-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဆိုးလ်မြို့တော်ရှိ
နန်းတော်အဆောက်အအုံ
အနီးမီးလောင်ကျွမ်းမှုကြောင့် လုပ်သားလေးဦးသေဆုံး**
(ဆိုးလ်၊ သြဂုတ် ၁၃)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှနှစ်ပေါင်း ၆၀၀ သက်တမ်းရှိ နန်းတော်
အဆောက်အအုံတစ်လုံးအနီး တည်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်
တစ်နေရာတွင် သြဂုတ် ၁၃ ရက်ကမီးလောင်ရာ အလုပ်သမား လေးဦးထက်
မနည်း သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကြောင်း နိုင်ငံပိုင် ယွန်ဟပ်သတင်း
ဌာနက သတင်းထုတ်ပြန်သည်။အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌
မီးအကြီးအကျယ် လောင်ကျွမ်းခဲ့သော်လည်း ရှေးဟောင်းနန်းတော် အဆောက်
အအုံမှာ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊မီးလောင်ကျွမ်းမှုကြောင့် ဆိုးလ်မြို့လယ်
ဒေသ ကောင်းကင်ယံ၌ မီးခိုးတိမ်တိုက်များ ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်ဌာန
တာဝန်ရှိသူများက ပြောကြားသည်။ အဆိပ်အတောက်ဓာတ်များပါဝင်
သော မီးခိုးကို ရှူရှိုက်ခဲ့ရခြင်းကြောင့်အလုပ်သမားများ သေဆုံးခဲ့ခြင်းဖြစ်
ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ အနက်တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေ
တွင်ရှိကြောင်း ဆိုးလ်မြို့တော် မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။ (အင်တာနက်)
**တရုတ်၊ တောင်နှင့် မြောက်ကိုရီးယားနိုင်ငံများလန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် အောင်မြင်မှုများရခဲ့**
(Strong Chinese Olympic team set for London)
(လန်ဒန်၊ သြဂုတ် ၁၃)
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်အပြီးတွင် တရုတ်နိုင်ငံသည် အိုလံပစ်
အားကစားပွဲတော်၏ မဟာအင်အားကြီးနိုင်ငံဖြစ်လာကြောင်းကို သက်သေပြနိုင်ခဲ့
ကြောင်း၊ တောင်နှင့်မြောက်ကိုရီးယားနိုင်ငံများသည်လည်း အလေးထား သတိ
ပြုမှုကိုခံခဲ့ရပြီး ဂျပန်နိုင်ငံမှာမူ ပြိုင်ပွဲဝင်အာရှနိုင်ငံများအနက် ဆုတံဆိပ် အနည်း
ဆုံးရရှိသည့်နိုင်ငံဖြစ်ကြောင်း သြဂုတ်၁၃ ရက် အင်တာနက်သတင်းများ၌
ဖော်ပြသည်။၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သောပေကျင်းအိုလံပစ်ပွဲတော်တွင် ရရှိခဲ့သော့
ဆုတံဆိပ်အများဆုံးဆွတ်ခူးနိုင်မှု အခြေအနေကို တရုတ်နိုင်ငံအနေဖြင့် နောက်
တစ်ကြိမ် ပြန်လည်ရရှိခဲ့သော်လည်း၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင်
အမေရိကန်ပြည်ထောင်စု၏နောက်တွင်ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့သည်။ အိုလံ
ပစ်အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံကရွှေတံဆိပ် ၃၈ ခု ရရှိခဲ့သည်။
အခြားသော အာရှနိုင်ငံများအနက်ဆုတံဆိပ်ရရှိသည့်စာရင်းတွင် ထိပ်ဆုံး
အဆင့် ၁၀ ၌ တောင်ကိုရီးယား တစ်နိုင်ငံတည်း ရပ်တည်နိုင်ခဲ့သည်။
လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲသည်တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ
စလုံး နှစ် ၂၀ ကြာ ကာလအတွင်းအကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည့်
အားကစားပွဲဖြစ်သည်ဟု ဆိုသည်။အိန္ဒိယနိုင်ငံသည် လန်ဒန်အိုလံပစ်
ပြိုင်ပွဲတွင် တစ်ဦးတည်းဆုဆွတ်ခူးမှု၌ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် လေးခု
ရရှိခဲ့ပြီး ဟောင်ကောင်မှ စက်ဘီးစီးပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိ၍ စင်ကာပူနိုင်ငံမှာမူ၅၂ နှစ်အကြာ
အိုလံပစ်ပြိုင်ပွဲဝင်ကာလအတွင်း တစ်ဦးတည်းယှဉ်ပြိုင်သောအားကစားပွဲ၌ ဆုတံဆိပ်တစ်ခုကို
ပထမဆုံးအကြိမ် ရရှိသည်။ (အင်တာနက်)
**ဘရာဇီးအဝေးပြေးလမ်း၌ယာဉ်မတော်တဆမှုကြောင့်လူ ၁၀ ဦးသေ၍ ၉၉ ဦးဒဏ်ရာရ** (ရီယိုဒီဂျနေရိုး၊ သြဂုတ် ၁၃) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းပါရာနာပြည်နယ်တွင် သြဂုတ် ၁၁ ရက် ညက အဝေးပြေးလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားရာ လူ ၁၀ ဦးထက်မနည်း သေဆုံး ပြီး ၉၉ ဦး ဒဏ်ရာရရှိသည်ဟု ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ပါရာနာမြောက်ပိုင်း ပီအာရ် ၃၂၃အဝေးပြေးလမ်းပိုင်း၌ ဘတ်စ်ကားနှစ်စီးတိုက်ခဲ့ပြီး ဗင်ကား၊ အခြားကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်ဟု သတင်းတစ်ရပ်၌ ဖော်ပြထားသည်။အဆိုပါ ဘတ်စ်ကားနှစ်စီးအနက်တစ်စီးမှာ အခင်းဖြစ်ရာနေရာမှ ၁၁၅ကီလိုမီတာအကွာတွင်ရှိသော မာရန်ဂါ ဒေသသို့ သွားနေသည့် ဘာသာရေးအဖွဲ့ငှားလာသောကားဖြစ်ပြီး ကျန်တစ်စီးမှာ ယူမူယာရာမာမာရန်ဂါမှလာသောခရီးသွားကုမ္ပဏီကားဖြစ်သည်ဟု သိရှိရ သည်။ဒဏ်ရာရရှိသူ ၉၉ ဦးအနက် ဒဏ်ရာပြင်းထန်သူ ခြောက်ဦးကို ဒေသဆိုင်ရာ ဆေးရုံသုံးရုံသို့ တင်ပို့ထားကြောင်းသတင်း ၌ ဖြော် ပထားသည။် (ဆင်ဟွာ)
**ဒုံးကျည်အန္တရာယ်သတိပေးမှုစနစ်အစ္စရေးတွင် တစ်ပတ်ကြာ စမ်းသပ်**
(တဲလ်အဗစ်၊ သြဂုတ် ၁၃) အစ္စရေးနိုင်ငံတွင် သြဂုတ် ၁၁ ရက်မှစ၍ ဒုံးကျည်အန္တရာယ် သတိပေးမှုစနစ် တစ်ရပ်ကို စမ်းသပ်နေကြောင်း၊ ရက်သတ္တ တစ်ပတ်အကြာစမ်းသပ်မည့် ယင်းဒုံးကျည် သတိပေးစနစ်မှာ ဒုံးကျည် အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည့် ဒေသ တစ်ခုမှ လက်ကိုင်ဖုန်းများသို့ သတိပေးစာသားများပေးပို့မှုဖြစ်ကြောင်း သြဂုတ် ၁၃ ရက် အင်တာနက်သတင်းတွင် ဖော်ပြသည်။အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့များ က တစ်လကြာကာလအတွင်း ပြုလုပ်မည့် အခြားစမ်းသပ်မှုများနှင့်အတူ ယင်း စနစ်မှာ လက်တွေ့လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ပစ်မှတ်အဖြစ်တိတိကျကျ သတ်မှတ် ထားသော ဒေသတွင်းသို့ သာမန်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များ ဝေဟင်မှ ၀င်ရောက်လာမှုကို ခြေရာခံကာယင်းသတိပေးချက်ကို အဆိုပါဒေသသို့ ဖြန့်ဝေပေးမည်ဟု ဆိုသည်။အနာဂတ်ကာလ၌ မြေငလျင်နှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာသတိပေးချက်များအား ပြည်သူများထံ ထုတ်လွှင့်ရာတွင် ယင်းစနစ်ကို အသုံးချနိုင်ဖွယ်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment