-တာဝန်ခွဲဝေမှု-
"တောက် "
လူငယ်တစ်ယောက် မကျေမနပ် "တောက်" ခေါက်ပါတယ်။ ကျွန်တော် "ဘာဖြစ်လို့လဲ" သူက စိတ်တိုနေပေမယ့် ကျွန်တော့ကို ရှင်းတော့ပြပါတယ်။ သူ့သူငယ်ချင်းက အလုပ်တစ်ခုမှာ သူ့ကို ကလိမ်ကကျစ်ကျတဲ့ အကြောင်း ၊ သူ့ရှေ့မှာတော့ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နောက်ကျောကနေ ဓားနဲ့ ထိုးတတ်တဲ့ အကြောင်း၊ လူကြီးရှေ့မှာ မခုတ်တတ်တဲ့ ကြောင်လိုလုပ်ပြပြီး ကွယ်ရာမှာ "ကြွက်သူခိုး" ဖြစ်ကြောင်းနဲ့ မဆုံးနိုင်တော့ပါဘူး ပြောနေတာ။ ကျွန်တော် ။ ။ "ခွင့်လွှတ်လိုက်ပါ" လူငယ် ။ ။ "ဟာ ဘယ်ဖြစ်မလဲ၊ သူ့ကို လက်စားချေရမှ ဖြစ်မယ်။ " ကျွန်တော်။ ။ "မလုပ်ပါနဲ့ကွာ." လူငယ် ။ ။ "မရဘူးဗျာ" ကျွန်တော်။ ။ " အပြစ်ရှိသူတိုင်းကို ခံရသူတိုင်းက အပြစ်လိုက်ပေးနေမယ်ဆိုရင် ငရဲပြည်နဲ့ ငရဲမင်းဆိုတာတောင် ဘယ်လိုအပ်တော့မှာလဲ. . " "သူတို့ အလုပ်ရှိအောင် မင်းကို ခွင့်လွှတ်ခိုင်းတာပါ။ စဉ်းစားကြည့်ပါကွာ။ အပြစ်ပေးဖို့က ငါတို့အလုပ်မှ မဟုတ်တာ။" "ဒီတော့ " ကျွန်တော့စကား မဆုံးသေးပေမယ့် ကောင်ကလေး ကတော့ သဘောပေါက်သွားပြီ ထင်ပါတယ်. . . ရှေ့ခရီး ဆက်ဖို့ပဲ ဟန်ပြင်နေပါတော့တယ်. ။.
အားလုံးကိုချစ်ခင်လေးစားလျှက်. .
. . **သဲအောင်**

No comments:
Post a Comment