-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အသည်းကွဲဝေဒနာရှင်
ရောဘတ်ပတ်တင်ဆန်..ရိစ်ဝစ်သာစပွန်း၏ နေအိမ်သို့ရောက်ရှိနေ**
လွန်ခဲ့သည့် သီတင်းပတ်က Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်က လိမ်ညာလှည့်ဖြားခဲ့မှုများကို လူသိရှင်ကြား ၀န်ချတောင်းပန်ခဲ့ပြီးနောက် ပူပူနွေးနွေး အသည်းကွဲဝေဒနာခံစားနေရသည့် Twilight မင်းသား ရောဘတ်ပတ်တင်ဆန်သည် နာမည်ကျော်မင်းသမီး ရိစ်ဝစ်သာစပွန်း၏ ကာလီ ဖိုးနီးယားပြည်နယ်ရှိ အပန်းဖြေအိမ်တွင် သွားရောက်နေထိုင်လျက်ရှိကြောင်း UsMagazine ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။ရောဘတ်ပတ်တင်ဆန်နှင့် ရိစ်ဝစ်သာ စပွန်းတို့ သည် ၂၀၁၁ ခုနှစ်က Water for Elephants ဇာတ်ကားတွင် အတူ တွဲဖက် သရုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။ပတ်တင်ဆန်သည်လွန်ခဲ့သည့် သီတင်း ပတ်က ၎င်းနှင့် Twilight ဇာတ်ကားများတွင် အတူသရုပ်ဆောင်ခဲ့ပြီး သုံးနှစ်ကြာ လက်တွဲလာသည့် ချစ်သူခရစ္စတင်းစတီးဝပ်နှင့် Snow White and the Huntsma ဇာတ်ကား ဒါရိုက်တာအသက်(၄၁)နှစ်ရှိ ကလေးနှစ်ဦး ဖခင်ရူးပတ်ဆန်ဒါစ်နှင့် သို့လောသံသယဖြစ်စရာ အပြုအမူကိစ္စများကြောင့် အသည်းကွဲဝေဒနာကို ဖြေသိမ့်ရန်ရိစ်ဝစ်သာစပွန်း၏ နေအိမ်သို့ ရောက်ရှိနေခဲ့သည်ဟု ဆိုသည်။ လောလောဆယ် ကိုယ်ဝန်လွယ်ထားရသည့် မင်းသမီး ရိစ်ဝစ်သာစပွန်း၏ နေအိမ်သို့ ပတ်တင်ဆန် ရောက်ရှိနေချိန်တွင် ရိစ်ဝစ်သာစပွန်း၏ ခင်ပွန်းနှင့် ကလေးနှစ်ဦး အိမ်တွင် ရှိ၊ မရှိကိုမူအတိအကျမသိရဟု ဆိုသည်။ ခရစ္စတင်းစတီးဝပ်၏ အပြုအမူများကြောင့် ပတ်တင်ဆန်သည် ဒေါသထွက် ပေါက်ကွဲလျက်ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ထုတ်ဖော်ပြောကြား သည်။ခရစ္စတင်းစတီးဝပ်ကလည်း မက်ဆေ့ပို့၍ တစ်မျိုး၊ ဖုန်းဆက်၍တစ်သွယ် အမျိုးမျိုးအဖုံဖုံ ကြိုးစာားကာ နားလည်နိုင်ငံတကာ အနုပညာရပ်ဝန်း ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်ဟုဆိုသည်။''သူတို့နှစ်ယောက်ပြန်လည်ပေါင်းစည်းဖို့ သိပ်မသေချာတော့ဘူးလို့ ထင်ပါတယ်''ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပီးပဲလ် မဂ္ဂဇင်းဝက်ဘ်ဆိုက်သို့ ပြောကြားသည်။ (အင်တာနက်)
**ဗင်နီဇွဲလားဓားသိုင်းချန်ပီယံ ပထမဆုံးရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၂)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုပွဲများကို သြဂုတ် ၂ ရက်က ဆက်လက်ကျင်းပရာ ဗင်နီဇွဲလားနိုင်ငံမှ
ဓားသိုင်းချန်ပီယံ ရူဘင်လီမာဒိုက အမျိုးသားဓားသိုင်းပြိုင်ပွဲတွင် နော်ဝေဓားသိုင်းကစားသမား
ဘာ့တော့ဇ်ပီယာဆက်ဘီးအား ဗင်နီဇွဲလားဓားသိုင်းးကစားသမား လီမာဒိုသည် နော်ဝေဓါးသိုင်းကစား
သမားအား ၁၅-၁၀ မှတ်ဖြင့် အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။ လီမာဒိုသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ပထမဆုံးအကြိမ် အိုလံပစ်ပြိုင်ပွဲ ၀င်ရာက်ယှဉ်ပြိုင်ပွဲတွင် ၁၉၆၈
ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုဆွတ် ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင်
တောင်ကိုရီးယားမှ ဂျွန်ဂျင်ဆန်းနှင့် အမေရိကန်မှ ဆက်ကယ်စလေတို့ ယှဉ်ပြိုင်ရာတွင်
တောင်ကိုရီးယားဓားသိုင်းကစားသမားက ၁၂-၁၁ မှတ်ဖြင့် နိုင်ပြီး ကြေးတံဆိပ်ဆု
ဆွတ်ခူးသွားခဲ့သည်။ (အင်တာနက်)
** ဘရာဇီး၊ မက္ကဆီကို၊ ဟွန်ဒူးရပ်စ် စသည့် လက်တင်အမေရိကအသင်းများ
၂၀၁၂ လန်ဒန်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားအဆင့်တက်**
(လန်ဒန်၊ သြဂုတ် ၂)
၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်
ကစားခဲ့ရာ အုပ်စုပြိုင်ပွဲများအပြီးတွင် လက်တင်အမေရိကမှ ဘရာဇီး၊ မက္ကဆီကိုနှင့်
ဟွန်ဒူးရပ်စ်တို့ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။
အဆိုပါ အသင်းသုံးသင်းထဲမှ အံ့သြဖွယ်အကောင်းဆုံးအသင်းမှာ
ဟွန်ဒူးရပ်စ်အသင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်အသင်းသည် အိုလံပစ်ပြိုင်ပွဲသို့ တတိယ
အကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရသည့်အသင်းဖြစ်ပြီး ပထမဆုံးအကြိမ် ကွာတား
ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့် ခုနစ်လကတည်းက ရေကုန်ရေခန်းကြိုးစားခဲ့သည့်
ဟွန်ဒူးရပ်စ်ကစားသမားများကို ဂုဏ်ယူပါကြောင်းနှင့် အရေးကြီးဆုံးအချက်မှာ
ကစားသမားများ၏ စုစည်းမှုနှင့် ချစ်ကြည်စွာ ကစားရန်တို့ဖြစ်ကြောင်း ဟွန်ဒူးရပ်စ်
အသင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။
ဟွန်ဒူးရပ်စ်အသင်းသည် ရွှေတံဆိပ်ဆုရရှိရန် ဆန္ဒပြင်းပြနေသည့် ဘရာဇီး
အသင်းနှင့် ကွာတားဖိုင်နယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်များတွင် ဗြိတိန်က ဥရုဂွေးကို တစ်ဂိုး-ဂိုးမရှိဖြင့်
လည်းကောင်း၊ ဆီနီဂေါနှင့် ယူအေအီးသည် တစ်ဖက်တစ်ဂိုးစီဖြင့်လည်းကောင်း၊
မက္ကဆီကိုက ဆွစ်ဇာလန်ကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ကိုရီးယားနှင့်
ဂါဘွန်မှာ ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ဘရာဇီးက နယူးဇီလန်ကို သုံးဂိုး-
ဂိုးမရှိဖြင့်လည်းကောင်း၊ အီဂျစ်က ဘယ်လာရုစ်ကို သုံးဂိုး-တစ်ဂိုးဖြင့် လည်း
ကောင်း၊ ဂျပန်နှင့် ဟွန်ဒူးရပ်စ်၊ စပိန်နှင့် မော်ရိုကိုတို့မှာ ဂိုးမရှိသရေရလဒ်များဖြင့်
လည်းကောင်း ပြီးဆုံးသွားခဲ့သည်။
အသက်(၂၃)နှစ်အောက် ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ
၏ ကွာတားဖိုယ်ပွဲစဉ်များ အဖြစ် ဂျပန်နှင့် အီဂျစ်၊ မက္ကဆီကိုနှင့် ဆီနီဂေါ၊ ဘရာဇီး
နှင့် ဟွန်ဒူးရပ်စ်၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
(အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment