ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 31, 2012

>
-နှလုံးအေးချမ်း အပင်လေး-

 Photo-Heart's Ease (နှလုံးအေးချမ်း ပန်း)
တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေရတာပေါ့။
အဲဒါနဲ့ ထင်းရှူးပင်ဆီကိုသွားပြန်တော့ ထင်းရှူးပင်ကြီးကကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ" လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေကလည်း သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။ ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊ တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ" လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်… ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး… ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး… အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… . ကဲ...ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် သူတဖက်သားကို အတုယူပြီးအားကျြ့ပီး လိုက်တုတာ မကောင်းသောအကျင့်လို့  မဆိုလိုနိုင်ပေမဲ့ .... မတုရင် တုလို့ မရတာတွေ အများကြိီးပါ ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါနော်

-- အားလုံးပျော်ရွင်ပါစေ
**မာမာ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)