-လူထုကျန်းမာရေး(အရေပြားဒဏ်ရာရရှိသူများအား စပရေးဖျန်းပေးလျှင် အမြန်သက်သာစေနိုင်ဟုဆို)-
**Public Health**
(နယူးယောက်၊ သြဂုတ် ၇)
အရေပြားနှင့် ခြေထောက်ပြည်တည်နာဖြစ်သူများအား စပရေးဖျန်းပေးခြင်းဖြင့် အမြန်ဆုံးဒဏ်ရာပျောက်ကင်းစေနိုင်ကြောင်း အမေရိကန်နှင့်ကနေဒါုပူးပေါင်းသုတေသနပြု လေ့လာရေးအဖွဲ့တစ်ဖွဲ့က လေ့လာတွေ့ရှိထားသည်။ အဆိုပါသုတေသနပြုလေ့လာတွေ့ရှိ ချက်ကို ဒီလင်းဘတ်ဆေးဂျာနယ်၌ ရေးသားဖော်ပြထားသည်။ ဒဏ်ရာရအရေပြားများကို စပရေးဖျန်းပေးခြင်းဖြင့် အမြန်ဆုံးဒဏ်ရာသက်သာစေနိုင်သည်ဟု ဆိုသည်။ အမေရိကန်နှင့် ကနေဒါနိုင်တို့မှ ပူးပေါင်းသုတေသနအဖွဲ့တစ်ဖွဲ့သည် လွန်ခဲ့သောလများက အရေပြားအနာတရထိခိုက်မှုဖြစ်ပွားခဲ့သော ဝေဒနာရှင် ၂၂၈ ဦးတို့အား စပရေးဖျန်းပေးခြင်းဖြင့် စပ်းသပ်ကုသပေးခဲ့ကသည်။ ဒဏ်ရာပေါ်တွင် စပရေးဖျန်းပေး အမြန်ဆုံး သေးငယ်ကျုံ့သွားစေနိုင်သည်လိုက်ခြင်းဖြင့် ဒဏ်ရာအရွယ်အစားမှာ ဟုဆိုသည်။ ဖန်ခွက်နာခေါ် ခြေထောက်ပြည်တည်နာဖြစ်ပွားနေသော ဝေဒနာရှင်များအား စပရေးဖျန်းပေးရာ လျင်မြန်စွာပျောက်ကင်းစေသည်ဟု ဆိုသည်။ စပရေးဖျန်းသည့်စရိတ် ကုန်ကျမှုရှိသော်လည်း လျင်မြန်စွာ ရောဂါသက်သာပျောက်ကင်းပြီး ငွေကြးကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်သည်ဟု ဆိုသည်။ အရေပြားပေါ် စပရေးဖျန်းပြီး ၁၄ ရက်ကြာတိုင်း တိုးတက်ပြောင်းလဲမှုကို တွေ့ရသည်ဟုဆိုသည်။ အရေးပြားကုသနည်းနှင့် စာလျှင်စပရေးဖျန်းကုသခြင်းမှာ အနားရောဂါပျောက်ကင်းမှု ၇၀ ရာခိုင်နှုန်း ပိုမြန်ကြောင်း ၄င်းသုတေသီများက ပြောကြားသည်။ (အင်တာနက်)စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment