ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 15, 2012

>
-စကားလုံးမရှိတဲ့ကောင်းကင်ရဲ့သခင်-
(၁.၇.၁၉၆၃ – ၁၄.၈.၂၀၀၄) “ ဂစ်တာတီးနေစဉ်အခါ ကျွန်တော်သည် ကျွန်တော်မဟုတ်ပါ ကျွန်တော်သည် ထိုဂစ်တာ ”

…..လို့ သူက ပြောခဲ့ဘူးတယ်။ သူ့ကို ကျွန်မ မသိခဲ့ခင် သူ့ရဲ့သီချင်းသံကို ဟိုသည်ဖွင့်ရာက စတင် သတိထားလို့ နားထောင်မိခဲ့တာ။ “ပျော်မယ်ဆိုနေခဲ့ပေါ့.. ချစ်ရတဲ့သူရယ်.. အရှုံးပေးခဲ့ပြီ ကျေနပ်တော့ကွယ်… ရေလိုဘ၀ အေးမြပါစေ အချစ်ရယ်.. တို့…. ဆုတောင်းပါတယ်… ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်လေးရယ်.. ခရောင်းတော လမ်းထဲ တို့ကို ထားခဲ့ကွယ်… ချစ်ခဲ့ကြတဲ့ အဖြစ်ဟာ အိမ်မက်ပဲ.. မင်းဘ၀နေ့သစ် ရောက်ပြီ မေ့လိုက်ကွယ်.. အိုး…. မေ့လိုက်တော့ အချစ်လေးရယ် ” နေရာအနှံ့မှာ သူရဲ့ “ မေ့လိုက်တော့ ” သီချင်းတွေ စီးမျောနေတာ။ ထူးခြားတဲ့ သူ့ရဲ့ ချိုမြစွဲငင်တဲ့ အသံနဲ့ ဆိုပေါက်က အဲ့ဒီအချိန်ကာလက တော်တော့ကို ထူးခြားခဲ့တာ။ သူဘယ်သူလဲ.. သူ့နာမည် စုံစမ်းကြည့်တော့ ထူးခြားလှတဲ့နာမည် “ထူးအိမ်သင်” တဲ့။ သူ့ရဲ့ “နာရီပေါ်ကမျက်ရည်စက်များ” အခွေကို ချက်ခြင်း ပြေးဝယ်လို့ နားထောင်မိတယ်။ အဲ့ဒီခောတ်တုန်းက အခုလို စီဒီတွေ မပေါ်သေး။ တစ်ကြိမ်နဲ့ အားမရ၊ နှစ်ကြိမ်နဲ့ မ၀၊ အကြိမ်ကြိမ်အခါခါ အပ်ကြောင်းထပ်အောင်၊ သီချင်းစာအုပ်လေး ရှေ့ချလို့ စာသားတွေ တစ်လုံးစီ၊ တစ်ကြောင်းစီ၊ တစ်ပိုဒ်စီ တိတ်ခွေကြိုးလေးတွေ ပွန်းပဲ့ကုန်တဲ့အထိ။ သူ့ရဲ့ သီချင်းတွေကို နှစ်သက်လွန်းလို့ သူ့သီချင်းတွေကို မညည်းရဲလောက်အောင် ဖြစ်လာခဲ့ရတာ။ သူ့ရဲ့ အောင်မြင်မှုတွေက ကောင်ကင်ထဲပြန့်ကျဲ၊ သူရဲ့တေးသွားတွေက သွေးကြောထဲအထိ စိမ့်ဝင်၊ ဒီဂရီ အထူကြီးနဲ့ သူ့မျက်မှန်အောက်က မျက်ဝန်းတွေက သူ့ရဲ့ရင်ထဲက စကားလုံးတွေကို အမြဲကာရံညှိလို့။ လူငယ်တိုင်းရဲ့ နှုတ်ဖျားမှာ သူ့သီချင်း။ အားလုံးနဲ့ ထပ်တူညီလျှက်။ သူ့အကြောင်းတွေ မီဒီယာတွေက ဖော်ပြကြ။ သူကတော့ သူ့ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ပကတိစိတ်၊ ပကတိ ခန္ဓာကိုယ်၊ ပကတိနှလုံးသားနဲ့။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကတော့ တစ်ဖျစ်ဖျစ်မြည်ပြီး ကျွမ်းလောင်နေတဲ့ တေးသွား၊ သံစဉ်နဲ့ ကာရန်တွေနဲ့ တည်ဆောက်လို့။ သူ့ရဲ့ အခါလွန်တဲ့မိုး၊ ဝေးသွားတဲ့အခါ၊ နာရီပေါ်ကမျက်ရည်စက်များ၊ ညီလေး..ရေ..၊ ကာရန်မညီသော..၊ စကားလုံး မရှိတဲ့ကောင်းကင်၊ အမေ့ရဲ့ ဒုက္ခအိုးလေး၊ ချိုသောအပြုံးများ၊ တကယ်လို့များ၊ ရာဇ၀င်များရဲ့သတို့သမီး၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး၊ မျက်ရည်ဝဲယုံ၊ ကြယ်တွေစုံတဲ့ည၊ သက်ငြိမ်၊ ငါတရားစီရင်တော်မူခန်း၊ ချစ်တိုင်းလည်းမညား၊ တစ်နေ့စာအလွဲများ၊ အိမ်ပြန်ချိန်များ၊ လေလွင့်ခြင်းလမ်းမများ၊ အလွမ်းရဲ့မီးလျှံများ၊ ကောင်းကင်ထဲက မြစ်တစ်စင်း၊ သီချင်းများနဲ့လူ၊ ကြယ်တွေစုံတဲ့ည၊ မဟာဝီရ အိုဗုဒ္ဓ……………. ။ သူ့သီချင်းတိုင်း ကျွန်မအရမ်းကို စွဲမက်ခဲ့ရတာ။ သီချင်းတိုင်း၊ ခေါင်းစဉ်တိုင်း၊ စကားလုံးတိုင်းက စွဲမက်၊ တွယ်ငြိစရာ။ သူ့သီချင်းတွေကို သူကလွဲလို့ ဘယ်သူမှသီဆိုတာ မကြိုက်။ သူ့သီချင်းကို သူသီဆိုတာသာ နားထောင်လို့ အရသာရှိတယ်။ သူက သီချင်းတွေရေးတယ်။ သီဆိုတယ်။ တူရိယာတွေ တီးမှုတ်တယ်။ ကဗျာတွေရေးတယ်။ သူလောကကြီးက ထွက်ခွာသွားတာ အရမ်းကို စောလွန်းလှတယ်။ သူ့လို လူစားမျိုး နောက်တစ်ယောက် ထွက်ပေါ်လာဖို့ ဘယ်လောက်များ စောင့်ရဦးမလဲမသိ။ သူက ထွက်ခွာသွားပေမယ့် ကျန်ရစ်သူ အားလုံးကို အခုအချိန်အထိ ဆွဲရစ်ယူငင်ထားခဲ့တာ။ သူမရှိတော့ပေမယ့် သူချန်ခဲ့တာတွေက တနင့်တပိုး။ သူ့သီချင်းတွေက ဘယ်အချိန် နားထောင်ထောင် မရိုး၊ သူ့ကဗျာတွေက ဘယ်အချိန် ရွတ်ဖတ်ဖတ် မ၀နိုင်။ သူ့ရဲ့ လှိုင်းတွန့်ဆံနွယ်တွေက လွတ်လွတ်လပ်လပ်နဲ့ ပုခုံးပေါ်ဝဲကျလို့။ သူ့ရဲ့ ပါဝါမျက်မှန်ထူထူက သူ့ရဲ့ပြရုဂ်တစ်ခု။ ပါးလှပ်လှပ်ခန္ဓာကိုယ်နဲ့ သူ့ရဲ့ ရှည်သွယ်လက်ချောင်းတွေက သူ့ရင်ထဲက အနုပညာတွေကို တစ်ခုပြီးတစ်ခု ဖန်တီး မွေးထုတ်ခဲ့။ ကိုငှက်လို့ အများက ချစ်စနိုးခေါ်ခဲ့တဲ့ သီချင်းငှက်…။ အခုဆို ဘယ်သောင်၊ ဘယ်ကမ်း၊ ဘယ်နေရာမှာ ဘာတွေများ ရေးဖွဲ့ ဖန်တီးနေရှာမလဲနော်။ ၈နှစ်ဆိုတာ ရက်ပေါင်း ၂၉၂၀ရက်။ ဒါပေမယ့် ခဏလေးလိုလို၊ မနေ့တစ်နေ့ကလိုလို။ သူရဲ့ဂီတမှာ လူတွေ စွဲမက်နေဆဲ၊ တမ်းတနေဆဲ၊ လွမ်းဆွတ်နေဆဲ၊ သူရဲ့ဂီတအပေါ် ညွတ်နူးစီးမျောနေဟန်၊ စီးမျောပျော်ဝင်စွာနဲ့ ကိုယ်ခန္ဓာကို ယိမ်းနွဲ့သီဆိုဟန်များက သူ့ကို ချစ်ခင်မြတ်နိုးသူများရဲ့ ရင်ထဲ မှတ်မှတ်ထင်ထင် ရှိနေတုန်း။ သူ့ရဲ့ အနုပညာအပေါ် ရူးသွပ် တက်မက်မှုမျိုး တစ်ခါဘူးမှ မတွေ့ဘူးခဲ့။ ကဗျာအပေါ် ရူးသွပ်တဲ့ သူ့ရဲ့” သျှပ်မှူးကျော် “ နာမည်နဲ့ ရေးခဲ့တဲ့ ကဗျာတချို့ကို မျှဝေချင်မိတယ်။
… အမေ … မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ … အမေ ….. သားတော့ မီးလောင်နေပြီ လူတွေကတော့ ရယ်မှာပဲ သားရင်ထဲမှာ ကဗျာ … ကဗျာ … ကဗျာ … သက်သာရာ ရမလားလို့ပါ (ဒီတစ်ခါတော့ဖြင့်) ၀မ်းရေစပ်ရင်လည်း နည်းနည်းခွင့်လွှတ်ပါအမေ သားတော့ မီးလောင်နေပြီ။ <သျှပ်မှူးကျော်> မြ … အခါတစ်ပါး၌ သူမ၏လက်ဝယ် ထက် “မြ” သော မြားတစ်စင်းတည်၏။ သို့သော် “တေး” မရှိ။ ထိုအခါ ငါ၏လက်ဝယ် ချို ”မြ” သော စောင်းတစ်အိုးတည်၏။ သို့သော် “ကြိုး”မရှိ။ <သျှပ်မှူးကျော်> … အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ … ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။ အချို့အဆင်းမလှကုန်။ ထိုသူတို့တွင် အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို မထီမဲ့မြင်ပြုကြကုန်၏။ ထိုသို့ပြုသည်ရှိသော် .. ။ (ဦးကုလားရာဇ၀င်) နှလုံးသားနဲ့ဖတ်ဖို့ (ရင်၌ဖြစ်သော) ချစ်ဇနီးသို့။ <သျှပ်မှူးကျော်> … အသက်သည် အိမ်မက် … အိမ်မက်သည်သူ သူသည် အသက်ဖြစ်စေ ဆောင်းနှောင်းလျှင် နွေဦး၏။ နွေဦး၌ နှင်းကြွင်းသည်။ နှင်းကြွင်းပြယ်သော်လည်း သစ္စာကြွင်းစေ။ မြတ်နိုးခြင်း ကြွင်းစေ။ ;သျှပ်မှူးကျော်

သက်တံ 
ညနေခင်းတစ်ခု မိုးစဲလင်းပွင့်ကောင်းကင်မှာ.. ဟာ….. လှလိုက်တဲ့ သက်တံကြီးတစင်း စီးဆင်းနေတာတွေ့တယ်။ ရုတ်တရက်ပဲ ငါ… ကြေကွဲခဲ့ရပေါ့ ဘ၀ဆိုတာ သက်တံလိုပါလား… ။ ရှိတော့ရှိပါရဲ့ ဒါပေမဲ့ အရှိမဲ့ … ။ ၊ ထူးအိမ်သင် ချောင်းကြည့်ပေါက်များ သူ့အလို… အထက်အဆိုပါအကြောင်းများအရ တွေးဆချက်များမှာ (၁) “စကားလုံးများ” ဟာ “အတု” ဖြစ်ပြီး “စိတ်” သည် “အစစ်အမှန်” ဖြစ်တယ်…တဲ့။ (၂) “ခြေထောက်တွေ” ဟာ “လမ်း” ဖြစ်ပြီး “ငါ” သည် “ခရီးဆုံး” ဖြစ်တယ်…တဲ့။ (၃) ဆိုတော့ကာ… အဲဒီခြေထောက်အတုတွေနဲ့ အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ စီးစီးပြီး သွားနေရတာ… တဲ့ အဲဒီခရီးဆုံးမှ ရောက်ပါ့မလား အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား အဲဒီစိတ်ကြီးကို ကုန်လွန်းလို့ အဲဒီ ငါကဖြင့်…တဲ့ အင်း ပျင်းတယ်….ဆိုတာကြီးပဲ ကြိတ်မနိုင် ခဲမရ… …….။ ရဲသင်ရန် (ထူးအိမ်သင်) ၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း စံပါယ်ဖြူအိပ်မက် လှိုင်းခတ်သံ ဂီတ… ချိုမြ မပီပြင်၊သည်ရင်မှာ ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ… ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို အို…..လှလိုက်တာ။ သဲသောင်ခုံလား ၊ရေစွယ်လားလေ ခြေသံဖွဖွ၊ ကြားနေရပေါ့ မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့ သင်းပျံနေဆဲ၊ ရင်ထဲမှာ…။ စကားတိုးတိုး၊ မြူခိုးဝေေ၀ စံပယ်ရေ..စံပယ်ဖြူ… ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်… ရုတ်ခြည်းပျံပြေး၊ ဟိုးအဝေးကို။ သည်အိမ်မက်မှ၊ မောင် နိုးထလည်း တမ်းတတပ်မက်၊ ရုန်းမထွက်ချင် သက်ဦးမြတ်မွန်၊ ရွာလွန် ရွက်တိုက် ပြေးလိုက် ရှာဖွေ..။ စံပယ်ရေ..စံပယ်ဖြူ ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ် ရင်ထဲ မေးမိဆဲပါမေ။ လင်းလက် (ထူးအိမ်သင်) ၁၉၈၂ ၊ ရှုမ၀မဂ္ဂဇင်း သူက ဗီသိုပင်မဟုတ်၊ သူက ဂျွန်လင်နွန် မဟုတ်၊ သူက မြ၀တီမင်းကြီးဦးစ မဟုတ်၊ သူက ကျော်မြင့်လွင်လို့ အမေက အမည်သညာ ခေါ်တွင်စေခဲ့တဲ့၊ သူ့ရဲ့ ချစ်ပရိသတ်ကြီးက ကိုငှက်ကြီးလို့ ချစ်မက်စွာ ခေါ်ခဲ့တဲ့ ” ထူးအိမ်သင်” ။ သူ့အတွက် ကဗျာတစ်ပုဒ်ကို ဒီနေ့မှာ ချရေးမိခဲ့ပြီ။ “စကားလုံးမရှိတဲ့ကောင်းကင်ရဲ့သခင်” “ မကျွတ်လွတ်အောင် လွမ်းတဲ့စိတ်က… ရင်တစ်ခုလုံး ဟင်းလင်းပြင်။ မြတ်ချင်လို့ရင်းတဲ့ ဘ၀မဟုတ်ခဲ့တာကိုက ရင်ဘတ်တွေကို ကျကျနနသိမ်းပိုက်ခဲ့ပေါ့..။ သူ့ဂီတက… သူ့သမိုင်းရဲ့ သေဆုံးခွင့်ကို နောင်..ဘယ်တော့အထိ ပိတ်ပင်နိုင်မှာမဟုတ်။ လောကကြီးရေ…. သူ့ကျမှ မြန်လိုက်တာ တိမ်တွေက ချုံးပွဲချလို့။ လောကရဲ့လမ်းများပေါ်မှာ လျှောက်သွားခဲ့ဘူးတဲ့ အမေ့ရဲ့ ဒုက္ခအိုးကွဲလေးအတွက် ။ ချစ်ခြင်းအားဖြင့်…..လို့ ရာဇ၀င်တွင်ခဲ့တဲ့.. သူ့..အတွက် အမှတ်တရ….” <၀န်ခံချက်> ၁။ ပုံများကို Google မှယူသုံးပြီး၊ စိမ်းပြာရောင်နှင့် အပေါ်ဆုံးမှ စာစုလေးကိုတော့ တေးရေးဆရာနေရောင်က မျှဝေခွင့်ပြုကာ ကျန်ကဗျာများ ကိုတော့ မိတ်ဆွေ ကဗျာဆရာမြတ်ဝေမှ ကျေးဇူးပြုပါသည်။ ဆရာမစုမီအောင် ထံမှ သမီးလေးမိကွန်းထောနှင့်ပုံကို ရယူပါသည်။ ကိုငှက်ပုံများ မူရင်း ဖန်တီးရေးဆွဲသူ ပန်းချီဆရာများ၊ တေးရေး နေရောင်နှင့် ကဗျာဆရာမြတ်ဝေ၊ ဆရာမစုမီအောင်တို့အား ကျေးဇူးတင်ရှိပါကြောင်း။ ၂။ ဒီပို့စ်လေးက ကိုငှက်၆နှစ်ပြည့်မှာတုန်းက ရေးဖြစ်ခဲ့တဲ့ပို့စ်အဟောင်း တစ်ပုဒ် ပါ။ ဘယ်တော့မှ မဟောင်းသွားနိုင်တဲ့ ဒီပို့စ်လေးကို ကိုငှက်ရဲ့ ၈နှစ်ပြည့်တဲ့ နေ့ရက်မှာ ပြန်လည်ဖြည့်စွက် တင်ပေးလိုက်ခြင်းပါ။ 

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။ 

**မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)