-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**လစ်သူယေးနီးယားရေကူးမယ် အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုဆွတ်ခူး**
(လန်ဒန်၊ ဇူလိုင် ၃၁)
လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲများကို ဇူလိုင် ၃၁ ရက်က ဆက်လက်ကျင်းပခဲ့ သည်။ လစ်သူယေးနီးယားနိုင်ငံမှ အသက် ၁၅ နှစ်အရွယ်ရှိ ရေကူးအားကစားမယ် ရုတာမီလူတိုင်တေးသည်အမျိုါ်သမီးမီတာ ၁၀၀ ဘရက်စတုတ်ရေကူးပြိုင်ပွဲတွင် ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးရရှိသွားခဲ့သည်။ မီလူတိုင်တေးသည် အဆိုပါပြိုင်ပွဲတွင် စံချိန် ၁ မိနစ် ၀၅.၄၇ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲနိုင်ခဲ့သည်။ အမေရိကန် ရေကူးချန်ပီယံ ဆိုနီက စံချိန် ၁ မိနစ် ၀၅.၅၅ စက္ကန့်ဖြင့် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ဂျပန်ရေကူး အားကစားမယ် ဆူဇူကီးက ယင်းပြိုင်ပွဲတွင် စံချိန် ၁မိန် ၀၆.၄၆ စက္ကန့်ဖြင့် တတိယပန်းဝင်ပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိသွားသော အသက် ၁၅ နှစ်အရွယ် မီလူတိုင်တေးသည် အိုလံပစ်သမိုင်းတွင် အသက်အငယ်ဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်သည့် အားကစားမယ်ဖြစ် သို့ လစ်သူယေးနီးယားနိုင်ငံအတွက်လည်း ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးပေးလိုက်ခြင်းပင် ဖြစ်သည်။ ၄င်းသည်လွန်ခဲ့သော သုံးနှစ်က ဗြိတိန်နိုင်ငံသို့ ၄င်း၏ဖခင်နှင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် အင်္ဂလန်နည်းပြ ဂျွန်ရုသ်က လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ဂျွန်တယ်ရီ၏ အမှုစစ်ဆေးခြင်းကို ဝေဖန်မှုများပြုလုပ်ခဲ့ သည့်မန်ယူနောက်တန်းကစား သမား ဖာဒီနန်အား အက်ဖ်အေက တရားစွဲဆို**
(ဂျွန်တယ်ရီ နဲ့ အန်တွန်ဖာဒီနန်)
( လန်ဒန် ဇူလိုင် ၃၁) ချယ်လ်ဆီး နောက်တန်းကစားသမားဂျွန်တယ်ရီအား အမှုစစ်ဆေးခဲ့သည့်ကိစ္စ နှင့်စပ်လျဉ်း၍ မန်ယူနောက်တန်း ကစားသမား ရီယိုဖာဒီနန်က ၄င်း၏တွစ်တာ စာမျက်နှာတွင် ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က တရားစွဲဆိုခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။ ဂျွန်တယ်ရီ၏ပြစ်မှုမှာ ရီယိုဖာဒီနန်နှင့်ညီအစ်ကိုတော်စပ်သူ ကျူပီအာ နောက်တန်းကစားသမား အန်တွန်ဖာဒီနန်အား လူမျိုးရေးခွဲခြားကာ ကစား သမားမပီသစွာ ပြုမူခဲ့ခြင်းကြောင့်အက်ဖ်အေ၏ အမှုစစ်ဆေးခြင်းကို ခံခဲ့ရ ခြင်းဖြစ်သည်။ယင်းအမှုစစ်ဆေးခြင်းနှင့် ပတ်သက်၍မန်ယူ နောက်တန်းကစားသမား ဖာဒီနန်က ချယ်လ်ဆီးနောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် ဂျွန်တယ်ရီ၏ အမှုစစ်ဆေးရာတွင်မျက်မြင်သက်သေတစ်ဦးအဖြစ် အကာ အကွယ်ပေးခဲ့သည်ကို ဖာဒီနန်က ၄င်း၏တွစ်တာစာမျက်နှာတွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်အောက်တိုဘာလကလည်းချယ်လ်ဆီး နောက်တန်းကစားသမားဂျွန်တယ်ရီနှင့် မန်ယူနောက်တန်းကစားသမား ရီယိုဖာဒီနန်တို့ အချင်းများခဲ့ကြသည်ဟုလည်း သတင်းများတွင် ဖော်ပြ ထားခဲ့သည်။မည်သို့ပင်ဖြစ်စေ လက်ရှိတွင်မူဂျွန်တယ်ရီ၏အမှုစစ်ဆေးခြင်းကို ဝေဖန် မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အက်ဖ်အေကမန်ယူနောက်တန်းကစားသမား ရီယို ဖာဒီနန်အား တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၃၁ ရက် အင်တာနက် အားကစားသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ (အင်တာနက်)
**လန်ဒန်အိုလံပစ် စတုတ္ထနေ့ ဆုရရှိမှုစာရင်း**
စဉ် နိုင်ငံ ရွှေ ငွေ ကြေး ပေါင်း
၁။ တရုတ် ၁၀ ၅ ၃ ၁၈
၂။ အမေရိကန် ၆ ၇ ၅ ၁၈
၃။ ပြင်သစ် ၄ ၁ ၄ ၉
၎။ မြောက်ကိုရီးယား ၃ ၀ ၁ ၎
၅။ အီတလီ ၂ ၄ ၂ ၈
၆။ တောင်ကိုရီးယား ၂ ၂ ၂ ၆
၇။ ဂျာမနီ ၂ ၂ ၁ ၅
၈။ ရုရှား ၂ ၀ ၄ ၆
၉။ ကာဇက်စတန် ၂ ၀ ၀ ၂
၁၀။ ဂျပန် ၁ ၄ ၇ ၁၂
**လီဗာပူးတိုက်စစ်မှူး အန်ဒီကာရိုး ဝက်စ်ဟမ်းအသင်းနှင့်အငှားစာချုပ်ကို သဘောတူလိုက်ပြီ**
(လန်ဒန် ဇူလိုင် ၃၁)
ဝက်စ်ဟမ်းအသင်းသည် လီဗာပူးတိုက်စစ်မှူး အန်ဒီကာရိုးအား အငှား
စာချုပ်ဖြင့် ခေါ်ယူလိုကြောင်း ပြောကြားခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင်
နှစ်သန်းသတ်မှတ်ကာ သဘောတူညီမှုရရှိခဲ့ကြောင်း ဇူလိုင် ၃၁ ရက်တွင်
သတင်းဖော်ပြသည်။အသက်(၂၃)နှစ်အရွယ်ရှိ လီဗာပူးတိုက်စစ်မှူး အန်ဒီကာရိုးသည်
ဘောလုံးရာသီအကုန်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် လီဗာပူးအသင်း
ကို စွန့်ခွာမည်ဟုဆိုခဲ့သော်လည်း လက်ရှိတွင်မူ အန်ဖီးလ်မှ တရားဝင်ထွက်ခွာရန်
ဆန္ဒမရှိကြောင်းပြောကြားကာ ဝက်စ်ဟမ်းအသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်
ကစားရန် သဘောတူလိုက်ပြီဖြစ်သည်။လီဗာပူးအသင်းသည် တိုက်စစ်မှူး
ကာရိုးအား ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက အလွတ်ပြောင်းရွှေ့ကြေး
ပေါင် ၃၅ သန်းဖြင့် နယူးကာဆယ်အသင်းမှ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်း
ဖြစ်သည်။လီဗာပူးအသင်းအနေဖြင့် ကာရိုးအားစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့
သော်လည်း လီဗာပူးအသင်းအတွက် ၅၆ပွဲကစားပြီး ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် အသင်းမှ ထွက်ခွာရန်တောင်းဆိုခဲ့သည်။သို့သော် လီဗာပူးအသင်းမှ နည်းပြကင်နီဒဲဂလစ်ရှ် ထွက်သွားပြီးနောက်တိုက်စစ်မှူး ကာရိုး၏ ယခင် ဆွမ်ဆီးအသင်း
နည်းပြဟောင်း ဘရန်ဒန်ရော့ဂျာရောက်ရှိလာပြီးနောက် အသင်းတွင်
ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ယင်းသို့ ကာရိုးအနေဖြင့် ဆုံးဖြတ်ထား
ခြင်းကြောင့် လီဗာပူးအသင်းမှ အပြီးထွက်ခွာခြင်းမရှိဘဲ ဝက်စ်ဟမ်းအသင်းသို့
အငှားစာချုပ်ဖြင့်သာ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ကြောင်း တိုက်စစ်မှူးကာရိုးက
ပြောကြားခဲ့သည်။ (အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး ၊နိုင်လင်းကြည်

No comments:
Post a Comment