-ဘ၀အမောပြေ-
**ပြန်လာမယ်**
ဇနီးမောင်နှံနှစ်ဦးတို့ တရားရုံးသို့ ရောက်ရှိလာပြီး တရားသူကြီးထံ ကွာရှင်းပြတ်စဲလိုကြောင်း လျှောက်ထားလေသည်။
တရားသူကြီး = မောင်မင်းတို့…တကယ်တမ်းကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီလား
… ဇနီးမောင်နှံ = ဟုတ်ကဲ့။
တရားသူကြီး = နှစ်ဦးစလုံးကွာရှင်းဖို့ သဘောတူကြရဲ့လား။
ဇနီးမောင်နှံ = တူပါတယ်။ တရားသူကြီးမင်း။
တရားသူကြီး = ဒါဆို..မောင်မင်းတို့မှာ သားသမီးတွေရှိကြလား။
ဇနီးမောင်နှံ = သားသမီးသုံးဦးရှိပါတယ်။ တရားသူကြီး=ဒါဆို…ကလေးတွေ
..ဘယ်လိုလုပ်မလဲသားသမီးသုံးဦးကို ဘယ်လိုခွဲဝေတာဝန်ယူကြမှာလဲ…မညီမျှဖြစ်နေမယ်... ဇနီးမောင်နှံ = ဒီလိုဆိုရင်…နောက်ကိုးလလောက်မှ ကလေးတစ်ယောက်ထပ်မွေး ပြီး ပြန်လာခဲ့ပါ့မယ်
တရားသူကြီးမင်း။
တရားသူကြီး = “ဟေ”

No comments:
Post a Comment