** အယ်လ်ဘမ်သစ်ထုတ်ဝေမည့် ရက် ကြေညာခဲ့ သည့် တေလာဆွစ် **
အမေရိကန် ကန်းထရီးစူပါစတားတေလာဆွစ်က သူ ၏ စတုတ္ထမြောက် အယ်လ် ဘမ်သစ်ကို လာ မည့်ေ အာက်တိုဘာ ၂၂ ရက်တွင် ထုတ်ဝေဖြန့်ချိသွား မ ည်ဖြစ်ကြောင်း ၄င်း၏ဝက်ဘ်ဆိုက်မှ ထုတ်ပြ န်ကြေ ညာလိုက်သည်။ အဆိုပါ အယ်လ်ဘမ်သစ်ကို Red ဟု အမည်ပေး ထားပြီး တေးသီချင်း စုစုပေါင်း ၁၆ ပုဒ်ပါဝင်ကြောင်းနှင့် ယင်းအယ်လ်ဘမ် သစ် ဖြစ်ပေါ် လာေ ရးအတွက် နှစ်နှစ်ခန့် အချိန်ယူကြိုးပမ်းခဲ့ရေ ကြာင်း တေလာဆွစ်က ပြောကြားသည်။ ယခု အယ် လ်ဘမ် သစ်နှင့် တေလာဆွစ်၏ ၂ဝ၁ဝ ခုနှစ်က အယ်လ်ဘမ်သစ် Speak Now တို့၏ကွာခြားချက်မှာ Speak Now အယ်လ်ဘမ်တစ်ခုလုံး တေလာဆွစ်က ကိုယ်တိုင်ရေးသားသီဆိုခဲ့ခြင်းဖြစ်ပြီး ယခု Red တေး အယ်လ်ဘမ်တွင် အခြားအနုပညာ ရှင်များ၊ တေးေ ရးဆရာ များက ပါဝင် အားဖြည့်ကူညီပေးထား ကြခြ င်းဖြစ်သည်။ Red တေးအယ်လ်ဘမ်သစ်၏ ပထမဆုံးေ တးသီချင်းဖြစ်သည့် အချစ်ကို သီကျုးဖွဲ့ဆို ထားေ သာ We Are Never Ever Getting Back တေးသီချင်းမှာ သူ၏ရည်းစား ဟောင်းတစ်ဦး အတွက်ဖြစ်ကြော င်း တေလာဆွစ်က ထုတ်ဖော်ပြောကြားသည်။ တေလာ ဆွစ်၏ Speak Now တေးအယ်လ်ဘမ် ထုတ်ဝေစဉ် က ပထမတစ် ပတ်အတွင်းမှာပင် အချပ်ရေတစ်သန်းေ ကျာ် ရောင်းချခဲ့ရပြီး ၄င်း၏ဂီတသက်တ မ်းတစ်ေ လျှာက် အယ်လ် ဘမ်အချပ်ေ ရ ၂၂ သန်းနှင့် Single အယ်လ်ဘမ် (သီချင်းတစ်ပုဒ်တည်းတေးအယ် လ်ဘမ်) အချပ်ရေ ၅၅ သန်းရောင်းချခဲ့ရပြီးဖြစ်သည်။ ယခု Red တေးအယ်လ်ဘမ် မည်မျှရောင်းအားေ ကာင်းမည်ကို စိတ်ဝင်စားစွာ စောင့် ကြည့်ရဦးမည်ဖြစ်သည်။ (အင်တာနက်)ဘာသာပြန် - တင်မောင်လွင်
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၈)
အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ယခုသီတင်းပတ်အတွင်းရုံတင်ပြသခဲ့သော ရုပ်ရှင်ကားများအနက် The Bourne Legacy ဇာတ်ကားသည် ရုံဝင်ငွေအမေရိကန်ဒေါ် လာ ၄၀.၃ သန်းရရှိခဲ့ကြောင်း သြဂုတ် ၁၆ ရက်က အင်တာနက်သတင်း ၌ ဖော်ပြ သည်။ The Bourne Legacy ဇာတ်ကားသည် စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ပြထားသော အက်ရှင်ဇာတ်ကာြး ဖစ်ရာ သီတင်းတစ်ပတ်အတွင်း ၀င်ငွေအကောင်းဆုံး ဇာတ်ကားအအဖြစ် ရပ်တည်နိုင်ခဲ့သည်။ (အင်တာနက်)
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၈)
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော် မီလေဆိုင်းရပ်စ်ဟာ Family Bond အမည်ရှိတဲ့ ရုပ်ရှင်ကားသစ်ကို ရိုက်ကူးနေပြီး အဲဒီဇာတ်ကားသစ်ကို လမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်မှာ ရုံတင်ပြသဖို့စီစဉ်နေတယ်လို့ သြဂုတ် ၁၆ ရက်က အင်တာနက် သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၁၉ နှစ် အရွယ်သာရှိသေးတဲ့ မီလေဆိုင်းရပ်စ်ဟာ မကြာမီကပဲ သူမရဲ့ ရုပ်ရှင်ကား သစ် တစ် ကားဖြစ်တဲ့ So Undercover အမည်ရှိ တဲ့ ဇာတ်ကားကို အမေရိ ကန် နိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသခဲ့တဲ့အခါ ရုံဝင်ငွေအ များအပြားရရှိခဲ့ ပါ တယ်။ ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော် မီလေဆိုင်းရပ်စ်ဟာ ဆံပင်ပုံစံ အမျိုး မျိုး ပြောင်းလဲပြီး ပရိသတ်တွေကို ဆွဲဆောင်မှုဖြစ်စေဖို့အတွက် အမြဲတမ်း ကြိုးစားသွား မယ်လို့လည်း ဆိုနေပါ တယ်။ ဟောလိဝုဒ်မှာရှိတဲ့ လူငယ်အ မျိုး သမီးသရုပ်ေ ဆာင်တွေရဲ့အသွင်အပြင်ကနေ ပြီး ခွဲထုတ်လိုတဲ့ ဆန္ဒလည်း မီလေဆိုင်းရပ်စ် မှာရှိနေပါ တယ်။ (အင်တာနက်)
**အကြိမ်(၅၀)မြောက် နယူးယောက် ရုပ်ရှင်ပွဲတော် ကျင်းပမည်**
(နယူးယောက်၊ သြဂုတ် ၁၈)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ကျင်းပမည့်အကြိမ် (၅၀)မြောက် နယူးယောက်ရုပ်ရှင်ပွဲတော်ကို လာမည့်စက်တင်ဘာ ၂၈ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး ပိတ်ပွဲကို အောက်တိုဘာ ၁၄ ရက်၌ ပြုလုပ်မည်ဟု နယူးယောက်ရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့က သြဂုတ် ၁၆ ရက်တွင် ပြောကြားသည်။ အဆိုပါ နယူးယောက်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲနေ့တွင် ဒါရိုက်တာ အန်လီရိုက်ကူးထားသည့် Life of Pi ဇာတ်ကားဖြင့် ပြသဖွင့်လှစ်ရန် စီစဉ်ထားသည်။ ယင်းဇာတ်ကားမှာ ကျားတစ်ကောင်၏ ဘ၀ဖြတ်သန်းမှုနှင့်ကြုံတွေ့ရမှုများကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားခြင်းဖြစ်သည်။ (အင်တာနက်)
** ဗန်ပါစီရောက်လာခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့် ရရန်ခက်ခဲမည်ဟု နာနီဖွင့်ဟ**
( မန်ချက်စတာ သြဂုတ် ၁၈)
မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်သည် ယခုနှစ် ဘောလုံးရာသီတွင် အသင်း အောင်မြင်မှုရ ရှိရေးအ တွက် မန်စီးတီး၊ ဂျူဗင်တပ် စသည့် ချန်ပီယံအသင်းများနှင့် အပြိုင်အာဆင်နယ်နှင့် နယ်သာလန်တိုက်စစ် မှူး ရော်ဘင်ဗန်ပါစီ ကို ပေါင် ၂၄ သန်းဖြင့် အပြီးသတ် ခေါ်ယူခဲ့ပြီး ဂျာမန်ဘွန်ဒက် လီဂါ ချန်ပီယံဒေါ့မွန် အသင်းမှ ဂျပန်ကွင်းလယ် ကစား သမား ရှင်ဂျီကာဂါဝါကိုလည်း အပြောင်း အရွှေ့ကာလအတွင်း အသင်း သို့ အရောက်ခေါ်ယူထားခဲ့သည်။ထိုသို့ မန်ယူအသင်းက ဗန်ပါစီနှင့် ကာ ဂါဝါတို့ ကို ခေါ်ယူလိုက်ခြင်းကြောင့် မန်ယူအသင်းတွင် ခြေစွမ်းပြက စား လျက်ရှိသည့် ပေါ်တူဂီတောင်ပံ ကစားသမားနာနီက ပုံမှန်ပွဲထွက်ခွင့် အတွက် အခက် အခဲရှိလာ နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နာနီက ယင်းသို့ ဖွင့်ဟလာခြင်းကြောင့် ဇင်းနစ်အသင်းနည်းပြ လူစီယာနိုစပယ်လက်တီက နာနီအား ခေါ် ယူရန် ကမ်းလှမ်းလာခဲ့သည်။ (အင်တာနက်)
** လူကာမိုဒရစ်အား ရီးယဲလ်မက်ဒရစ်ဝတ်စုံဖြင့်မြင်တွေ့ရဖွယ်ရှိ**
( မက်ဒရစ် သြဂုတ် ၁၈)
စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ခရိုအေးရှားနှင့် စပါးကွင်းလယ်ကစားသမား လူကာမိုဒရစ်အား ကာလကြာရှည်စွာ ကမ်းလှမ်းလာခဲ့ရာ ယင်းတို့၏ကမ်းလှမ်းမှု ပေါင်သန်း ၃ဝ အထိ တိုးမြှင့်ခဲ့ပြီးနောက် သဘောတူညီမှုရရန် နီးစပ်လာပြီဖြစ်ကြောင်းသြ ဂုတ် ၁၈ ရက် အင်တာနက်အား ကစားသတင်း တစ်ရပ် က ဖော်ပြ သည်။ေ တာ့တင်ဟမ်ဟော့ စပါးအ သင်းမှ အားထားရသည့် ကွင်း လယ်ကစားသမား လူကာမိုဒရစ်ကလည်း ရီးယဲလ်မက်ဒရစ် အသင်း သည် ယခင်က တစ်ခါကမ်း လှမ်းခဲ့ဖူးကြောင်း၊ ယခုတစ်ကြိမ် ထပ်မံ ကမ်းလှမ်းလာခဲ့သောကြောင့် တစ်ရက်နှစ် ရက်အတွင်း ရီးယဲလ်မက် ဒရစ် တာဝန်ရှိသူ များနှင့် ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ေ ကြာင်း မိုဒရစ်က ပြောကြားခဲ့သည်။ မကြာမီရက်ပိုင်းအတွင်း ဆေးစစ် မှုများပြု လုပ်ကာ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ထားကြောင်း အသက်(၂၆ )နှစ် အရွယ်ရှိ ကွင်းလယ် ကစားသမားလူကာမိုဒရစ်က ပြောကြားထားသည်။ စပါးအသင်းနည်းပြအန်ဒရီဗီ လာဘို အာ့စ်ကလည်း အသင်း၏ ရာသီအ ကြို ခြေစမ်းပွဲစဉ်အဖြစ် အမေရိကန်သို့သွားရောက်ခဲ့စဉ်တွင် လူကာမိုဒရစ်က စပါးအသင်းသို့ ပြန်လည် ဆက်သွယ် လာခြင်းမရှိခဲ့ ချိန်မှစ၍ လူကာမိုဒရစ်အားရောင်း ချရန် ဆုံးဖြတ်ထားခဲ့သည်။လူကာမိုဒရစ်သည် ၂ဝဝ၈ ခုနှစ်ကဒိုင်နမိုဇာရက်မှ စပါးအသင်း သို့ ပေါင် ၁၆သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး လက်ရှိမိုဒရစ်၏ စပါးအသင်းအနာဂတ်မှာသေချာမှုမရှိတော့ဘဲ ရီးယဲလ်မက်ဒရစ် ဝတ်စုံဖြင့်သာ မြင်တွေ့ရဖွယ်ရှိနေကြောင်းသတင်းတွင် ဖော်ပြသည်။ (အင်တာနက်) စုစည်းဘာသာပြန် - နိုင်လင်းကြည်
Rest of your post

No comments:
Post a Comment