ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 26, 2012

>
-မဲဆောက်မှသည် ချင်းရိုင်၊ မယ်ဆိုင်၊ ချင်းမိုင်ဆီသို့-
**(ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း ၄ ဖွဲ့၏ လေ့လာရေးခရီးစဉ်မှတ်တမ်း)**

 “ဟေ့… ချင်းရိုင်နဲ့ ချင်းမိုင်မြို့ကြီးတွေရေ မဲဆောက်သားတွေလာပြီဟေ့”

 မိမိတို့သည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မဲဆောက်မြို့တွင် အခြေစိုက်သော လူထုအခြေပြုအဖွဲ့အစည်း များဖြစ်သည့် အားလျော်စွာ တာ့(ခ်)ခရိုင် ၉ မြို့နယ်သို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိလာကြကာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ အရေးအရာအချို့ကို ကူညီအကျိုးဆောင်နေကြသော အဖွဲ့အစည်းများဖြစ်ပါသည်။ မိမိတို့ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသော မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC)၊ အမျိုးသမီး များလူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ (SAW)၊ ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီ (CPPCR)၊ မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) စသည့် ၄ ဖွဲ့ကို အဓိက ကူညီထောက်ပံ့လျက်ရှိသော ADRA-Thailand အဖွဲ့၏ စီစဉ်မှုဖြင့် ယခု ၂၀၁၂ ခုနှစ်အတွင်း ဒုတိယမ္ပိ လေ့လာရေးခရီးစဉ်တစ်ခုရှိခဲ့ပါသည်။ အဲဒါက ဘာခရီးစဉ်လဲဟုတ်စ။ မဲဆောက်ကနေ ချင်းရိုင်၊ မယ်ဆိုင်၊ ချင်းမိုင်မြို့တွေဆီကို ချီတက်ရမယ့် လေ့လာရေးခရီးစဉ် ပါပဲဗျာ။ သြ..သြ.. အရင်အဦးဆုံး ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာပဲ မဲဆောက်ကနေ စတင် ထွက်ခွာခဲ့ကြပါပြီ။ ကားက မနက် ၉ နာရီမှာ စထွက်ပြီး အရင်ဆုံး ချင်းရိုင်ပြည်နယ် ချင်းရိုင်မြို့ကို ဦးတည်ချီတက်ခဲ့ကြတာပါပဲ။ လမ်းခရီးတလျှောက်မှာ ဟာသမြောက်မြောက် ပြောဆိုနောက်ပြောင် မှုတွေနဲ့အတူ ခရီးဆက်ခဲ့ကြတာမို့လို့ မနက် ၉ နရီကနေ ညနေ (၄) နာရီအထိ ကားစီးလာခဲ့ကြပေမယ့် သိပ်မသိသာလှပါဘူး။ ရောက်ရောက်ချင်း သြဂုတ်လ ၁၉ ရက်နေ့ကတော့ ဘာမှမလုပ်ကြရပါဘူး။ ခရီးပန်းလာတာမို့လို့ လမ်းနည်းနည်းလျှောက်၊ ဟိုကြည့် ဒီကြည့်နဲ့ ပြီးသွားတာပါပဲ။ ချင်းရိုင်မြို့ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး (၁၀) မြို့ထဲမှာပါတယ်လို့ ကြားဖူးတာမို့ ထိုင်းနိုင်ငံသားတွေရဲ့ နေထိုင်စားသောက်ကြပံမက မြန်မာရွှေ့ပြောင်းအလုပ်သ မားတွေရဲ့ နေထိုင်စားသောက်ကြပုံ အချို့ကိုပါခရီးသွားဟန်လွဲ လေ့လာမိခဲ့တာပါပဲ။ ချင်းရိုင်ပြည်နယ် ပင်မချင်းရိုင်မြို့မှာ ထမင်းဟင်းရောင်းတဲ့ စားသောက်ဆိုင်တွေ တော်တော်များတာတွေ့ရပြီး အိမ်မှာတောင်ထမင်းချက်မှ ချက်စားကြရဲ့လားလို့ ထင်မှတ်မှားရပါတယ်။ အမယ် … ထမင်းတစ်ပွဲ ၁၀ ဘတ်၊ ဟင်းတစ်ပွဲ ၃၀ ဘတ်နဲ့ ဘတ် ၄၀ ရယ်၊ ထမင်းစားသောက်ပြီးတဲ့အခါ သောက်ရေမပေးတာမို့ ရေသန့်ဗူးတစ်ဗူးက ၁၀ဘတ်၊ ဒါကြောင့် ဘတ် ၅၀ ရှိမှ ထမင်းဆိုင်တစ်ဆိုင်မှာ မဆိုစလောက်ကလေး (၀ါ) ထမင်းစားတယ်ဆိုရုံလေး ထမင်းစားကြရမယ်ဗျ။ အဲ..သြဂုတ်လ ၂၀ ရက်နေ့ တနေ့လုံးကတော့ ချင်းရိုင်မြို့တော်ကြီးရဲ့ သားနားခမ်းနားလှတဲ့ Dusit Island Resort ဆီကို ရောက်ကြတာပေါ့ဗျာ။ အဲဒီမှာ “ထိုင်းနိုင်ငံလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနေ့”အခမ်းအနားကြီးရှိပြီးတော့ ထိုင်းနိုင်ငံ (၇၆) ပြည်နယ်စလုံးက လုပ်ငန်းခွင်ဆိုင်ရာပြခန်းတွေလာရောက်ခင်းကျင်းကြ၊ အခမ်းအနားကိုလာတက်ကြနဲ့  လူ (၁၀၀၀)ကျော် ရှိမယ်ထင်ပါရဲ့။ ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာန၊ ထိုင်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဋ္ဌာန၊ ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း (FTI)၊ ထိုင်းလူ့စွမ်းအားနဲ့ လူသားအရင်းအမြစ်ဝန်ကြီးဌာန၊ ထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုဖွံ့ဖြိုးရေးတိုးတက်ရေးဝန်ကြီးဋ္ဌာနတွေကနေ ဦးစီးကျင်းပတာဖြစ်ပြီး အဆိုပါ ၀န်ကြီးဋ္ဌာနတွေရဲ့ ၀န်ကြီးအချို့၊ ဒုတိယ၀န်ကြီးအချို့နဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်တွေ တက်ရောက်လာတာ တွေ့ရပါတယ်။ မိမိတို့မဲဆောက်အပါအ၀င် ၉ မြို့နယ်ရဲ့ တာ့(ခ်)ခရိုင်ကလည်း ADRA-Thailand ရဲ့ ပြခန်းနဲ့ တာ့(ခ်)ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန် LPO)ရဲ့ ပြခန်း ၂ ခန်းပြသ ထားတာတွေ့ရပါတယ်။ စာရှုသူ..မိတ်ဆွေတို့ရေ။ ကျနော်တို့ရောက်ခဲ့တဲ့ ချင်းရိုင်မြို့ထဲတနေရာက ၅ ထပ်တိုက်ဆောက် လုပ်ရေးလုပ်ငန်းခွင်တစ်ခု အကြောင်းကိုလည်း ဒီနေရာမှာ ပြောပြရဦးမယ်။

( ချင်းရိုင်မြို့ထဲတနေရာက၅ ထပ်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်ယာယီအိမ်တန်းလျား)

ချင်းရိုင်ပြည်နယ်ရဲ့ထိုင်းအစိုးရရဲ့ သတ်မှတ်ဈေးနှုန်း၊ ….နေစားလုပ်အားခ (၂၅၀) ဘတ် ရရှိကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀တစိတ် တဒေ သပေါ့ဗျာ။ သူတို့ရဲ့ Diamond Park Hotel Construction Site မှာက မြန်မာအလုပ်သမား ၁၀၀၀ ခန့်ရှိပြီး သူတို့ဟာ ၅ ထပ်တိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုရဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ကြပါတယ်။ အဲဒီလုပ်ငန်းခွင်မှာ ၀ဏ္ဏ (အလုပ်ကြပ်) ကိုဝင်းနဲ့ သူ့လက်ထောက်ကိုသန့် ဆိုသူတို့ဟာ အဲဒီမြန်မာရွှေ့ပြောင်းအုလပ်သမားမိသားစု ၅၀ ဦးလောက်နဲ့အတူ လုပ်ငန်းခွင်ထဲမှာပဲ ယာယီအိမ်တန်းလျားငယ်တစ်ခုဆောက်ပြီး နေနေကြတာပါပဲ။ 

အမျိုးသားတွေက နေစား ၂၅၀ ဘတ် ရပြီး အမျိုးသမီးတွေက ၂၀၀ ဘတ်ပါတဲ့..။ သူတို့ရဲ့ကလေး ၁၀ ဦးလောက်က MAP Foundion ကဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာထားကြပါသတဲ့။ ဆက်လက်ပြီး သူပြောပြတာတွေထဲက စိတ်ဝင်စရာ အကောင်းဆုံးအချက်က ချင်းရိုင်ပြညနယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်စားသောက်ကြမယ် ဆိုရင် လက်မှတ်မရှိသူတွေဟာ မယ်ကျန်းမြို့ စစ်ဆေးရေးဂိတ်နဲ့ မယ်ဆိုင်မြို့အ၀င် စစ်ဆေးရေးဂိတ် ၂ ခုကို ရှောင်ကျဉ်ကြရင်အကောင်းဆုံးပါပဲတဲ့။

 (ဆက်လက်ဖော်ပြပါမည်) 

သတင်းဆောင်းပါး-သောင်ရင်းနဂါး 

-Excursion trip from Mae Sot to Chiang Rai, Mai Sai and Chiang Mai, Northern Thailand- 

We all are the community based organization which head quarter at Mae Sot. Also we help to Burmese migrant workers who, were transferred from Burmese by many kinds of different ways. We the two CEC, men of JACBA, have been take excursion trip this second time altogether with BLC, SAW, and CPPCR. Sponsored by ADRA-Thailand. This way is our excursion trip to Chiang Rai, Chiang Mai and Mae Sai. ! AW AW, First we started our trip from Mai Sot on 19th Aug 2012. Very easy and have pleasant on the way because of all of members told the funny each another, so, we did not feel serious on the way. We have not heavy works on 19th Aug as freedom. We have been to the Burmese migrant in Chiang Rai and their behaviors, such as how they stay, whats their jobs, and whats problem for them. The Chiang Rai city is one of the biggest within top ten in Thailand. Many restaurants in this city along the streets, I thought that they haven’t habits for cooking themselves. Very chap costs for us, mostly about 30, bahts. The prize of drinking water is 10 bahts/ one bottle. On the 20th August we have attended the great exhibition for “Safety work sites” at Dusit island Resort. So, much exhibitions cames here from the about 76 provinces and about over one thousand people.

The participant ministries are Thai ministry of labour, Ministry of rescue and plan nation Thai factory and trade commerce (FTC), Ministry of human resource development, Environment and Social development ministries. Mostly of vip, from that ministry were attended such as Ministers, Deputy minister and Director generals. The ADRA-Thailand from or Mae Sot have one of exhibition within in nine townships of Tak province. Than labour protection offices (LPO) have 2, exhibitions hold there. ** Short experience on the way** Readers please! One day I have seen a few labours of construction work site in Chiang Rai, I took photographs them as a witness. I’ve seen there. They get norm labour charges about 250 bahts/ one day. At there for example “Diamond park hotel construction site” there have about 1000 labours. That’s very heavy works site because of the building has 5, stairs. Ko win who is the supervisor of worker and his assistant Ko Thant lead their fifty families stay with temporary huts in the construction area. They have got the Charges for male 250 bahts/one day for female 200 bahts/ one day. All of their children are learning at the one of Nursary supported by MAP foundation. So we satisfied when we met that view. The most important matter which they told me was, all our migrant workers must be be carefully areas are the Inspection gates of Mae Chan and Entrance Mai Sai, Mae Chan. (Be continue)

 Motto by Thaung Yin Nagar

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)