-- လူထုကျန်းမာရေး(ဘယ်နှစ်ကြိမ် အသက်ရှူဖို့ လိုသလဲ)--
**Public Health**
**အဆုတ်က လေ ဘယ်လောက်များများ ဆံ့သလဲ** ခန့်မှန်းခြေအားဖြင့် ကျွန်ုမတို့ဟာ တစ်နေ့တစ်နေ့ကို လေ..လီတာပေါင်း တစ်သောင်း ငါးထောင်လောက် ရှူရှိုက်နေကြပါတယ်။ နားနားနေနေနေတဲ့အခိုက်မှာဆိုရင် အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်ဟာ တစ်မိနစ်မှာ လေ..ခြောက်လီတာလောက် ရှူတယ်။ ကလေးတစ်ယောက်ရဲ့ အဆုတ်က လေ..သုံးလီတာလောက် ဆံ့တယ်။ လူကြီးတစ်ယောက်ရဲ့ အဆုတ်မှာ ဆံ့တဲ့ လေပမာဏကတော့ ငါးလီတာလောက် ဖြစ်ပါတယ်။ အသက်တစ်ကြိမ်ရှူလိုက်တဲ့အခါမှာ အဆုတ်ဟာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်သွားတာလည်း မဟုတ်ဘူး၊ လေတွေနဲ့ ပြည့်တင်းနေတာလည်း မဟုတ်ဘူး၊ နှာခေါင်း ဒါမှမဟုတ်-ပါးစပ်ကနေ လေကို ရှူသွင်းလိုက်တဲ့အခါ လေပြွန်တွေ အဆုတ်ပြွန်တွေကတဆင့် အဆုတ်ကို ရောက်သွားတယ်။ အဆုတ်မှာ လေအိတ်ကလေးပေါင်း သန်း သုံးရာလောက်ရှိတယ်။ အဲဒီ လေအိတ်ကလေးတွေက အောက်ဆီဂျင်ကို စုပ်ယူပြီး သွေးတွေဆီသို့ ပို့ပေးတယ်။ တပြိုင်တည်းမှာပဲ ကျွန်ုမတို့ အသက်ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်က သွေးတွေထဲကနေ ထွက်သွားပါတယ်။
**ဘယ်နှစ်ကြိမ် အသက်ရှူဖို့ လိုသလဲ** လူတစ်ယောက်ဟာ နားနားနေနေ နေတဲ့အခိုက်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် တစ်မိနစ်မှာ ၁၅-ကြိမ်လောက် အသက်ရှူဖို့ လိုအပ်တယ်။ ပြေးတာလွှားတာကို ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ လေလိုအပ်ချက်က ပိုမိုများပြားလာတယ်။ နံရိုးအိမ်ရဲ့ ကြွက်သားတွေနဲ့ အမြှေးပါးက ကျုံ့သွားပြီး နံရိုးတွေ ကားထွက်သွားတဲ့အခါ အဆုတ်က ပြန့်ကားပြီး ပွသွားတယ်။ အမြှေးပါးနဲ့ နံရိုးကြွက်သားတွေ ပြေလျော့သွားတဲ့အခါ လေကို အဆုတ်ထဲကနေ တွန်းထုတ်လိုက်ပါတယ်။ လေကို ရှူသွင်းတဲ့အရှိန်နှုန်းနဲ့ လေကို ရှူထုတ်တဲ့ အရှိန်နှုန်းက အတူတူပင် ဖြစ်ပါတယ်။ တစ်နာရီမှာ ၈-ကီလိုမီတာလောက် ရှိပါတယ်။ --
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment