ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 3, 2012

> - သောင်းကျန်းသူ ကိုကိုကျောက်-

သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကို ကိုကြီးကျောက်တို့ ငယ်ငယ်ကမသုံးခဲ့ကြပါဘူး၊ မဆလခေတ်ရောက်မှ ဒီအသုံးအနှုန်းကို စပြီးတွေ့ဖူးတာကလား၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကရော ဟိုရှေးကိုတုန်းကရော သူပုန်လို့ပဲ သုံးခဲ့ကြတာ၊ လွတ်လပ်ရေးရစက အလံနီအလံဖြူ ပြည်တွင်းရောင်စုံသူပုန်တွေလို့ သတင်းစာမှာ ဖတ်ရတာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကိုလဲ ဘာသူပုန်ညာသူပုန် ဒီလိုပဲရေးခဲ့ကြတာ၊ အဲဒီနောက်တော့ မဆလခေတ်မှာ သူပုန်ဆိုတာ မသုံးတော့ပဲ သောင်းကျန်းသူလို့ ရေးတာဖတ်ရတော့တာပဲ၊ ကိုကြီးကျောက်တို့ ဖွားအေကြီးတို့ခေတ်ကလဲ သူပုန်လို့ပြောကြဆိုတာပေါ့၊ ဆရာစံသူပုန်ထတုန်းကတို့ စံဖဲသူပုန်ထတုန်းကတို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင် ဒီလိုပဲပြောကြတာကိုး၊ စံဖဲဆိုတာက သာစည်နယ်သား၊ မတရားတဲ့ သူကြီးနဲ့ ပုလိပ်ကို သတ်ပစ်လိုက်ရာ တောပုန်းသူပုန်ဖြစ်သွားရရှာတဲ့ ရိုးရိုးသားသားတောကတောင်သူ၊ အဲဒီအချိန်မှာ ဗမာတွေကလဲ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေအရှိန်အဟုန်မြင့်ချိန်ဆိုတော့ သတင်းစာတွေကလဲ စံဖဲကို ရော်ဘင်ဟုဒ်လို အုပ်ချုပ်သူကိုတော်လှန်ပြီး ဆင်းရဲသားတွေကို စောင့်ရှောက်သူလိုရေးကြပြောကြ၊ နန်းတော်ရှေ့ဆရာတင်ကလဲ သာစည်ကစံဖဲ ဆိုပြီးသီချင်းရေးလို့ လောဘာတီမမြရင်ကဆိုလို့ပေါ့၊ ဒါပေမဲ့လဲ အုပ်ချုပ်ရေးပရိယာယ်ကြွယ်တဲ့ အင်္ဂလိပ်လက်မှာ စံဖဲအဖမ်းခံရတာပါပဲ။ ဒီအကြောင်းကို ကိုကြီးကျောက်တို့်ငယ်ငယ်က မင်းသားရွှေဘက တောပုန်းကြီးစံဖဲ ဆိုပြီးရုပ်ရှင်ရိုက်ထားပါသေးတယ်၊ စံဖဲလဲ မြင်းခြံထောင်မှာကြိုးပေးခံလိုက်ရတယ်၊ စံဖဲကိုထောင်နားကချောင်းဒေါင်းသုဿန်မှာ သင်္ဂြိုလ်ထားတော့ လူကြီးတွေက ကိုကြီးကျောက်တို့ကလေးတုန်းက စံဖဲဒီမှာမြှုပ်ထားတာပေါ့လို့ ပြကြတယ်၊ ခုတော့လဲ လူနေရပ်ကွက်ဖြစ်နေပြီပြီမို့ စံဖဲလဲဘယ်သူ့အိမ်ထဲပါသွားသလဲတော့ မသိတော့ပါဘူး ၊ လွတ်လပ်ရေးရပြီးစရောင်စုံသူပုန်တွေ ထကြွနေချိန်မှာပဲ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူတပ်တွေက ဗမာပြည်ထဲရောက်လာပါရောလား၊ အဲဒီအချိန်က မော်လမြိုင်ရထားကို သူပုန်တွေစီးပြီး ရထားပေါ်ပါတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူတွေကို ဖမ်းပြီးတရုတ်ဖြူကိုရောင်းစားတဲ့ သတင်းကလဲ တနိုင်ငံလုံးတုန်လှုပ်သွားခဲ့တာပေါ့၊ ကိုကြီးကျောက်တို့ လူမှန်းသိချိန်မှာတော့ ပဲခူးရိုးမက ကွန်မြူနစ်သောင်းကျန်းသူတွေက ရန်ကုန်မန္တလေးရထားကို ခနခနမိုင်းထောင်တာတွေကြုံရတာပဲ၊ ကိုကြီးကျောက်တို့ဗမာပြည်အလယ်ပိုင်းမှာတော့ အဲဒီအချိန်မှာ သောင်းကျန်းသူ သူပုန်ဆိုတာမရှိတော့ပေမဲ့ ဒါးပြတွေသောင်းကျန်းနေတာပေါ့၊ ရေစကြိုနယ်က ရှင်မတောင်ဒါးပြဂိုဏ်းက ပခုက္ကူ၊ရေစကြို ၊မြိုင်နယ်တကြောဖိန့်ဖိန့်တုန်ပေါ့၊ ဒါးပြခေါင်းဆောင်က ရှင်မတောင်ခင်မောင်တဲ့၊ သူ့ညီက မောင်ကျော်တဲ့၊ ဒါးပြတိုက်ပြန်ပေးဆွဲတဲ့ ဒဏ်ကိုဧရာဝတီမြစ်အနောက်ဖက်တကြောမှာ အင်မတန်ခံရတော့ မြစ်အရှေ့ဖက်မြင်းခြံနယ်ကို ပိုက်ဆံရှိသူတွေအကုန်ပြေးလာကြတာ ကိုကြီးကျောက်တို့ တော်တော်ကြီးတဲ့အထိတိုင်အောင်ပါပဲ၊ ကိုင်း...သူပုန် သောင်ကျန်းသူ ဒါးပြတွေ အကြောင်းပြောနေလိုက်တာ ကိုကြီးကျောက် သောင်းကျန်းသူဖြစ်နေတဲ့အကြောင်း ပြောရတော့မှာပေါ့၊ ကိုကြီးကျောက်သောင်းကျန်းနေတာက တခြားဟုတ်ရိုးလား၊ ဆေးရုံကဆင်းပြီး အိမ်မှာနားနေကထဲက အစားအသောက်သောင်းကျန်းနေတာပါပဲ၊ မနက်လင်းပြီဆိုရင် ဘုရားရှိခိုး ဆွမ်းတော်ကပ်ပြီး ပထမဆုံးစဉ်းစားတာကတော့ ဘာစားရင်ကောင်းမလဲ ဆိုတာပါပဲ၊ ကော်ဖီနဲ့ ပဲနံပြားစားမလား၊ ခိုတောင်မုန့်တီလေး အသားမပါပဲသုတ်စားမလား၊ ထမင်းပူပူလေးနဲ့ ပဲပြုတ်ဆီဆမ်းပြီး ကုလားဆိုင်ကဝယ်ထားတဲ့ ဘယာကျော်လေးနဲ့ စားမလား၊ဆီထမင်း၊ကောက်ညှင်းပေါင်း၊ဘာစားမလဲ..စဉ်းစားနေရတာ၊ အဲဒါကိုက အလုပ်တလုပ်ဖြစ်နေတာ၊ စားသောက်ပြီးပြန်တော့ ကွန်ပြူတာရှေ့ထိုင် e mail လေးစစ်ရင်း လဖက်သားလေးမြုံ့နေလိုက်၊ ရှောက်သီးဆေးပြားတို့ ဇီးပြားမရမ်းပြားတို့ မြုံ့နေလိုက်နဲ့ နေ့လည်ထမင်းစားချိန်ရောက်ပါလေရော ၊ ထမင်းစားချိန်ကြ အိမ်မှာချက်တဲ့ဟင်းတွေအပြင် စာဖတ်သူနှမ မဆွေ က ကိုကြီးကျောက်စားချင်တာတွေ ဖုန်းဆက်မေးပြီး သူနေတဲ့ ကယ်လီဖိုးနီးယားကနေ မိုင် ၃၀၀၀ လောက်ဝေးတဲ့ ကိုကြီးကျောက်ရှိရာ ဝါရှင်တန်မြို့တော်ကို ပို့ပေးတဲ့အညာစာဟင်းတွေလဲ ဘယ်တော့မှမငြင်းဘူး၊ မရမ်းသီးငပိချက်၊ မန်ကျီးသီးစိမ်းထောင်း၊နှမ်းဖတ်ချဉ်၊ ပုန်းရည်ကြီးလက်ပံခေါင်း၊ ဇီးဖြူသီးသနပ်၊ တွင်းပိုးကျော်၊....သူကမုံရွာသူဆိုတော့ သူချက်တာတွေက အညာသားကိုကြီးကျောက်ကို အစားသောင်းကျန်းခိုင်းသလိုပါပဲ၊ ထမင်းလဲစားပြီးတော့ သစ်သီးမျိုးစုံစားချိန်ပါပဲ၊ စားတဲ့အသီးတွေထဲမှာ စိမ်းစားသရက်သီးကို လျက်ဆားနဲ့ တို့စားတာတောင်ပါသေး၊ နေ့လည်တရေးတမောအိပ်ပြီးရင်တော့ မုန့်လုပ်စားချိန်ပဲ၊ မုန့်လင်မယား၊ မုန့်လုံးရေပေါ်၊ အကြော်စုံ...စိတ်ထင်ရာလျောက်လုပ်စားတာ..ဖြစ်တော့ဖြစ်သွားတာပဲ၊ ခုဆို တော်တော်တောင် လက်ရည်တက်လာပြီ၊ဟိုကဒီက ပို့ပေးတဲ့မုန့်တွေလဲအားပေးလိုက်တာပဲ၊ ဟိုတခါ မန္တလေးက ရွှေစင်ဦး ပို့လိုက်တဲ့ ပုရစ်ကြော်ဆိုရင် ရေနွေးနဲ့ တထိုင်ထဲမြည်းလိုက်တာ အိမ်ကလူတွေတောင် ကိုကြီးကျောက် ဖုတ်ဝင်နေသလားဆိုပြီး အလန့်တကြားတွေ ဖြစ်ကုန်ကြတာပဲ၊ အဲ...မုန့်ဟင်းခါး၊ခေါက်ဆွဲကြော်၊ ကြာဇံကျော်တော့ မကြိုက်လို့ တခါမှလုပ်မစားဖြစ်ပါဘူး၊ ကြာဇံကျော်ဆိုလို့ ပြောရအုန်းမယ်၊ ကိုကြီးကျောက်တို့ငယ်ငယ်က ကိုကြီးကျောက်တို့ အိမ်နားမှာ ဒေါ်ဖွားမြစ်ဆိုတဲ့ အဖွားကြီးရှိတယ်၊ သူကအပျိုကြီးလား၊မုဆိုးမလားတော့ မသိပါဘူး၊ ကိုကြီးကျောက်တို့လူမှန်းသိတော့ သူ့အိမ်မှာ သူတယောက်ထဲပဲရှိတယ်၊ ခွေးတွေ၊ ကြောင်တွေ၊ ရှဉ့်တွေတော့ ရှိတာပေါ့၊ သူ့ဘေးကပ်လျက်က သူ့မောင် ဆရာဦးဖေတင်တို့ လင်မယားအိမ်၊ ဒေါ်ဖွားမြစ်က ယောင်းမဖြစ်သူ ဒေါ်ဖွားဇုံနဲ့က လုံးဝမတည့်ဘူး၊ ထမင်းဟင်းချက်ရင် မီးရေးထင်းရေးစိတ်မချဘူးဆိုပြီ အိမ်ရှေ့ကွက်လပ်မှာ အမြဲထွက်ချက်တယ်၊ လမ်းပေါ်ကလူတွေကလဲ သူ့အိမ်ရှေ့ ဖြတ်သွားရင်း သူချက်ပြုတ်ကြော်လှော်နေတာတွေ့ရင်..." အမေမြစ်..ဘာတွေချက်နေတုန်း".. လို့ နှုတ်ဆက်ကြလို့ ကြာဇံကြော်နေရင်တော့...သူ့ယောင်းမအိမ်ဖက်ကိုလှည့်...ခါးထောက်ပြီး..." ငါတို့က ကြာဇံလဲ ကြော်သဟေ့...ဖာခံလဲ တော်သဟေ့ " ဆိုပြီးကုန်းအော်ပါရောလား၊ ကိုကြီးကျောက်တို့က ကလေးဆိုတော့ သဘောကျပြီးရီကြတာ၊ အင်း...ဘလော့တွေထဲမှာ ကြာဇံကြော်ပြ နေသူတွေ ဒေါ်ဖွားမြစ်နဲ့တွေ့ရင်.....ကြာဇံကြော်အိုးလေးမပြီး ပြေးကြမယ်ထင်တယ်၊..အဟတ်ဟတ်..၊ နေ့လည်အဆာပြေမုန့်လဲလုပ်စားပြီးရော ညစာစားချိန်ရောက်ပါရော....၊ ညစာကတော့ အိပ်ယာဝင်ခါနီးဆိုတော့ များများမစားတော့ပါဘူး ၊ ထမင်းနဲနဲနဲ့ အရည်သောက်လေးတခုခုပေါ့လေ..ဟိုနေ့ကတော့ တရုတ်ဆိုင်ကနေ အမဲအစာအိမ်ဝယ်လာပြီး ဝမ်းတွင်းသားဟင်း အရည်ကြဲကြဲလေးနဲ့ သောက်ပလိုက်တယ်၊ စိတ်လိုလက်ရရှိရင်တော့ ကိုယ့်ဖာသာ ဆူရှီးတလိပ်လောက်လိပ်ပြီး green tea နဲ့ပေါ့လေ၊ စားပြီးလို့ ကွန်ပြူတာမှာ သတင်းလေးဘာလေး ဖွင့်နားထောင်ချိန်မှာတော့ အာလူးကြော်လေးကို မက္ကစီကိုပန်ထွေဖျော် (salsa) လေးနဲ့ တို့စားချိန်ပေါ့၊... ကိုင်း.....ကိုကြီးကျောက်တို့ ဒီလောက်အစားသောင်းကျန်းနေတာကို လူသိရှင်ကြားရေးဖို့တော့ အစကစိတ်မကူးပါဘူး၊ ဟိုနေ့က DVB မှာ လွှတ်တော်အမတ်မင်း တယောက်က လွှတ်တော်ကြီးမှာ ဆိတ်သားတွေ၊ ဝက်သားတွေ သွားဖြဲနားဖြဲနဲ့ စားနေရကြောင်း ငပိရည်ကြိုးတိုးကြဲတဲပဲ စားနေရတဲ့ သောတရှင်များကို သွားရည်တများများကျအောင် ပြောသွားတာ နားထောင်လိုက်ရတော့ ကိုကြီးကျောက်ကလဲ ကိုယ်စားရတာတွေ ကြွားချင်လာတာပေါ့၊ ဒါ့ကြောင့်..ဒီလောက်အစားသောင်းကျန်းလှတဲ့ ကိုကြီးကျောက် နောက်တပတ်ရွေးကောက်မှာ အမတ်တနေရာတော့ ဝင်ပြီးအရွေးခံမလားစိတ်ကူးတာပဲ၊ ဝန်ကြီးဖြစ်ရင် ဝတ်တတ်အောင် ခုကထဲက ချိပ်ထမီတော့ အဝတ်ကျင့်ထားအုန်းမှ ..ဟုတ်တယ်မို့လားဗျာ။ 

 Posted by ရွှေရတုမှတ်တမ်း

- သောင်းကျန်းသူ ကိုကိုကျောက်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)