလုပ်ကို ငယ်ငယ်ကတည်းက လုပ်မယ်လို့ ပြောနေခဲ့ပင်မဲ့ တိုက်ပုံဝတ်မှ ရှေ့နေတစ်ယောက်လုပ်ခွင့်ရမှာ ဆိုတာကြောင့် ကျွန်တော် ရွေးချယ်မှုကို လက်လွတ်ခဲ့ရပြန်သည်။ အရွယ်ရောက်လာတော့လည်း သူငယ်ချင်းများရဲ့ မင်္ဂလာဆောင်ကို သွားဖို့ရန် တွန့်ဆုတ်နေခဲ့ မိပြန်ပါတယ်။ ကျွန်တော့်အကြောင်းကို သိတဲ့ သူငယ်ချင်းများကတော့ ... သူငယ်ချင်း မင်းလာဖို့ပဲ လိုတယ်။ မင်းဝတ်ချင်တာ ဝတ်ခဲ့ရတယ်။ မင်းရောက်အောင် လာခဲ့ပါ.... ဆိုမှ ကျွန်တော် သွားဖြစ်ခဲ့တယ်။ မဟုတ်ရင်တော့ ကျွန်တော် ရောက်သွားလိမ့်မယ်လို့ မထင်မိပါ။ ဘွဲ့ယူတဲ့ နှစ်မှာတော့ မေမေနဲ့ ကျွန်တော် ဒီတိုက်ပုံကြောင့် စကားများခဲ့ရဖူးသည်။ မေမေက ကျွန်တော့်ကို မြန်မာဝတ်စုံနှင့် ဘွဲ့ယူစေချင်သည်။ ကျွန်တော်ကလည်း တိုက်ပုံဝတ်မှ ဘွဲ့ယူရမယ်ဆို ကျွန်တော် ဒီဘွဲ့ကို သွားမယူတော့ဘူးလို့ မေမေကိုပြောလို့ ကျွန်တော်ကို မေမေ စိတ်ဆိုးပြီး စကားမပြောခဲ့တာ တော်တော် ကြာသွားခဲ့သည်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်များ တိုက်ပုံးကို မဝတ်ချင်တာလဲပေါ့။ ဝတ်နေကျ မဟုတ်လို့များ မဝတ်ရဲတာလား။ ဒါလည်း ဖြစ်နိုင်တယ်။ ဝတ်ဖို့ကိုလည်း အတွေးထဲမှာ တစ်ခါမှ မဖြစ်ခဲ့။ မေမေ က ကျွန်တော်ကို မေးခဲ့ဖူးတယ်။ သား .... မင်းတိုက်ပုံမဝတ်ချင်ဘူး ဆိုရင် မင်းမိန်းမယူရင် ဘယ်နှယ့်လုပ်မလဲ။ .... အနောက်တိုင်းလိုပဲ ဆောင်မှာပေါ့ မေမေရဲ့ လို့ ကျွန်တော် ပြန်ပြောခဲ့သည်။ တိုက်ပုံဝတ်ရခြင်းနှင့် ပတ်သက်ပြီး အကြောက်အကန် ငြင်းဆန်ခဲ့ဖူးသည့် ကျွန်တော်။ တိုက်ပုံဝတ်မှ လုပ်ရမဲ့အလုပ်တွေကို ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ကျွန်တော်။ မြန်မာဆန်ပြီး မြန်မာမှု့ကိုမှ နှစ်သက်မြတ်နိုးတက်တဲ့ ကျွန်တော့်ရဲ့ တစ်ဦးထဲသော ကျွန်တော်က ချစ်ရသော ကျွန်တော့်ရဲ့ ချစ်သူလေးနှင့် မတွေ့ခင် အချိန်အထိ တော့ ကျွန်တော့်ရဲ့ စိတ်ကူးများသည် ကျွန်တော်နဲ့ အတူ ရှိနေခဲ့သည်။ ကျွန်တော်ချစ်သူလေးနှင့် လက်ထပ်ဖို့ရန် တိုင်ပင်သော အခါတွင်တော့ မေမေ့ကို ကျွန်တော် စကားတစ်ခွန်း လေးလေးနက်နက် ပြောဖြစ်ခဲ့သည်။ အဲ့ဒါကတော့....... မေမေ ..... သား တိုက်ပုံ ဝတ်ကြည့်ချင်တယ် ..... မေမေ.....

 လေးစားစွာဖြင့်
 **ရီနိုမာန်**

2 comments:

Ko Ye'............... said...

အင်း လူတိုင်းမှာ မိမိကြိုက်နှစ်သက်ရာ မကြိုက်နှစ်သက်ရာလို့ ရွေးချ.်တတ်ကြတာထူးပြဿနာမရှိပါဘူး....သူငယ်ချင်းပိုစ့်ထဲမှာ နှစ်တိုင်းအတန်းထဲမှာဆုရတယ်ဆိုတော့ ညဏ်ရည်ညဏ်သွေးထက်မြက်မယ်လို့လည်းတွေးမိပါတယ်...ဒါပေမဲ့ သူငယ်ချင်းဟာ အဓိကနဲ့သာမညဆိုတာတောင်ခွဲခြားနားမလည်တတ်တဲ့ ခပ်တုံးတုံးလူတစ်ယောက်လို့ပဲနောက်ဆုံးဝေဖန်ခဲ့ပါ့မယ်...

Ko Ye'............... said...

အင်း လူတိုင်းမှာ မိမိကြိုက်နှစ်သက်ရာ မကြိုက်နှစ်သက်ရာလို့ ရွေးချ.်တတ်ကြတာထူးပြဿနာမရှိပါဘူး....သူငယ်ချင်းပိုစ့်ထဲမှာ နှစ်တိုင်းအတန်းထဲမှာဆုရတယ်ဆိုတော့ ညဏ်ရည်ညဏ်သွေးထက်မြက်မယ်လို့လည်းတွေးမိပါတယ်...ဒါပေမဲ့ သူငယ်ချင်းဟာ အဓိကနဲ့သာမညဆိုတာတောင်ခွဲခြားနားမလည်တတ်တဲ့ ခပ်တုံးတုံးလူတစ်ယောက်လို့ပဲနောက်ဆုံးဝေဖန်ခဲ့ပါ့မယ်

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)