-စိတ်ကူးအိမ်-
စံပါယ် ခတ္တာ
ဇီဇဝါ နဲ့နှင်းဆီ ဒေါန
သော်က မြတ်လေး
ရနံ့မွှေးကြိုင်
သင်းပျံ့လှိုင်သည့်
ပန်းမြိုင်လယ်မှာ
လေနုအေးအေး
ပန်းလေးတွေကြား
လိပ်ပြာမောင်နှံ
ဟိုပျံဒီဝဲ
သည်းထဲရင်ဖို
ရှိုက်လှိုက်ဆိုချင်
ကြည်နူးဘဝင်ဖြင့်----------။
သရက် ပိန္နဲ အုန်း နဲ့ ငှက်ပျော
ဒူးရင်းနှောကာ
ငရုပ် ခရမ်းချဉ် ဗူးစင် သခွား
ချဉ်ပေါင်ကြားနှင့်
စိုက်ခင်းဝင့်ထယ် အုံ့မှိုင်းထယ်သည့်
ခြံနှင့် ဝင်းနှင့် ကန်သင်းနှင့်-----။ `
`ဆိုဖာ ဆက်တီ တီဗွီ အောက်စက်
အိပ်စက်မွေ့ယာ ပူလာ အဲယားကွန်း
ဟို-- ဒီ ယွန်းရန် ကား အပျံစား ``
အမှန်စကားပြောရင် မလိုချင်တော့။ ။
သဘာဝအလှ တမ်းတ
ယစ်မူး ရူးတယ်ပြော ပြော
တောအလှမှာ နေချင်ပါဘိ
စိတ်ထဲ ကြည့်ဆွဲ
ရူးဆဲမတင်းတိန် ``စိတ်ကူးအိမ်----``။ ။
**ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)**
-စိတ်ကူးအိမ်-
စံပါယ် ခတ္တာ
ဇီဇဝါ နဲ့နှင်းဆီ ဒေါန
သော်က မြတ်လေး
ရနံ့မွှေးကြိုင်
သင်းပျံ့လှိုင်သည့်
ပန်းမြိုင်လယ်မှာ
လေနုအေးအေး
ပန်းလေးတွေကြား
လိပ်ပြာမောင်နှံ
ဟိုပျံဒီဝဲ
သည်းထဲရင်ဖို
ရှိုက်လှိုက်ဆိုချင်
ကြည်နူးဘဝင်ဖြင့်----------။
သရက် ပိန္နဲ အုန်း နဲ့ ငှက်ပျော
ဒူးရင်းနှောကာ
ငရုပ် ခရမ်းချဉ် ဗူးစင် သခွား
ချဉ်ပေါင်ကြားနှင့်
စိုက်ခင်းဝင့်ထယ် အုံ့မှိုင်းထယ်သည့်
ခြံနှင့် ဝင်းနှင့် ကန်သင်းနှင့်-----။ `
`ဆိုဖာ ဆက်တီ တီဗွီ အောက်စက်
အိပ်စက်မွေ့ယာ ပူလာ အဲယားကွန်း
ဟို-- ဒီ ယွန်းရန် ကား အပျံစား ``
အမှန်စကားပြောရင် မလိုချင်တော့။ ။
သဘာဝအလှ တမ်းတ
ယစ်မူး ရူးတယ်ပြော ပြော
တောအလှမှာ နေချင်ပါဘိ
စိတ်ထဲ ကြည့်ဆွဲ
ရူးဆဲမတင်းတိန် ``စိတ်ကူးအိမ်----``။ ။
**ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)**



No comments:
Post a Comment