ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 3, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

**အိန္ဒိယမှ အသက်ငါးနှစ်အရွယ်သမီးလေး စကိတ်စီးပြီး ကားများအောက်မှ ဖြတ်သန်းစံချိန်တင်**
 (မွမ်ဘိုင်း၊ ဇူလိုင်၁ ) အိန္ဒိယနိုင်ငံ ကိုလ်ဟာပူရာမြို့မှ အသက်ငါးနှစ်အရွယ် သမီးငယ်တစ်ဦးက စကိတ်စီးပြီး ရပ်ထားသော ကားများအောက်မှ ဖြတ်သန်းပြနိုင်ခဲ့ရာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး စကိတ်စီးပြီး ကားအရေအတွက်အများဆုံးအောက်မှ ဖြတ်သန်းနိုင်ငံသူအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ ဇွန် ၂၈ ရက်က ဖော်ပြခံရသည်။

အသက်ငါးနှစ်အရွယ်ရှိ ရှရီးရာရာကတ်ဒက်ပင်ဒီအမည်ရှိ မိန်းကလေးငယ်က အရှိန်ဖြင့်စကိတ်စီးပြီး တန်းစီရပ်ထားသော မော်တော်ကား ၂၇ စီးအောက်မှနေ၍ အထိအခိုက်မရှိအောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။ (အင်တာနက်)

 **ရုရှားနိုင်ငံ၌ လူဦးရေအများဆုံး ရိုးရာကပွဲ ဒေသများပါဝင်ဆင်နွှဲ၊ ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့**

(မော်စကို၊ ဇူလိုင်၊ ၁) ရုရှားနိုင်ငံ ဆခါဒေသရှိ ယာကတ်မြို့တွင် ဒေသခံများ စုပေါင်း၌ ရိုးရာဓလေ့အကကို ဇွန် ၂၈ ရက်က စုပေါင်းကပြခဲ့ရာ ကမ္ဘာပေါ်၌ လူဦးရေအများဆုံး ရိုးရာဓလေ့အက ဆင်နွှဲသူများအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံရသည်။ ယာကတ်မြို့ရှိ ဒေသခံလူမျိုးစုများ၏ ရိုးရာဓလေ့စုပေါင်းကပြပွဲ၌ ပါဝင်ဆင်နွှဲသူ ၁၅၂၉၃ ဦးရှိရာ လူဦးရေအများဆုံး ရိုးရာဓလေ့အကပွဲအဖြစ် ဂင်းနက်စ်မှတ်တမ်းတင်သူများက သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**အက်ဖ်-၃၅ စတဲသ်ဂျက်တိုက်လေယာဉ်များ ၀ယ်ယူရန် ဂျပန်အစိုးရအဖွဲ့ အတည်ပြု**
 (တိုကျို၊ ဇူလိုင်၊ ၁) ဂျပန်နိုင်ငံသည် အက်ဖ်-၃၅ အမျိုးအစား စတဲသ်ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူရန် အမှာစာပေးပို့ ထားကြောင်း အဆိုပါ တိုက်လေယာဉ်အမျိုးအစားသစ်ကို ၀ယ်ယူရာတွင် စရိတ်စကပိုမို ကျမည်ဖြစ်သော်လည်း နည်းပညာအဆင့်မြင့်သည့် ယင်းတိုက်လေယာဉ်များ ကို ၀ယ်ယူရန် အစိုးရက အတည်ပြုပြောကြားကြောင်း ဒေသဆိုင်ရာ ဌာနများက ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ဂျပန်နိုင်ငံသည် စတဲသ်ဂျက်တိုက်လေ ယာဉ် ၄၂ စင်းအထိဝယ်ယူသွားမည်ဖြစ်သည်။ ယင်းလေယာဉ်များအနက် ပထမအသုတ်အဖြစ် လေယာဉ် လေးစင်းကို ၂ဝ၁၆ ခုနှစ်တွင် လက်ခံရရှိမည်ဖြစ်သည်။အဆိုပါ လေယာဉ်တစ်စင်းလျှင် ယန်းငွေ ၁ဝ ဒသမ ၂ဘီလီယံခန့်(ဒေါ်လာ ၁၂၈ သန်းခန့်)တန်ဖိုးရှိမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ဂျပန်အစိုးရအဖွဲ့သည် အက်ဖ်-၃၅ စတဲသ်ဂျက်တိုက် လေယာဉ်များကို ဝယ်ယူရန် ဒီဇင်ဘာလက ရွေးချယ်ခဲ့သည်။အဆိုပါလေယာဉ်ကို အမေရိကန်နှင့် အခြားနိုင်ငံရှစ်နိုင်ငံတို့ကပူးတွဲထုတ်လုပ်မည်ဖြစ်သည်။ (ဆင်ဟွာ) 

**အာသံပြည်နယ် ရေလွှမ်းမိုးမှုကြောင့် လူတစ်သန်းခန့် ရွှေ့ပြောင်းကြရ** 
(ဂူတီ၊ ဇူလိုင် ၁) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ လူ ၃ဝ ထက်မနည်း သေဆုံး၍ လူတစ်သန်းခန့်အိုးအိမ်များကို စွန့်ခွာခဲ့ရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ဇူလိုင် ၁ ရက်သတင်းတွင် ဖော်ပြသည်။မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အာရှတိုက်၏အရှည်ဆုံးမြစ်ကြောင်းများတွင် အပါအဝင်ဖြစ်သော ဗြဟ္မပုတ္တရ မြစ်ရေလျှံမှုဖြစ်ပေါ်ကာ အာသံပြည်နယ်ရှိ ကျေးရွာပေါင်း ၂ဝဝဝကျော်ကို ရေလွှမ်းမိုးခဲ့ကြောင်း သက်ဆိုင်ရာက ပြောကြားသည်။လွန်ခဲ့သောနှစ်ရက်က ရေဘေးသင့်ဒေသများသို့ အိန္ဒိယရေတပ်က ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ထောက်ပံ့ပေးခဲ့ရသည်ဟု ဆိုသည်။ရက်သတ္တ တစ်ပတ်လုံးမုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခဲ့မှုသည် ဇွန် ၃ဝ ရက်အထိ ကြာမြင့်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။( အင်တာနက်) **ဘက်သလီဟမ်မြို့ မှ နေတီဗတီဘုရားကျောင်းကိုကမ္ဘာ့အမွေအနှစ်စာရင်းအတွင်း ယူနက်စကိုအဖွဲ့ထည့်သွင်း** (စိန့်ပီတာစဘတ်၊ ဇူလိုင် ၁)

 **ပါလက်စတိုင်း၏ တောင်းဆိုချက်အရ အနောက်ဘက်ကမ်းဒေသ ဘက်သလီဟမ်မြို့မှ နေတီဗတီဘု ရားကျောင်းကိုယူနက်စကိုဆုံးဖြတ်**
 ပါလက်စတိုင်း၏ တောင်းဆိုချက်အရ အနောက်ဘက်ကမ်းဒေသ ဘက်သလီဟမ်မြို့မှ နေတီဗတီဘုရားကျောင်းကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်း ထည့်သွင်းရန် ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း အတွင်း ထည့်သွင်းရန် ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီက ဇွန် ၂၉ ရက်တွင် မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကာကွယ်စောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ နေတီဗတီဘု ရားကျောင်းကို ထည့်သွင်းပေးမည့် ယူနက်စကို၏ အတည်ပြုချက်အား ပါလက်စတိုင်းတို့က ကြိုဆိုခဲ့သည်။ သို့ရာတွင် နေတီဗတီဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်း ထည့်သွင်းမည့် ယူနက်စကို၏ဆုံးဖြတ်ချက်၌ နိုင်ငံရေးအရစေ့ဆော်မှုများရောထွေးပါဝင်နေ ကြောင်း အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြောကြားလိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။လွန်ခဲ့သောနှစ်က ယူနက်စကိုအဖွဲ့၏ အဖွဲ့ဝင်သစ်အဖြစ် အငြင်းပွားဖွယ် လက်ခံခဲ့ပြီးနောက် ပါလက်စတိုင်းဒေသ၏တင်ပြချက်တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ယူနက်စကိုကအတည်ပြုလက်ခံခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ဇွန် ၂၉ ရက်ကကျင်းပခဲ့သော ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ် များကော်မတီ ၂၁ ဦးအဖွဲ့က နေတီဗတီဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်စာရင်းအတွင်း ထည့်သွင်းရေး ပါလက်စတိုင်း၏တင်ပြချက်အား ထောက်ခံမဲ ၁၃ မဲဖြင့် အတည်ပြုခဲ့သည်။ယေရှုခရစ်တော်ဖွားမြင်သည့်နေရာပေါ်တွင် အေဒီ ၃၉၉ ခုနှစ်က တည်ဆောက်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသော နေတီဗတီဘုရားကျောင်းသည် ခရစ်ယာန်လောက၏အမြင့်မြတ်ဆုံးနေရာများ၌ အပါအဝင်ဖြစ်သည်။ (ဘီဘီစီ) 

**မဟာဗျူဟာ ဒုံးပျံပစ်လွှတ်မှုသင်္ကေတသေတ္တာဖျက်အထူးကိရိယာရုရှားမဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့သို့ ပေးအပ်** 
(မော်စကို၊ ဇူလိုင် ၁) ဒုံးပျံပစ်လွှတ်ရာတွင် အသုံးပြုသော လျှို့ဝှက်သင်္ကေတများ ထည့်သွင်းထားသည့် လုံခြုံရေးသေတ္တာကို အရေးပေါ် အခြေအနေ၌ ဖွင့်ရန်ခက်ခဲနေပါက အသုံးပြုရမည့် ''လုံခြုံရေး သေတ္တာဖျက်အထူးတူလက်နက်''အားရုရှားမဟာဗျူဟာဒုံးပျံတပ်ဖွဲ့များသို့ပေးအပ်ထားကြောင်း မဟာဗျူဟာဒုံးပျံတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြား ခဲ့သည်။ရုရှားမဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့များသည် လုံခြုံရေး သေတ္တာဖျက်တူကို ၁၉၈ဝ ခုနှစ်မှစ၍ အသုံးပြုခဲ့ကြောင်းသိရသည်။ ထိုစဉ်ကာလက ဆိုဗီယက်စစ်ဦးစီးချုပ်ရုံးမှ စစ်ဆေးရေးအရာရှိများသည် မဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီးဂျော်ဂျီနိုဗီကော့ဗ်အား ဒုံးပျံပစ်ခတ်ရန် အမိန့်ရရှိချိန်တွင် လျှို့ဝှက် သင်္ကေတ သေတ္တာဖွင့်မရပါကမည်သို့လုပ်ဆောင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်ကြီး ဂျော်ဂျီနီဗီကော့ဗ်က တူတစ်ချောင်းဖြင့် လုံခြုံရေးသေတ္တာအား ထုဖျက်ဖွင့်သွားမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။ဗိုလ်ချုပ်ကြီး၏ အဖြေကို စစ်ဆေးရေးအရာရှိများကအပြင်းအထန်ဝေဖန်ခဲ့ကြသော်လည်း စစ်ဦးစီးချုပ်ရုံး တာဝန် ရှိသူများကမူ ဗိုလ်ချုပ်ကြီးဂျော်ဂျီနီဗီကော့ဗ်သည် ပြောသည့် အတိုင်းလုပ်ဆောင်မည့်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ယင်းကာလမှစ၍ မော်စကိုဒေသရှိ မဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့ဌာနချုပ်တွင် လုံခြုံရေးသေတ္တာ ဖျက်တူကို တိုက်ပွဲသုံး ကိရိယာတန်ဆာပလာအဖြစ် ထားရှိခဲ့ကြသည်။မော်စကိုဒေသရှိ ရုရှားမဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့ဌာနချုပ်သည် ၁ဝ ကီလိုမီတာ ရှည်လျားသော မြေအောက်ဥမင်အတွင်း တည်ရှိ၍ ရုရှားတပ်ဖွဲ့ဝင် ၆ဝဝဝ ခန့်က စောင့်ရှောက်လျက်ရှိသည်။ (အာရ်အိုင်အေနိုဗိုစတီ) 

**သီရိလင်္ကာ၏ ငှက်ဖျားတိုက်ဖျက်ရေးလှုပ်ရှားမှုကို စစ်ဘက်ကပါဝင်ကူညီ** 
(ကန္ဒီ၊ ဇူလိုင် ၁) ငှက်ဖျားရောဂါ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေး အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ခြင်များပေါက်ပွားရာ နေရာများကိုဇွန် ၂၉ ရက်က ရှင်းလင်းမှုများလုပ်ဆောင်ရာတွင် သီရိလင်္ကာတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သီရိလင်္ကာလက်နက်ကိုင်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် များသည်ပြည်သူပိုင်ကျောင်းအဆောက်အအုံများ၏ ရေနုတ်မြောင်းများ ပိတ်ဆို့မှုကို ရှင်းလင်းပေးခြင်း၊ အမှိုက်ပုံများ နေရာရွှေ့ပေးခြင်း စသည်တို့အား ကူညီလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ဘက်၏အကူအညီဖြင့် စာသင်ကျောင်းများ၌ သန့်ရှင်း ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအစီအစဉ် ကို လာမည့်ရက်များတွင် နိုင်ငံတစ်ဝန်းလုံး၌ တိုးချဲ့အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သီရိလင်္ကာကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ယခုနှစ် ပထမငါးလအတွင်း သီရိလင်္ကာနိုင်ငံ၌ ငှက်ဖျားရောဂါကူးစက် ဖြစ်ပွားနေသူ ၁၅ဝဝဝ အထိရှိခဲ့ပြီး ယင်းတို့အနက် ၇၅ ဦးမျှ သေဆုံးခဲ့ရကြောင်း သိရသည်။သို့ရာတွင် ငှက်ဖျားရောဂါသည် အများအပြားကို ထည့် သွင်းစာရင်းပြုစုမှုလိုအပ်နေသေးခြင်းနှင့် အချို့ရောဂါသည်များမှာ ပုဂ္ဂလိကဆေးရုံများ၌ တက်ရောက်ကုသခဲ့ကြခြင်းတို့ကြောင့် ရောဂါဖြစ်ပွားသူအရေအတွက်မှာ တရားဝင်စာရင်း ထုတ်ပြန် ချက်ထက် ပိုများနိုင်ကြောင်း သိရသည်။ (အေအက်ဖ်ပီ) 

**သြစတြေးလျနိုင်ငံ သူ အမျိုးသမီးတစ်ဦး ကျူးဘားမှ အမေရိကန်သို့ ရေကူးဖြတ်သန်း**
 (ဟာဗားနား၊ ဇူလိုင်၊ ၁) ဗြိတိန်နိုင်ငံသူ မွေးဖွားပြီး သြတြေးလျနိုင်ငံသူ အံဖြစ်ခံထားသည့် အသက် ၄၉ နှစ်အရ်ွယ အမျိုး သမီး တစ်ဦးက ကျူးဘားနိုင်ငံမှ အမေရိနိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ မည်သည့်အထောက် အကူပြုပစ္စည်းကိုမျှမယူဘဲ ရေကူးဖြတ်သန်းကာ ရေမိုင်အဝေးဆုံးရေးကူးနိုင်သည့် ပထမဆုံး အမျိုးသမီး အဖြစ်စံချိတင်နိုင်ခဲ့ကြောင်း ဇူလိုင် ၁ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ 
 (အင်တာနက်) 
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)