-ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့နေနိုင်မလဲ-
ဇိမ်ခံသင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင်
သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း
တံငါသည် တစ်ယောက်နှင့် တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံကိုခဲနေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌးကြီး စိတ်ပျက်သွားပြီး ဂရုဏာဒေါသောနှင့်မေးသည်။
”မင်းဘာလို့ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ” ၊
“မနက်အစောကြီးကတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီးပြီဗျ” တံငါကဖြေသည်။“ ဟ ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား”
“ ဖမ်းပြီး ဘာလုပ်ရမှာလဲ”
“ ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီးထွက်နိုင်မယ်၊ အဲဒီမှာငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ဖမ်းတော့ ငါးပိုရမယ်၊ ငွေပိုရမယ်၊ လှေတစ်စီးက နှစ်စီးဖြစ်လာမယ် ဒီထက်အမြောက်အမြားလည်းဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်းငါ့လို သူဌေးတစ်ယောက်ဖြစ်လာမှာပေါ့ကွ” သူဌေးကြီးက င်္ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။ ” အဲဒီအခါကျတော့ ကျွန်တော်ကဘာလုပ်ရမှာလဲ”
“ အဲဒီအခါ မင်းငါ့လိုအေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ”
“ သြ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ”
**Sunday Morning**
( မူရင်း။ Anthony Demello ၏ How Much Is Enough )

No comments:
Post a Comment