အိမ်တစ်အိမ်အတွင်း ညအချိန်၌၀င်ရောက်ကာ ပစ္စည်းများခိုးယူရန် ကြိုးစားနေသော သူခိုးတစ်ဦးအား အလွန်ရိုးသောအိမ်ရှင်က ဖမ်းမိလေသည်။
အိမ်ရှင် = ကဲ..ဘယ်မှမပြောနဲ့။
သူခိုး = ဟုတ်ကဲ့ပါ။
အိမ်ရှင် = မင်းကို..ရဲလက်ထဲအပ်ရမယ်။
သူခိုး = ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ…တောင်းပန်ပါတယ်။
အိမ်ရှင် = ခွင့်မလွှတ်နိုင်ဘူး..ရဲကိုခေါ်မယ်..
သူခိုး = မခေါ်ပါနဲ့ခင်ဗျာ…နောက်ဆိုရင်မခိုးတော့ပါဘူး။
အိမ်ရှင် = မရဘူး…မင်းတစ်ယောက်တည်းလား အဖော်ပါသေးလား။
သူခိုး = ဟုတ်ကဲ့..နှစ်ယောက်ပါတယ်။
အိမ်ရှင် = ဟုတ်လား..ဘယ်မှာလဲ..ပြောစမ်း။
သူခိုး = ဟုတ်ကဲ့…အိမ်အပြင်ဘက်မှာ စောင့်နေကြပါတယ်။
အိမ်ရှင် = အဲဒီကောင်တွေပါ..ရဲလက်အကုန်အပ်မယ်။ သွားစမ်း..အိမ်ပေါ်ကိုခေါ်လာခဲ့..ငါစောင့်နေမယ်။ သူခိုး = “ဗျာ၊ သြော်..ဟုတ်ကဲ့” ဟုဆိုကာ ပြေးထွက်သွားပါတော့သည်။
အာကာဟိန်းရေးသားသည်။
** 21-8-2012 **
အိမ်တစ်အိမ်အတွင်း ညအချိန်၌၀င်ရောက်ကာ ပစ္စည်းများခိုးယူရန် ကြိုးစားနေသော သူခိုးတစ်ဦးအား အလွန်ရိုးသောအိမ်ရှင်က ဖမ်းမိလေသည်။
အိမ်ရှင် = ကဲ..ဘယ်မှမပြောနဲ့။
သူခိုး = ဟုတ်ကဲ့ပါ။
အိမ်ရှင် = မင်းကို..ရဲလက်ထဲအပ်ရမယ်။
သူခိုး = ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ…တောင်းပန်ပါတယ်။
အိမ်ရှင် = ခွင့်မလွှတ်နိုင်ဘူး..ရဲကိုခေါ်မယ်..
သူခိုး = မခေါ်ပါနဲ့ခင်ဗျာ…နောက်ဆိုရင်မခိုးတော့ပါဘူး။
အိမ်ရှင် = မရဘူး…မင်းတစ်ယောက်တည်းလား အဖော်ပါသေးလား။
သူခိုး = ဟုတ်ကဲ့..နှစ်ယောက်ပါတယ်။
အိမ်ရှင် = ဟုတ်လား..ဘယ်မှာလဲ..ပြောစမ်း။
သူခိုး = ဟုတ်ကဲ့…အိမ်အပြင်ဘက်မှာ စောင့်နေကြပါတယ်။
အိမ်ရှင် = အဲဒီကောင်တွေပါ..ရဲလက်အကုန်အပ်မယ်။ သွားစမ်း..အိမ်ပေါ်ကိုခေါ်လာခဲ့..ငါစောင့်နေမယ်။
သူခိုး = “ဗျာ၊ သြော်..ဟုတ်ကဲ့” ဟုဆိုကာ ပြေးထွက်သွားပါတော့သည်။
အာကာဟိန်းရေးသားသည်။

No comments:
Post a Comment