ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 27, 2012

>
- အမေရိကန်နိုင်ငံနဲ့ အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision) ဓလေ့-

မကြာသေးမီက ဂျာမနီနိုင်ငံ မြို့တစ်မြို့ရဲ့ တရားရုံးက မွတ်စလင်နဲ့ ဂျူးများရဲ့ ဘာသာရေး ဓလေ့ ထုံးတမ်းတစ်ခုဖြစ်တဲ့ ယောက်ျားလေးများအား အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision)ကို တားမြစ်ပိတ်ပင်တဲ့အပေါ် ဂျာမနီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံအများမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။ ဥရောပတစ်ခွင် မွတ်စလင်များ၊ ဂျူးများ၊ မွတ်စလင်အဖွဲ့အစည်းများ၊ ဂျူး အဖွဲ့အစည်းများအားလုံးက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အစ္စရေးနဲ့ မွတ်စလင်နိုင်ငံ အမြောက်အများကလည်း မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။ ဒီတင်မကပါ။ အမေရိကန်နိုင်ငံရှိ သတင်းစာများ၊ မီဒီယာများကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး ကွန်ဂရက်လွှတ်တော်မှ အမတ် ၂၀ က ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလွန်စိုးရိမ်ကြောင်း ဝါရှင်တန်ရှိ ဂျာမနီ သံအမတ်ထံ စာရေးသား ပေးပို့ခဲ့ကြပါတယ်။ ထူးခြားတာက အမေရိကန်မှာတော့ မွတ်စလင်နဲ့ ဂျူးများသာမက အခြားသူများကပါ ဓလေ့ထုံးတမ်းအရ မဟုတ်ဘဲ အရေပျားလှီးဖြတ်ခြင်းကို ကျန်းမာရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တာကို တွေ့ရပါတယ်။ အရွယ်ရောက်သူ အမေရိကန် အများစု (လေးပုံ သုံးပုံ) ဟာ Circumcision ပြုလုပ်ထားသူများ ဖြစ်ပါတယ်။ စစ်တမ်းအရ နှစ်စဉ်နှစ်တိုင်း Circumcision ပြုလုပ်သူ တစ်သန်းကျော်ရှိပြီး စက္ကန့် ၃၀ တိုင်းမှာ လူတစ်ယောက် Circumcision ပြုလုပ်ခြင်းပါ။ Centers for Disease Control and Prevention (CDC) ဌာနရဲ့ လေ့လာမှုအရ လက်ရှိ အမေရိကန် နိုင်ငံမှာ မွေးဖွားသူ ကလေးများရဲ့ ၅၅ မှ ၅၇ ရာခိုင်နှုန်းဟာ Circumcision ပြုလုပ်ထားပါတယ်။ အမေရိကန် နိုင်ငံမှာ Circumcision ဟာ Vaccination (ကာကွယ်ဆေးထိုးခြင်း) ကဲ့သို့ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ပါတယ်။ သို့သော် အမေရိကန်နိုင်ငံရှိ ဆေးပညာရှင်များက စိုးရိမ်နေကြတာကတော့ ကလေးငယ်များကို Circumcision ပြုလုပ်ပေးနှုန်းဟာ နှစ်စဉ်လိုလို တစ်ရာခိုင်နှုန်းခန့်စီ လျော့ကျလာခြင်းပါ။ ၁၉၇၀ ခုနှစ်များ နှောင်းပိုင်းအထိ ဆရာဝန်များရဲ့ အလေ့ကျ မေးခွန်းက “ကလေးကို ဘယ်တော့ Circumcision လုပ်ချင်သလဲ” ဖြစ်ခဲ့ပြီး ယခု အချိန်များမှာတော့ “ကလေးကို Circumcision လုပ်မှာလား” ဖြစ်သွားပြီလို့ ဝါရှင်တန် တက္ကသိုလ် (University of Washington) ကလေးအထူးကု ပါမောက္ခ (professor of pediatrics) ဒေါက်တာ ဒေါက်ကလပ် ဒီကီမာ (Dr Douglas Diekema) က ပြောပါတယ်။ မက်ဆာချူးဆက် အထွေထွေဆေးရုံ (Massachusetts General Hospital)မှ ဒေါက်တာ မာဝင်ဝမ် (Dr Marvin Wang) က “ဒါဟာ ဆေးပညာထက် ဓလေ့ ပိုဆန်နေတဲ့အတွက် မိဘတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော့အနေနဲ့တော့ ကောင်းကျိုး၊ ဆိုးကျိုးကို အကြံပြုပါတယ်” လို့ ပြောပါတယ်။ သူ့ ခန့်မှန်းချက်အရ မက်ဆာချူးဆက်ရှိ ကလေး ၁၀ ယောက်မှာ ၆ ယောက်က Circumcision လုပ်ပြီး ယေဘုယျ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမြင့်ဆုံးနှုန်းဖြစ်ပြီး သူ့လုပ်သက် ၁၅ နှစ်အတွင်း ဒီနှုန်းအတိုင်းပဲဆိုတာ သိရှိရပါတယ်။ နီဘရာစကာ (Nebraska) ၊ အိုင်အိုဝါ (Iowa) ၊ ဝစ်စကွန်စင် (Wisconsin) ၊ ကန်တပ်ကီ (Kentucky) ပြည်နယ်များမှာ Circumcision ပြုလုပ်နှုန်းဟာ ၈၀ ရာခိုင်နှုန်းအထိကြောင်းလည်း သိရပါတယ်။ 

 (Circumcision in Accident Egypt)
ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေး (Israel)နဲ့ မွတ်စလင်နိုင်ငံတွေအားလုံးမှာတော့ Circumcision ပြုလုပ်ခြင်းက ပုံမှန် ဓလေ့တစ်ခုပါပဲ။ တောင်အာဖရိက (South Africa)ကဲ့သို့ အချို့ မွတ်စလင် မဟုတ်တဲ့ အာဖရိကနိုင်ငံများမှာ အရွယ်ရောက်သူ ယောက်ျားလေးများကို အထိမ်းအမှတ် အဖြစ် Circumcision ပြုလုပ်ပါတယ်။ ဂျူးများက ကလေး ၈ ရက်သားမှာ မလုပ်မနေရ Circumcision ပြုလုပ်ရပြီး မွတ်စလင်များက ရက်၊ အသက် ကန့်သက်ချက် မရှိပါ။ ယေရှု ခရစ်တော် ကိုယ်တိုင် Circumcision ပြုလုပ်ခဲ့ပြီး ဒီအဓလေ့ကို ခရစ်ယာန်များ လိုက်နာဆောင်ရွက်ရေး အစောပိုင်းကာလမှာ အခြေအတင်ဖြစ်ခဲ့ပြီး ကျောင်းတော်က မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

**လင်းယုန်နက် (ခြင်္သေ့မြို့တော်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)