U Kyaw Zay Ya
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။ တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကို>ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်) ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို ဖြစ်သွားရတာ" ...
....................................................................
. U Kyaw Zay Ya
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။ "လိပ်ခေါင်းရှိသလား!" ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။ .
........................................................................
. U Kyaw Zay Ya
**သူ့အတွက် မလိုဘူး**
..... လူနှစ်ဦး အရက်ဘားထဲသို့ ဝင်လာကြသည် ။ ဘားအတွင်း ရောက်သောအခါ ၎င်းတို့နှစ်ဦးတွဲ ခေါ်လာသောလူကို ကြမ်းပေါ် ပစ်ချလိုက်သည် ။ “ ဟေ့ဘွိုင် ၊ ဗော့ဒ်ကာ ခွက်ပြည့် နှစ်ခွက်ပေးဟေ့ ၊ ဟိုကြမ်း ပေါ်က လူအတွက်တော့ သောက်ရေရိုးရိုး တစ်ခွက် ပဲပေး ဟေ့ ၊ သူက ကားမောင်းရမဲ့လူ ” ............................................................
. U Kyaw Zay Ya
** အစွမ်းထက်တဲ့ ဆေး .**.
....
မိမိ၏မြင်းသည် တစ်ခါတစ်ရံနေရာမှလုံးဝမရွေ့ဘဲ ခေါင်းမာနေ
တတ်သည်နှင့် မြင်းလှည်းဆရာသည် တိရစ္ဆာန်ဆရာဝန်ထံ လာရောက်
အကူအညီတောင်းသည် ။
ဆရာဝန်က ဆေးဖရောင်းတိုင်နှစ်ချောင်း ( အစိမ်းရောင်တစ်
ချောင်း ၊ အနီရောင်တစ်ချောင်းဖြစ်သည် ) ပေးကာ ဤသို့ပြောသည် ။
“ နေရာကမရွေ့ဘဲ ခေါင်းမာနေရင် အစိမ်းရောင်အချောင်း
ကို မြင်းရဲ့စအိုထဲထည့်လိုက်ပါ ။ အဲ .. ဖြည်းဖြည်း ဖြည်းဖြည်းပဲသွား
ရင် အနီရောင်အချောင်းကိုထည့်ကြည့်ပါ ”
ရက်အနည်းငယ်ကြာသောအခါ တိရစ္ဆာန်ဆရာဝန်နှင့် မြင်း
ပိုင်ရှင်တို့ လမ်းတွင်ဆုံမိကြသည် ။
“ ဘယ့်နဲ့လဲ ၊ ကျုပ်ပေးတဲ့ဆေးဖရောင်းတိုင်တွေ စွမ်းရဲ့လား ”
“ စွမ်းပါသော်ကော ... ဆရာရယ် ၊ မနေ့က ထုံးစံအတိုင်း ဒီ
ကောင်လုံးဝမထဘဲ ၊ ဂျစ်ကန်ကန်လုပ်နေတာနဲ့ အစိမ်းရောင်ဖယောင်း
တိုင်ကို ထည့်လိုက်ရုံရှိသေးတယ် ၊ ချက်ခြင်းထပြီး တစ်ခါတည်းဒုန်း
စိုင်းပြေးတော့တာပဲ ”
“ အဲဒီတော့ ခင်ဗျားဘာလုပ်သလဲ ”
“ အနီရောင်ဖယောင်းတိုင်ကို ကျွန်တော့်စအိုထဲထည့်ပြီး ဒီ
ကောင့်ကို အတင်းလိုက်တာပေါ့ ၊ ငါးမိနစ်အတွင်း ဒီကောင့်ကို မိတယ်
ဗျာ ၊ အံ့ရော ”
...................................................................... U Kyaw Zay Ya
** ကြေးနန်းစာ **.
ကြေးနန်းရုံးတွင်ဖြစ်သည် ။ ကြေးနန်းစာရွက်ပေါ်တွင် အဒေါ်
ကြီးတစ်ဦးက အောက်ပါအတိုင်း ရေးကာ ကြေးနန်းရုံး စာရေးမကို
ပေးသည် ။
“ သမီး နာတာရှာ ၊ မြေး အီဗန် နှင့် ပီတာတို့ကို နှစ်သစ်ကူး
ဆုမွန်ကောင်း တောင်းလိုက်ပါသည် ”
“ အားလုံးကို နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းလိုက်ပါသည်
ဆိုရင် ပိုမကောင်းဘူးလား အဒေါ်ရယ် ”
“ ဟာ- ဒါတော့ မဖြစ်ဘူး တူမရယ် ၊ ‘အားလုံး’ လို့ ဆိုလိုက်ရင် ၊
သားမက်လုပ်တဲ့ အကောင်ပါ ၊ ပါသွားလိမ့်မယ် ”
..................................................................
U Kyaw Zay Ya
.. U Kyaw Zay Ya
by U Kyaw Zay Ya
.................................................................................
U Kyaw Zay Ya
.. by Min Nay Way
.. by Linn Wai
မျိုးသာကီ ကောင်းစေချင်ဆန္ဒတစ်ခုရယ်နဲ့
မသောက်စေချင် ဒီအရက်ကိုပါ့
တားမြစ်လို့စာကိုဆို...
.. ဝေးဝေးကရှောင်ပါကွယ်
ဒီသူရာ အမိုက်ဆေး ရှိနေရင်
နှောင်းလူသုံးမှာမို့ တို့ဆြာပေါင်းဖော်များရယ်က
ကျိုးစွန့်ကာ ၀ိုင်းကာသောက်ရတယ် ၀မ်းမြောက်စေကြောင်း.............။ ( လင်းဝေ ) ............................................................................
by Linn Wai
က၀ိုင်းစကြတယ်တဲ့..အဲဒီခေတ်ကကုန်သည်ဆိုတာတစ်လကိုးသီတင်းအိမ်ပြန်ကြ ရတာမဟုတ်ဘူး...ပါလာတဲ့ကုန်ပစ္စည်းတွေကုန်မှပြန်ကြရတာဆိုတော့...... ...အဘအိမ်မပြန်ရတာကြာပြီဆိုတော့အိမ်ကအဖွားကြီးတောင်မှတ်မိပါဦးမလား... ...အေးလကွယ်..တို့ယူခဲ့တုန်းကတော့ရိုးမြေကျပေါင်းပါ့မယ်လို့သစ္စာဆိုခဲ့ကြတာပဲ... သူတို့လင်မယားဘယ်လောက်ချစ်တယ်ဆိုတာကိုရိုးရိုးမပြောပဲကြွားသလိုလေးပြောတော့ လူငယ်တွေကမကျေနပ်ကြဘူးပေါ့၊အဲဒါနဲ့မနိုင် နိုင်အောင်ပြောမယ်ဆိုပြီး...... ...သွားရလာရတာခရီးကလည်းကြမ်းအအိပ်ပျက်အစားပျက်နဲ့အဘရယ်၊အဘကြည့်ရတာ အားလဲသိပ်မရှိတော့ပါဘူး...ခုနေများအဖွားကြီးနဲ့တွေ့ကြရင်ငယ်ငယ်တုန်းကလိုချစ်နိုင်ပါ ဦးမလားအဘရဲ့..ကျွန်တော်တို့တော့သိပ်မထင်ဘူးနော်....လို့ပြောကြတော့အဖိုးကြီးက... ...အိမ်း...ဒါတော့သူတို့ချင်းပေးတွေ့ရဦးမှာပဲလေ.......တဲ့...... ပြောတတ်လိုက်ပုံများ.......။ ...........................................................................
.......................................................... အားလုံးပျော်ရွှင်ရယ်မောနိုင်ပါစေ......
... ခင်မင်စွာဖြင့်
**အဖိုးတန်ထမင်းချက် **
မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း
ဟင်းတွေတူးတာချည်းပဲ။
ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။
မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။
ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို
အချက်ခိုင်းရတာပေါ့ကွာ။ ဒါမှ ကြာကြာမတည်းမှာ။
..................................................................... U Kyaw Zay Ya
** နောက်ဆုံးဆန္ဒ **
"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့
ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ
ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း"
ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။
"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။
............................................................................................ by U Kyaw Zay Ya
**အချစ်ရဲ့ ကံခေမှူ **
အမျိုးသမီး နှစ်ဦးစကားပြောနေကြသည်..။
(ပ) အမျိုးသမီး။ ။ " ကျွန်မယောက်ျားကတော့ တစ်လျှောက်လုံး ကံခေ ခဲ့တာပါ။
သူ့ ကို သဂြိုဟ်ခါနီး မှာတောင် သူကံလိုက်လာသေးတယ် "
(ဒု) အမျိုးသမီး။ ။ " ဘယ်လိုပါလိမ့် "
(ပ) အမျိုးသမီး။ ။ " ဒီလိုပါ၊ သူ့ ကို မြေမြုပ်ဖို့ တွင်းတူးတော့
ရေနံကြောကို ထိသွားတယ်လေ " .................................................................................
U Kyaw Zay Ya
**ရှင်သိတယ်မှတ်လို**
.
လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျင်
ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေးရန်ဖြစ်သည်။
တစ်နှစ်ခန့်အကြာတွင်... ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို
စားပွဲပေါ်တင်သည်။ မိန်းမကမူ...တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက...
မကျေမနပ်မေးသည်။
'မင်းကငါ့ကို... တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား'
'ရှင်အတော်... နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ...
ခြောက်လလောက်ရှိပြီ'
...............................................................
U Kyaw Zay Ya
ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ
ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။
အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ်
................................................................................. by Min Nay Way
** လေ့ကျင့်မှု**
Moore Myint တစ်ယောက် ရပ်ကွက်ထဲမှာ သောင်းကျန်းနေသည်
တွေ့သမျှလူကို ရန်တွေ့ ၊ ဆဲ ဖြင့် အရပ်တန် ဆြာမိုးဆိုပြီး
နာမည်ကြီးချင်တိုင်း ကြီးနေသည် ။။
ကြာလာတော့ ရပ်ကွက်က မခံနိုင်တော့ ... ဆုံးမမှ ဖြစ်တော့မည်ဆိုပြီး
အရက်ပုန်းဆိုင်တွင် ခွက်ပုန်းခုတ်နေသော အရပ်တန်ဆြာမိုးအား ၀ိုင်းပြီးသကာလာ
ရပ်ကွက်လူကြီး .... ဟေ့ အရပ်တန်ဆြာ မင်း ရပ်ကွက်ထဲလှဲ့ဆဲ ၊ တွေ့သမျှလူရန်လုပ်
ဒီမှာ တိုင်ထားတာမနည်းဘူး ... မင်းငြင်းချင်သေးလား
အရန်တန်ဆြာ .... ဟုတ်ပါတယ် ... ကျွန်တော် လုပ်မိပါတယ် .... ဒါကလည်း ရပ်ကွက်
ကောင်းစားရေးအတွက် လေ့ကျင့်နေတာပါ ...
ရပ်ကွက်လူကြီး ..... အောင်မာကွာ ..... ဟိုသင်းပါးစပ်က ဟိုစကားထွက်နေတာပါလား
ပြောစမ်းပါအုံး
အရန်တန်ဆြာ ..... ဒီလိုပါ ရပ်ကွက်လူကြီး ... ကျွန်တော်တို့ရပ်ကွက်ထဲမှာ
နိုင်ငံရေးသမား
မရှိသေးဘူးမှတ်လား ... နိုင်ငံရေးသမားဆိုတာ ဘာမှမလုပ်တတ်ရင်နေ
နိုင်ငံရေးသမား အမည်ခံပြီး ဆဲတတ်ဖို့နဲ့ တွေ့သမျှလူ ရန်စကား ပြောတတ်
ဖို့ပဲလိုတယ်လို့ အင်တာနတ်က ဖတ်မိထားလို့ပါ ... ဒါကြောင့်
ကျွန်တော် လေ့ကျင့်နေတာပါ ရပ်ကွက်လူကြီး ..
ရပ်ကွက်လူကြီး ..... သေဟ
.................................................................................... by Linn Wai
**အများအကျိုး **

** ပြောတတ်လိုက်ပုံများ...**
တစ်ခါကအသက်၇၀ကျော်ကုန်သည်အဖိုးကြီးတစ်ယောက်ကိုကျန်တဲ့လူငယ်ကုန်သည်
တွေက၀ိုင်းစကြတယ်တဲ့..အဲဒီခေတ်ကကုန်သည်ဆိုတာတစ်လကိုးသီတင်းအိမ်ပြန်ကြ ရတာမဟုတ်ဘူး...ပါလာတဲ့ကုန်ပစ္စည်းတွေကုန်မှပြန်ကြရတာဆိုတော့...... ...အဘအိမ်မပြန်ရတာကြာပြီဆိုတော့အိမ်ကအဖွားကြီးတောင်မှတ်မိပါဦးမလား... ...အေးလကွယ်..တို့ယူခဲ့တုန်းကတော့ရိုးမြေကျပေါင်းပါ့မယ်လို့သစ္စာဆိုခဲ့ကြတာပဲ... သူတို့လင်မယားဘယ်လောက်ချစ်တယ်ဆိုတာကိုရိုးရိုးမပြောပဲကြွားသလိုလေးပြောတော့ လူငယ်တွေကမကျေနပ်ကြဘူးပေါ့၊အဲဒါနဲ့မနိုင် နိုင်အောင်ပြောမယ်ဆိုပြီး...... ...သွားရလာရတာခရီးကလည်းကြမ်းအအိပ်ပျက်အစားပျက်နဲ့အဘရယ်၊အဘကြည့်ရတာ အားလဲသိပ်မရှိတော့ပါဘူး...ခုနေများအဖွားကြီးနဲ့တွေ့ကြရင်ငယ်ငယ်တုန်းကလိုချစ်နိုင်ပါ ဦးမလားအဘရဲ့..ကျွန်တော်တို့တော့သိပ်မထင်ဘူးနော်....လို့ပြောကြတော့အဖိုးကြီးက... ...အိမ်း...ဒါတော့သူတို့ချင်းပေးတွေ့ရဦးမှာပဲလေ.......တဲ့...... ပြောတတ်လိုက်ပုံများ.......။ ...........................................................................

ဦးဦး မှော်ဆရာ
- မြန်မာဟာသ - စုစည်းမှု-

No comments:
Post a Comment