ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 17, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ မကြာမီတရားဝင်လက်ထပ်တော့မည်**
(ပါရီ၊ သြဂုတ် ၁၅) အသက် ၃၇ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီနှင့် အသက် ၄၈ နှစ်အရွယ်ရှိသည့် ရုပ်ရှင်မင်းသား ဘရက်ပစ်တို့သည် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက တွဲနေကြသူများဖြစ်သည်။ ရုပ်ရှင်မင်းသားဘရက်ပစ် ပိုင်ဆိုင်သော ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိနေအိမ်ကြီးတွင် ပါတီပွဲတစ်ရပ်ပြုလုပ်ခဲ့ရာတွင်လည်း အင်ဂျလီနာဂျိုလီက တရားဝင် လက်ထပ်တော့မည်ဟု အတည်ပြုထုတ်ဖော်ပြောကြားသည်။ ၄င်းတို့နှစ်ဦးသည် ယခုနှစ်ပြီးခဲ့သည့် ဧပြီလကတည်းက တရားဝင်စေ့စပ်ပွဲပြုလုပ်ခဲ့ပြီး လက်ထပ်မည့်နေ့ရက်ကို အထိအကျထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။ (အင်တာနက်)

**ရုပ်ရှင်ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေတဲ့ လူငယ်ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်း**

 (လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၅) ဟောလိဝုဒ် လူငယ်အမျိုးသမီး သရုပ်ဆောင် ဒါကိုတာဖန်နင်းရဲ့ The Motel Life ဇာတ်ကားကို အမေရိကန်နိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသခဲ့တာဟာ လူကြိုက်များခဲ့တာမို့ ရုပ်ရှင်သရုပ်ဆောင်အပြင် ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်တော့မယ်လို့ ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်းက သြဂုတ် ၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးပေမယ့် ဟောလိဝုဒ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ ဒါကိုတာဖန်နင်းဟာ မကြာမီက ရိုက်ကူးပြသခဲ့တဲ့ The Motel Life ဇာတ်ကားကိုပူးတွထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကားအောင်မြင်ရခဲ့လို့ ထုတ်လုပ်သူတစ်ဦးအဖြစ် ငွေကြေးရင်းနှီးမြှုပ်နှံလိုက်ကိုင်သွားမယ်လို့ ပြောကြားနေခြင်းဖြစ်ပါတယ်။ (အင်တာနက်)

  **ဂျွန်တယ်ရီအား အက်ဖ်အေ၏တရားစွဲမှုမှ လွတ်မြောက်ရန် အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန် မျှော်လင့်** 
(လန်ဒန် သြဂုတ် ၁၅) အင်္ဂလန်အသင်းမန်နေဂျာ ရွိုင်းဟော့ဒ်ဆန်သည် ဂျွန်တယ်ရီအား အက်ဖ်အေ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ တရားစွဲဆိုမှုအောက်မှ လွတ် မြောက်ရန် မျှော်လင့်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ အသက်(၃၁)နှစ်အရွယ်ရှိ ချယ်လ်ဆီးနောက်တန်းကစားသမား ဂျွန်တယ်ရီ သည် အောက်တိုဘာ ၂၃ ရက်က ကျူပီအာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တစ်ခုတွင် ကျူပီအာ နောက်တန်း ကစားသမား အန်တန်ဖာဒီနန်အားလူမျိုးရေးခွဲခြားဆက်ဆံခဲ့မှုဖြင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)၏တရားစွဲဆိုခံခဲ့ရသည်။ သို့ရာတွင် ဂျွန်တယ်ရီကမူ အဆိုပါတရားစွဲဆိုမှုကို ငြင်းဆိုခဲ့ပြီး ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကြားနာစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုထားခဲ့သည်။ အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်ကလည်း အက်ဖ်အေ၏တရားစွဲဆို မှုအောက်မှ ဂျွန်တယ်ရီလွတ်မြောက်ရန်အပြည့်အဝမျှော်လင့်ထား ကြောင်းနှင့်လာမည့်ဘော လုံးပြိုင်ပွဲများတွင်လည်းအင်္ဂလန်အသင်းတွင် ပါဝင်ကစားနိုင် မည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။ယင်းသို့ မိမိယုံကြည်ထားသော်လည်း ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုသည်နှင့်ပတ်သက်၍ မတွေးတတ်ကြောင်း အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။ မိမိအပါအဝင် ဂျွန်တယ်ရီ၏ကစားဖော်များကလည်း ထောက်ခံမှုများ ပြုလုပ်ခဲ့ပြီး အက်ဖ်အေက ချမှတ်သောပြစ်ဒဏ်မှ လွတ်မြောက်ရန်နှင့် အသင်း တွင် ပြန်လည်ကစားခွင့်ရရှိရေးမျှော်လင့်နေကြကြောင်းလည်း ရွိုင်း ဟော့ဒ်ဆန်က ပြောကြားခဲ့သည်။ (အင်တာနက်)

 **ဂတ်စတန်ရာမီရက်ဇ် စပါးအသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့**
 ( လန်ဒန် သြဂုတ် ၁၅) ဘိုလော့နာတိုက်စစ်မှူး ဂတ်စတန်ရာမီရက်ဇ်သည် ၄င်းအားခေါ်ယူရန် ကမ်းလှမ်းလာခဲ့သော တော့တင်ဟမ်ဟော့စပါးအသင်း၏ ချဉ်းကပ်လာမှုကို ငြင်းပယ် ခဲ့ကြောင်း ဂတ်စတန်ရာမီရက်ဇ်၏ အေးဂျင့်ဖြစ်သူက သြဂုတ် ၁၅ ရက်တွင် ပြောကြား ခဲ့သည်။ဥရုဂွေးနှင့်ဘိုလော့နာကြယ်ပွင့် ဂတ်စတန်ရာမီရက်ဇ်က တော့တင်ဟမ်ဟော့ စပါးအသင်းသည် မိမိအား လက်မခံလောက်ဖွယ်လုပ်ခလစာဖြင့် ကမ်းလှမ်းလာ သောကြောင့် ယင်းကဲ့သို့ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ စပါးအသင်းကမူ ဘိုလော့နာတိုက်စစ်မှူးဂတ်စတန်ရာမီရက်ဇ်သည် လီဗာပူး အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများပြုလုပ်နေသည်ကို ကြားသိရ၍ စပါးအသင်း သို့ ရောက်ရှိရေးအတွက် ခိုင်လုံသော ကမ်းလှမ်း မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။စပါးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းက ရောင်းချရန်တောင်းဆိုထားသော စပါးကွင်းလယ်ကစားသမားလူကာမိုဒရစ်၏ ဝှိုက်ဟက်ဒ်လိန်းအနာဂတ်မှာသေချာရေရာမှုမရှိခြင်းကြောင့် ဘိုလော့နာတိုက်စစ်မှူး ဂတ်စတန်ရာမီရက်ဇ်အားစပါးအသင်းသို့ အပြီးသတ်ရောက်ရှိရေးကြိုးပမ်းမှုတစ်ရပ်အဖြစ် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ကြောင်း စပါးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ (အင်တာနက်) 

**ဒရာမာဇာတ်လမ်းတွဲ ရိုက်ကူးမည့် ရုပ်ရှင်မင်းသမီး ဟန်ဂါအင်**
 (ဆိုးလ်၊ သြဂုတ် ၁၅) တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ဟန်ဂါအင်၏ ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြစ်သည့် The Moon that Embraces the sun အမည်ရှိ ဇာတ်လမ်းတွဲကို အမ်ဘီစီရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်များ နှစ်သက်အားပေးမှုရရှိခဲ့သဖြင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ သစ်တစ်ကား ထပ်မံရိုက်ကူးမည်ဟု သြဂုတ် ၁၄ ရက် အင်တာနက်သတင်း၌ ဖော်ပြသည်။ အသက် ၃၀ အရွယ်ရှိသည့် ရုပ်ရှင်မင်းသမီးဟန်ဂါအင်သည် ယင်းဒရာမာဇာတ်လမ်းတွဲသစ်တွင် အခက်အခဲများ၊ ပြဿနာအများအပြားကို ရင်ဆိုင်ဖြတ်ကျော်ကာ အောင်မြင်မှုရရှိရန်ကြိုးစားခဲ့သည့် အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)