ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 23, 2012

ဘုရားသခင်နဲ့ အချင်းများခြင်း . . .

>
ဘုရားသခင်ကို လူမျိုးလောက်မချစ်ဘူး 
ဘုရားသခင်ကို နိုင်ငံလောက်မချစ်ဘူး 
ဘုရားသခင်ကို ကိုယ့်ကိုကိုယ်လောက်မချစ်ဘူး 
ဘုရားသခင်ကို လွတ်လပ်ခွင့်လောက်မချစ်ဘူး 
ဘုရားသခင် ဘုရားသခင်အကြောင်းတခါမှ ကဗျာမရေးဖူးဘူး
 ဘုရားသခင်သာ တကယ်ရှိရင် တခါလောက်ကဗျာရေးခွင့်ပြုပါ . . . 

ဘုရားလို့ ဘာကြောင့်ခေါ်လဲ မသိပါ 
ဘုရားသခင်ဟာ တကယ်ရှိသလား 
ဘုရားသခင်ဟာ တကယ်မရှိဘူးလား 
ဘုရားသခင်တကယ်ရှိရင် ညနေအိမ်ကိုအလည်လာပါ 
ဘုရားသခင်ဖန်ဆင်းတဲ့ သာမန်လူသားတစ်ဦးနဲ့ စကားပြောခွင့်ပြုပါ 
ဘုရားသခင်က စကားမပြောရအောင် ကျနော်က ဆင်းရဲလို့လား 
ကျနော်က ယုတ်မာနေလို့လား
 ကျနော်က ပညာနည်းလို့လား
 ဒါမှမဟုတ်မပြောချင်လို့ မပြောတာလား 
ဒါမှ မဟုတ် တကယ်မရှိလို့မပြောတာလား
 ဘုရားသခင်ဟာ ယုဒ်ပြတခုလား 
ဘုရားသခင် ဘုရားသခင် ဘုရားသခင် 
ဒီလောက်စော်ကားနေတဲ့ ကျနော့်ကဗျာမတောက်တခေါက်ရေးတတ်တဲ့ 
အတတ်ပညာ ပိစိညှောက်တောင့်ကို စာတွေမှာပါတဲ့တန်ခိုးနဲ့ ရပ်ပလိုက်ပါ . . . 

ဘာသာမဲ့နဲ့ ဘာသာရှိတဲ့လူဟာ ဘာကွာလဲ 
ကွာခြားချက်တွေကြောင့် ဘယ်လိုအကျိုးသက်ရောက်မူ့ရှိလဲ 
ဘုရားသခင် ကျနော်ဟွာဝေး တလုံးလောက်လိုချင်တယ် 
ဘုရားသခင် ကျနော် နောက်ဆုံးပေါ် အိုင်ပက်တလုံးလိုချင်တယ် 
ဘုရားသခင် ကျနော့်စာတွေကို လုံးဝဥသုဉ် ( ကျနော်ကိုယ်တိုင်မဟုတ်ပဲ ) 
နားလည်နိုင်မဲ့လူတစ်ယောက်လိုချင်တယ် 
ဘုရားသခင်ကိုမယုံရင် ဘုရားသခင် ဒဏ်ခတ်မှာလား 
ဘုရားသခင်ကို လက်မခံရင် လာရောက်တရားပြမှာလား 
ဘုရားသခင်ဟာ စင်္ကြာဝဌာတခုကိုပိုင်တာလား
 ဘုရားသခင်ဟာ အလုံးစုံကိုပိုင်တာလား 
ဘုရားသခင်ဟာ ဖန်ဆင်းသူဖြစ်ကြောင်းဘယ်လို သက်သေပြမလဲ 
ဗုဒ္ဒမြတ်စွာဘုရားနဲ့ဘုရားသခင်ဘယ်သူ မှန်သလဲ
 ဗြမ္မာကြီးနဲ့ဘုရားသခင်က ဘယ်သူပိုတန်ခိုးကြီးသလဲ 
ချားဒါဝင်နဲ့ ဘုရားသခင် ဘယ်သူပိုတန်ခိုးကြီးသလဲ 
ဖန်ဆင်းရှင် ၀ါဒဟာ ဘုရားသခင်အမည်နာမတခုနဲ့ အသက်ဝင်တယ် . . . 

ဘုရားသခင်ရှိတယ်ဆိုတာနဲ့ ယုံလိုက်ရမလား 
ဘုရားသခင်ကို ယုံကြည်ရင် မြင်ရမယ်ဆိုတာနဲ့ ယုံလိုက်ရမလား 
ကျနော်ယုံပြီးမှ ဘာမှဖြစ်မလာရင် ဘယ်လိုအလျှော်ပေးမလဲ
 မြန်မာစကားမှာ ဟုတ်သည် ရှိ မဟုတ်သည် ရှိ ဆိုတဲ့ အပြောရှိတယ်ဘုရားသခင် 
ဒါကြောင့် ပြောခဲ့သမျှ အတွက် မဟာဂရုဏာနဲ့ခွင့်လွတ်ပါ 
ခွင့်မလွတ်နိုင်ရင် လဲ ရပါတယ် ဘုရားသခင် 
ဘုရားသခင် ခွင့်မလွတ်ဘူးဆိုရင် သာမန်စိတ်ကောက်တတ်တဲ့လုနဲ့ဘာထူးလဲ
 နောက်တာပါ ဘုရားသခင် 
ဒီကဗျာဟာ ကျနော်ဘုရားသခင်အပေါ်အမြင်ဖြစ်တယ် 
ကဗျာတစ်ပုဒ်လိုပဲ ဖတ်ပါဘုရားသခင် 

ဘုရားသခင်ကိုနာမည်မတတ်ထားတဲ့အတွက် 
ဘယ်ဘာသာက ဘယ်အစွန်းရောက် မှ ဆဲမယ်မထင်ဘူး 
ဆဲရင်လည်းခံပါ့မယ် ဘုရားသခင် 
ကျမ်းစာအုပ်အရပ်ရပ်က အလိုအတိုင်းဆို 
ဒါဟာ ဘုရားသခင်ဖန်ဆင်းတဲ့ ကဗျာတပုဒ်မို့လို့ပဲ
 ဒါဟာ ကဗျာတစ်ပုဒ်မျှသာ . . . 

မာဃလုလင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)