-ဘ၀အမောပြေ-
**ပြောချင်တာ**
အထူးကုဆေးခန်းသို့ အရေးပေါ်လာရောက်ကုသနေသော လူနာတစ်ဦးအား ဆရာဝန်က ပြောလေသည်။ ဆရာဝန် = ခင်ဗျားကို ဒီနေ့ဝမ်းသာစရာစကားနဲ့ ၀မ်းနည်းစရာစကားပြောရဦးမယ်..
လူနာ = ဘာအတွက်လဲ ဒေါက်တာ…
ဆရာဝန် = သြော်…ကျန်းမာရေးနဲ့ ပတ်သက်လို့ပါ။ လူနာ = ဒါဆိုလည်း ၀မ်းသာစရာစကား အရင်ပြောပြပါ။
ဆရာဝန်=ခင်ဗျားရောဂါအခြေအနေအရ နောက်ထပ် ၁၀ လလောက်တော့ အသက်ရှင်ခွင့်ရဦးမှာ ဆိုတာပါ။
လူနာ = သြော်… ၁၀ လတော့ နေရဦးမှာပေါ့…ဒါထက်ဝမ်းနည်းစရာစကားကရော..
ဆရာဝန် = ၀မ်းနည်းစရာကောင်းတာကတော့ အဲဒီစကားကို လွန်ခဲ့တဲ့ ၁၀ လလောက်ကတည်းက ကျနော်ပြောဖို့မေ့နေခဲ့တာပါပဲ…
လူနာ = “ဗျာ”

No comments:
Post a Comment