-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ-
(ဇူလိုင် ၃၁ ရက်၊ ၂၀၁၂) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်တောင်ဘက် တာ့(ခ်)ခရိုင် ဖုတ်ဖရမြို့နယ်၊ နူကလီကျေးရွာ အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၅း၃၀) နာရီခန့်က မြန်မာအလုပ်သ မ တစ်ဦးနှင့် ၄င်း၏ရင်သွေးကလေးတစ်ဦးတို့ ကားလမ်းဖြတ်ကူးစဉ်၌ ကားတိုက်ခံကြရ ကြောင်း ၊အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာ ဖုတ်ဖရမြို့နယ် နူကလီကျေးရွာမှ စိုက်ပျိုးရေးအလုပ်သမားတစ်ဦးဖြစ်သူ မသီတာ(၂၉) နှစ် သည် သူမ၏ ရင်သွေး- မောင် အောင်ရဲလင်း (၂နှစ်) အား ပွေ့ချီပြီး ထိုနေ့နံနက်စောစောပိုင်းက အာရှလမ်းမကြီးမှာ ကားလမ်း ဖြတ်ကူးစဉ်တွင် ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သားဖြစ်သူ မောင်အောင်ရဲလင်း (၂) နှစ်မှာမူ မဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး ရောက်မှ အသက်ရှူအားကူစက်နှင့် နှလုံးခုန်စက် သွင်းထားရပြီး အဆိုပါ စက်များကို ဖြုတ်လိုက်ပါက အသက်ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း ကျန်ရစ်သူခင်ပွန်းသည်လည်းဖြစ်၊ အခင်းဖြစ်ပွားသည့် နေ့က အတူလိုက်ပါခဲ့သူလည်းဖြစ်သူ ခင်ပွန်းသည် ရဲမင်းသူ (၂၇)နှစ် က ပြောဆိုသည်။ -(သောင်ရင်းနဂါး)
(ဇူလိုင်လ၊ ၂၉ရက်၊ ၂၀၁၂) ထိုင်း- မြန်မာ နယ်စပ် မြ၀တီမြို့ရှိ အလုပ်သမား ပါ့စပို့စ်ရုံးတွင် နားလည်မှုစာချွန်ဟုခေါ်သော Memorandum Of Understanding (MOU) ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာရွေ့ပြောင်းအလုပ်သမား (၇၀၀) ခန့်မှာ ပွဲစားထံတွင် ငွေများအလိမ်ခံရကြောင်း သတင်းရရှိသည်။ပွဲစား ဘိုလှဝင်း(ခ)မောင်မြင့်နိုင်မှာ မြန်မာအလုပ်သမား(၇၀၀) ထံမှ ငွေများလိမ်ယူသွားသည့်အပြင် ၎င်းတို့ကိုင်ဆောင်ထားသော နိုင်ငံသားမှတ်ပုံတင်များကိုပါယူသွားသဖြင့် အဆိုပါ အလုပ်သမားများမှာ နေရပ်သို့ပြန်ရန် ခက်ခဲနေခြင်းကြောင့် မြ၀တီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များမှ နေရပ်သို့ပြန်ရန်အတွက် အလုပ်သမားတစ်ချို့အား ထောက်ခံစာများ ထုတ်ပေးနေကြောင်း သိရသည်။အလုပ်သမားများမှာ မိမိတို့အလိမ်ခံရသည့်ငွေများ ပြန်လည်ရနိုင်ရေးအတွက် မြ၀တီအခြေစိုက် KNU ငြိမ်းချမ်းရေးကောင်စီတွင် တိုင်ကြားထားသည့်အတွက် အဆိုပါပွဲစား ဘိုလှဝင်း (ခ) မောင်မြင့်နိုင်အား KNU ငြိမ်းချမ်းရေးကောင်စီမှ ၊ဇူလိုင်လ (၂၆) ရက်နေ့တွင် ဖမ်းဆီးထားပြီး ပွဲစားမောင်မြင့်နိုင်မှာ ၄င်းနေ့တွင်ပင် ထွက်ပြေး လွတ်မြောက်သွားကြောင်း စုံစမ်းသိရှိရသည်။ အလုပ်သမား (၇၀၀) ထံမှ ငွေလိမ်ယူကာ ထွက်ပြေသွားသူ ပွဲစား ဘိုလှဝင်း(ခ)မောင်မြင့်နိုင်မှာ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး မြောက်ဦးမြို့နယ်၊ မညှင်းချောင်း ကျေးရွာမှ ဦးစောရွှေ၊ ဒေါ်ယဉ်နုတို့၏သားဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်နံပါတ် ၁၁/မဥန (နိုင်) ၀၇၀၁၀၀ ကိုကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။(Arakan Times)
(ဇူလိုင် ၂၈၊ ၂၀၁၂) ထိုင်း-မြန်မာ သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား မြ၀တီမြို့ရှိ အကျိုးဆောင်(အေးဂျင့်) များမှ တာဝန်ယူပြီး ၂၅ ရက်မှ ၃၅ ရက်အတွင် အမြန်ဆုံးထွက်ခွာ အလုပ်အကိုင်ရစေပြီး အချို့ အကြောင်းအမျိုးမျိုးကြောင့် ရက် (၅၀ – ၆၀) ကြာမှ သွားရောက်ရသူများရှိကြောင်းသိရပါသည်။ယခုအခါ ထို့ကဲ့သို့ မှားယွင်းမှု့များနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အမှန်တကယ် တရားဝင်စေရန်အတွက် နေပြည်တော်ညွှန်ကြားချက်များရှိထားပြီး ဖြစ်သဖြင့် စနစ်တကျ ပြန်လည်စီစစ်နေပြီး ဆက်လက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်လိမ့်မည်ဖြစ် ကြောင်းရှင်းပြပါသည်။ ထိုကဲ့သို စနစ်တကျ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စီစစ်ဆောင်ရွက်မည်ဖြစ်သဖြင့် အလုပ်သမားလက် မှတ်ရရှိသည့်နေမှ (၃၀ မှ ၃၅) ရက်အထိ လုပ်ငန်းဆောင်ရွက်ချိန်ကြာမြင့် နိုင်ကြောင်းသိရပါသည်။ အေးဂျင့်ကုမ္ပဏီ လိုင်စင်မရှိသောသူများနှင့် အာမခံ မတင်ထားသော ကုမ္ပဏီများလည်း MOU လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် မလွယ်ကူတော့ ကြောင်းလည်း ပြောပြပါသည်။ ရက်(၃၀) ကျော်ကြာမြင့်မည်ဆိုသည့်အတွက် မြ၀တီမြို့မှ တာဝန်ခံအေးဂျင်များ မှာ ထမင်းစရိတ်များကြောင့် စိတ်သောက ရောက်လျှက်ရှိကြောင့်လည်း သိရပါသည်။ (မြ၀တီသား၊)
(ဇူလိုင်လ၊ ၂၄ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးထံ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ခွင့်ပြုလိုက်ပါတယ်။ ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တချို့နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးဦးအောင်ကြည်က တိုက်ရိုက်ဆက်သွယ်ခွင့် လမ်းဖွင့်ပေးလိုက်တာလို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။ ဒီတွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်ကြည်က သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်တွေနဲ့ ဆက်သွယ်နိုင်မယ့်အချိန်ပါ ကတ်ပြားတွေကို ဝေငှပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါလျက်နဲ့ နိုင်ငံအနှံ့ သွားလာခွင့် ပိတ်ပင်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး အဲ့ဒီလိုကိစ္စမျိုးကြုံရင် မြန်မာသံရုံးကို ချက်ချင်း ဆက်သွယ် အကြောင်းကြားဖို့ ၀န်ကြီးဦးအောင်ကြည်က မှာကြားခဲ့ကြောင်းလည်း သိရပါတယ်။(DVB)
(ဇူလိုင်လ၊ ၂၂ ရက်၊ ၂၀၁၂) မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသူ (၂) ဦးမှာ ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။ “ သူတို့နှစ်ယောက်ဟာ ၁၈ ရက်နေ့က အလုပ်တခု အတွက် အင်တာဗျူးဖို့သွားတယ်လို့ ပြောပါတယ်။ အဲဒီ နေ့ကပင် ပြန်မရောက်ပါ။ ညနေမှာ သူတို့ကို ဖုန်းဆက်တယ်။ ဖုန်းက ရိန်းပေမယ့် ကိုင်သူ မရှိဘူးလို့ ပြောပါ တယ်။ နောက် ၃ရက်လောက် အကြာ ဇူလိုင်လ ၂၁ ရက်နေ့က ကာဂျမ်းမြို့နယ် အူလာလာငန်းမှာ တရုတ် တစ်ယောက်က အလောင်းနှစ်လောင်းတွေ့တယ်ဆိုပြီး ရဲကို တိုင်ပါတယ်။ ရဲက သွားယူပြီး ၂၃ ရက်နေ့မှာ ရဲက ARRC ရုံးကို ဖုန်းဆက်တယ်။ ၂၄ ရက်နေ့မှာ ရုံးက တာဝန်ရှိသူတွေ သွားကြည့်တော့ သူတို့နှစ်ဦး ဖြစ်နေ တယ်” ဟု ရခိုင်အရေးကို ဆောင်ရွက်နေသူ ကိုမင်းအောင်နိုင်က နိရဉ္စရာသို့ ပြောသည်။ သူတို့နှစ်ဦး၏ အလောင်းအား မလေးရှားနိုင်ငံ ULU LUNGAT ANPANG TOWNSHIP မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက် နေ့က တွေ့ရှိခြင်းဖြစ်သည်။ အမည်မသိ လူအုပ်စု တစ်စု တစ်ခုမှ သတ်ဖြတ်သွားခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြေသည်။ “ သူတို့ကို ရခိုင်ကို ဦးတည်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့၏ လက်ချက် ဖြစ်နိုင်တယ်လို့ အားလုံးက ယုံကြည် နေကြပါတယ်။ အမှုနဲ့ ပတ်သက်ပြီးတော့လည်း တရားခံတွေကို ARRC တာ ၀န်ရှိသူများက လိုက်လံ စုံစမ်းနေကြပါတယ်” ဟု ပြောသည်။ခိုင်မောင်ဦး (မလေး) နိရဉ္စရာ
(ဇူလိုင် ၂၁ရက်၊ ၂၀၁၂) **ပရီးမီးယားလိဂ်မှ နာမည်ကြီးကလပ်အသင်းတစ်သင်းဖြစ်သော “အာဆင်နယ်”အသင်းသည် နွေရာသီခြေစမ်းပွဲခရီးစဉ်အဖြစ် ဇူလိုင်လ ၂၁ ရက်နေ့၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာရာ ထောင်ပေါင်းများစွာသော ပရိသတ်များက ကြိုဆိုနှုတ်ဆက်ခဲ့ရကြောင်း သိရ သည်။ (အင်တာနက်) **ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ မြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ် သမားမှ (၂၄) ရက်နေ့ ညက လာရောက် ပစ်ခတ် ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အလုပ်သမား တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့ပြီး နှစ်ဦးအား အရေးပေါ် လူနာ အဖြစ် ဆေးရုံသို့ ပို့ဆောင် ခဲ့ရပြီး ဆေးရုံ၌ နောက်တစ်ဦး ထပ်မံ သေဆုံး ခဲ့သည်ဟု သိရှိ ရပါသည်။ မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်) သည် အနောက်ဘက်မှ အပစ် ခံရသဖြင့် ကျောကုန်း ပေါက်ကာ ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။ ယောက်က်ျားလေး နှစ်ဦး ဖြစ်သည့် ကိုခင်မောင်သန်း (မန္တလေး) နှင့် ကိုအောင်သက်ဖြိုး (ပဲခူး) တို့သည် ဒဏ်ရာ အပြင်းအထန် ရ၍ အရေးပေါ် လူနာအဖြစ် ဆေးရုံသို့ ညတွင်းချင်ပင် ပို့ဆောင် ခဲ့ရပြီး ယနေ့ နံနက်၌ မောင်အောင်သက်ဖြိုး ထပ်မံ ကွယ်လွန် ခဲ့ပါသည်။ယမာန် နေ့ည ထိုင်းဒေသ စံတော်ချိန် ည (၃) နာရီ ၄၅ မိနစ် ခန့်တွင် အချိန်ပို ဆင်းပြီး အိမ်ခြံဝင်းရှိ ကုလားထိုင်၌ စကား ပြောနေစဉ် မျက်နှာဖုံး စွပ်ထားသည့် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦး အနက် တစ်ဦးမှ လက်နက် အတို ဖြင့် အနီးကပ် လာရောက် ပစ်ခတ် သွားခဲ့သည်။(ရွှေဟင်္သာသတင်းဌာန)
ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာတို့လက်တွင် " Rohingya No"ဟု ရေးထိုးကာ ယနေ့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။ ကချင်ဒေသတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်
၊မြန်ပြည်ပြန်ခွင့်နှင့်၂၀၁၅ရွေးကောက်ပွဲတွင်မဲပေးခွင့်ရရှိရန်စသည့်တောင်းဆိုချက်များပါဝင်သောအိပ်ဖွင့်ပေး
စာတစောင်ကို သမ္မတဦးသိန်းစိန်ထံသို့ပေးအပ်ခဲ့သည်။ (ဇူလိုင်လ၊ ၁၅ ရက်၊ ၂၀၁၂) သီတဂူဆရာတော် ဒေါက်တာရှင်ဥာဏိဿူရ၏ အထူးတရားပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် မဲဆောက်မြို့ ကျောင်းကြီး ဘုန်းကြီးကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (မြန်မာပြည်သားသတင်းစဉ်) (ဇူလိုင်လ၊ ၁၂ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်တွင် ခရီးဆောင်အိတ်ထဲ၌ မျောက်နှင့်သဘာဝတောရိုင်းတိရစ္ဆာန်များကို ၀ှက် ယူလာသော အမျိုးသမီးတစ်ဦးကို လေဆိပ်လုံခြုံရေးတပ်ဖွဲ့က တားဆီးရာ ထိုအမျိုးအသမီးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။ (RFA) မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ် မှာ လိုက်ပါလာတဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ဟာ ဒီကနေ့ မနက်က ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဦးအောင်ကြည်ဟာ ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ၊MAP Foundation ၊ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း၊ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့၊စတဲ့ အဖွဲ့က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာပါ။ ဒီလို တွေ့ဆုံကြတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းကတော့ ဦးအောင်ကြည်က အလုပ်သမား အရေး ဆောင်ရွက် နေကြသူတွေဆီက အရေးအကြောင်းမှာ သူ့ဆီကို တိုက်ရိုက် ဆက်သွယ်ပြီး အလုပ်သမား တွေရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တင်ပြ နိုင်ကြောင်းတွေကို ပြောခဲ့တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။အရင်က မြန်မာအစိုးရကရဲ့ ပူးပေါင်း ကူညီမှုတွေ မရခဲ့ပေမယ် အခု ၂၀၁၂ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ ပူးပေါင်း ကူညီမှုတွေ ရှိလာတယ်လို့ ပြောပါတယ်။ အလုပ်သမားဝန်ကြီးဦးအောင်ကြည်ဟာ ရွေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်လို့ ဒီကနေ့ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး ဘန်ကောက်မြို့ ဝပ်ဆီစဝါ ၃၁ လမ်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ယာယီ ပတ်စပို့ ထုတ်ပေးတဲ့ ရုံးကိုလည်း သွားရောက်ခဲ့ ပါတယ်။
(BBC)
ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာတို့လက်တွင် " Rohingya No"ဟု ရေးထိုးကာ ယနေ့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။ ကချင်ဒေသတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊မြန်ပြည်ပြန်ခွင့်နှင့် ၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန်စသည့်တောင်းဆိုချက်များပါဝင်သောအိပ်ဖွင့်ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ထံသို့ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။ရိုဟင်ဂျာ အစ္စလာမ်တွေအတွက် လူသားချင်း စာနာတဲ့ အခြေခံ လိုအပ်ချက်တွေ ထောက်ပံ့ ကူညီနိုင်အောင် အဖွဲ့ကြီးတစ်ခု ဖွဲ့စည်းဖို့ စည်းဝေးပွဲ ကျင်းပတာ ဖြစ်ကြောင်း မလေးရှား နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ စည်းဝေးပွဲ ကျင်းပမယ့်နေရာကို မကြာခင် ဆုံးဖြတ်မှာဖြစ်ပြီး ဒေသတွင်းက အစိုးရမဟုတ်တဲ့ အစ္စလာမ် အဖွဲ့အစည်းတွေ တက်ရောက်ကြဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ကြားသိနေရတဲ့အတွက် အစိုးရအနေနဲ့ လူသားချင်း စာနာမှု ကူညီရေးအဖွဲ့တွေကို ၀င်ခွင့် ပေးသင့်ကြောင်း သတင်းဌာန တစ်ခုနဲ့ မေးမြန်းခန်း တစ်ခုမှာ ပြောဆိုပါတယ်။ထိခိုက် သေဆုံးသူတွေနဲ့ နေရာပြောင်းရွှေ့ခံရသူ အရေအတွက်ကို မေးမြန်းရာမှာတော့ ဒေသတွင်းကို ၀င်ခွင့်မရတဲ့အတွက် အတိမကျ မသိရကြောင်း ပြောဆိုပါတယ်။
*(ဇူလိုင်လ ၁၇ ရက်၊၂၀၁၂) ထိုင်းမြန်မာနယ်စပ် တာ့ ခ်ခရိုင် မဲဆောက်မြို့  ဘန့် ထု ရပ်ကွက်တွင်ရှိသော လီဖောင်း အမျိုးသမီး အတွင်းခံပစ္စည်းစက်ရုံ မှမြန်မာအလုပ်သမား ၃၀၀ကျော်တို့ သည်အလုပ်ရှင်က ကြိုတင်အသိမပေးပဲလုပ်ငန်းနေရာ ပြောင်းရွှေ့ ခြင်းကို အကြောင်းပြုပြီးအလုပ်သမားပြသာနာပေါ် ပေါက်ခဲ့သည်။ယမန်နေ့ မွှန်းလွှဲ (၂)နာရီ ခန့် တွင် မဲဆောက်မြို့ ရှိထိုင်းအလုပ်သမားဝန်ကြီးဌာနတာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆာဝါဒီကန်)မှ တာဝန်ရှိသူများက ကြားဝင်ဖြေရှင်းပေးသဖြင့် ၃ ရက်ကြာအလုပ်သမားပြသာနာမှာယမန်နေ့ ညနေ့ ပိုင်းတွင်ပင်အလုပ်ရှင်နှင့်အလုပ်သမားသဘောတူညီ ချက်လက်မှတ်ရေးထိုးပြီးဆာဝါဒီကန်ရှေ့ မှာပင်ပြသာနာပြီးဆုံးသွားကြောင်းသတင်းရရှိသည်။ (သောင်ရင်းနဂါး)**

No comments:
Post a Comment