-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဓာတ်ပုံရိုက်ခံသည့် ကနေဒါသတို့သမီးရေတံခွန်အတွင်း ချော်ကျသေဆုံး**
(မွန်ထရီရယ်၊ သြဂုတ် ၂၅)ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ မြောက်ဘက် ရေတံခွန်တွင် သြဂုတ် ၂၄ရက်က သတို့သမီးတစ်ဦးသည် သတို့ သမီးဝတ်စုံအပြည့်ဆင်မြန်း၍ ဓာတ်ပုံရိုက်ရန် ကိုယ်နေကိုယ်ဟန်အနေအထား အမျိုးမျိုးလုပ်နေစဉ် ခြေချော်၍ ရေတံခွန်အတွင်းသို့ ထိုးကျသွားခဲ့ရာ သေဆုံးသွားကြောင်းရဲတပ်ဖွဲ့ကပြောသည်။ကွီဘက်ပြည်နယ် ရော်ဒွန်ရှိ
ဒေါ်ဝင်ရေတံခွန်၏ပြင်းထန်လှသောရေစီး ကြောင်းအတွင်းမှ ကျောက်ဆောင်ပေါ်သို့ အဆိုပါ အမည်မသိအမျိုးသမီးသည် မွန်းလွဲ ၂နာရီအချိန်၌ လိမ့်ကျခဲ့သည်ဟု ပြည်နယ်ရဲအရာရှိကသတင်းထောက်များကို ပြောကြားသည်။ ၄င်း၏အလောင်းကိုလေးနာရီခန့်ကြာမှ ဆယ်ယူရရှိခဲ့သည်ဟုဆိုသည်။မျက်ဝါးထင်ထင်တွေ့လိုက်ရသူနှစ်ဦးမှာ ရုတ်တရက် သတိလစ်သွားသဖြင့် ဆေးရုံသို့တင်ပို့လိုက်ရသည်ဟု ဆိုသည်။၎င်းအမျိုးသမီးသည် ရက်ပိုင်းအတွင်း လက်ထပ်ပွဲ ကျင်းပရန်စီစဉ်ထားပြီး ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။ သြဂုတ် ၂၅ရက်၌ မင်္ဂလာပွဲစီစဉ်ထားသည်ဆိုသည် ကိုမူ ၄င်းအရာရှိက အတည်ပြုခြင်းမပြုပေ။သစ်ပင်များထူထပ်စွာ ဝိုင်းရံထားသည့် ¤င်းရေတံခွန် သည် အမြင့်ဆုံး၌ ပေ ၆ဝ ရှိကြောင်း၊ ရေစီးမှာ အလွန်ကြမ်းတမ်းပြီး ကျောက်ဆောင်များထူထပ်ကြောင်း ¤င်းအရာရှိက ပြောသည်။ (အင်တာနက်)
**(၁ ၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက် မကျင်းပမီတရုတ်နိုင်ငံ ပေကျင်းမြို့တော်၌
လုံခြုံရေးတင်းကျပ်**
(ပေကျင်း သြဂုတ် ၂၅)ပေကျင်းမြို့တော်၌ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ(၁၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် ကွန်မြူနစ်
ပါတီထိပ်တန်းခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ မျိုးဆက်သစ်ခေါင်းဆောင်ပိုင်းကို ရွေးချယ်သွားမည်ဖြစ်သည်။
ညီလာခံမတိုင်မီ ပေကျင်းမြို့တော်တစ်ခွင်၌ ရဲတပ်ဖွဲ့၏လုံခြုံရေးကင်းလှည့်မှုအစီအစဉ်များနှင့် လုံခြုံရေးစစ်ဆေးမှု
အစီအစဉ်များကို မြှင့်တင်ထားကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြသည်။(၁၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက်သည် အရေးကြီးသည့်ညီလာခံတစ်ခုဖြစ်ရာ လက်ခံကျင်းပမည့် ပေကျင်းမြို့တော်၌
သဟဇာတဖြစ်၍တည်ငြိမ်သော လူမှုဝန်းကျင်တစ်ရပ် ဖန်တီးပေးထားနိုင်ရေးအတွက် စည်းမျဉ်းများ တင်းတင်းကျပ်ကျပ်ချမှတ်ဆောင်ရွက်သွားရန် ပြင်ဆင်ထားကြောင်း ပေကျင်းမြို့တော်ရဲတပ်ဖွဲ့အကြီးအကဲက မကြာသေးမီကာလအတွင်း ပြောကြားခဲ့ပြီးဖြစ်သည်။(၁၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကျင်းပမည့်နေ့ကို တရုတ်နိုင်ငံအစိုးရက ထုတ်ဖော်ကြေညာသေးခြင်းမရှိပေ။ သို့ရာတွင် အဆိုပါညီလာခံကို ယခုနှစ်စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလအတွင်း ကျင်းပလိမ့်မည်ဖြစ်ကြောင်း အများအပြားက ထင်ကြေးပေးမှန်းဆထားသည်။ တရုတ်နိုင်ငံရေးလောက၌ အလားအလာရှိသူတစ်ဦးအဖြစ် ထင်ရှားခဲ့သည့် ပိုရှီလိုင်းအမည်ရှိ ပေါ်လစ်ဗျူရို အဖွဲ့ဝင် တစ်ဦး၏ အဂတိလိုက်စားမှု ပြဿနာနောက်ဆက်တွဲကိစ္စများအား ဖြေရှင်းနေရသော ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်း အတွက် ယခုနှစ်တရုတ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲသည်အထူးအရေးပါကြောင်း သိရသည်။ (အင်တာနက်)
(ကာရာကာ့စ် သြဂုတ် ၂၅) ဗင်နီဇွဲလားနိုင်ငံအနောက်ပိုင်းရှိ ရေနံချက်စက်ရုံ၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုကြီးတစ်ရပ် ဖြစ်ပွားရာ ၂၄ ဦး သေဆုံးပြီး ၈ဝ ကျော် ဒဏ်ရာရရှိကြောင်း သိရသည်။ရေနံချက်စက်ရုံပေါက်ကွဲမှုကို ဗင်နီဇွဲလားမီးသတ်သမားများက ထိန်းချုပ်လိုက်နိုင်ပြီး နောက်ထပ် ပေါက်ကွဲမှုအန္တရာယ်မဖြစ်နိုင်တော့ ကြောင်း သတင်း၌ဖော်ပြသည်။ယင်းစက်ရုံသည် ကာရာကာ့စ်မြို့မှ ကီလိုမီတာ ၃၅ဝ ကွာဝေးသော ပါရာဂွီးနားကျွန်းဆွယ်တွင်ရှိပြီး တစ်ရက်လျှင် ရေနံစည် ပေါင်း ၆၅ဝဝဝဝ ထုတ်လုပ်နိုင် စွမ်းရှိကြောင်း၊ ဗင်နီဇွဲလားနိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံဖြစ်ပြီး ပက်ထရို လီယိုဒီဗင်နီဇွဲလားအက်စ်အေ (ပီဒီဗွီ အက်စ်အေ)က ပိုင်ဆိုင်ကြောင်း သတင်းတွင် ပါရှိသည်။အဆိုပါ ရေနံချက်စက်ရုံပေါက်ကွဲမှုသည် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံစက်မှုလုပ်ငန်းသမိုင်း၌ လူအသေအပျောက်အများဆုံး မတော်တဆမှုဖြစ်သည်။ (ဆင်ဟွာ)
**အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းဘက်သို့ ဦးတည်ရွေ့လျားနေ**
(တိုကျို၊ သြဂုတ် ၂၅) ဘိုလာဗင်း အမည်ရှိ အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ၂ဝ၁၂ ခုနှစ် ပစိဖိတ်တိုင်ဖွန်းမုန်တိုင်း ရာသီ၏ ၁၅ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြိး အိုကီနာဝါကျွန်းသို့ သြဂုတ် ၂၆ ရက်နေ့တွင် ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း အိုကီနာဝါကျွန်း မိုးလေဝသ တာဝန်ရှိသူများက ပြောကြားသည်။ အိုကီနာဝါကျွန်းမကြီး၏ အရှေ့တောင်ဘက် ကီလိုမီတာ ၄ဝဝ ခန့် အကွာ မီနာမီ-ဒိုတို အမည်ရှိ ကျွန်းတစ်ကျွန်းဆီသို့ ဦးတည်နေသော တိုင်ဖွန်းမုန်တိုင်း ဘိုလာဗင်းသည် မြောက်-အရှေ့ မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားသည်။တရုတ်(တိုင်ပေ)ကျွန်း တောင်ဘက်ပိုင်း၌ သြဂုတ် ၂၄ ရက်က တမ်ဘင်းအမည်ရှိ တိုင်ဖွန်း မုန်တိုင်း မွှေနှောက် တိုက်ခတ်ခဲ့ပြီးနောက် ဘိုလာဗင်းတိုင်းဖွန်းမုန်တိုင်း ဆက်လက်ပေါ်ပေါက် လာခြင်းဖြစ်သည်။ဘိုလာဗင်း တိုင်ဖွန်းမုန်တိုင်းသည် ရွေ့လျားမှုအရှိန် နှေးကွေးသော်လည်း ယင်းမုန်တိုင်း၏ အရှိန်ကြောင့် အိုကီနာဝါကျွန်း၌ မိုးရေချိန် ၈ဝ စင်တီမီတာ အထိ ရွာသွန်းနိုင်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနက တင်ပြထားသည်။ (အေပီ) **ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှ မြေအောက်ဥမင် ၁၂ဝ ကို အီဂျစ်စစ်ဘက်ပိတ်ဆို့** (ကိုင်ရို သြဂုတ် ၂၅ ) မြေအောက်ဥမင်လမ်းကြောင်း ဝင်ပေါက်များကို နေ့စဉ်နှင့်အမျှ ရှာဖွေဖျက်ဆီးလျက်ရှိပြီး ယင်းဥမင်လမ်းကြောင်း အားလုံး ပိတ်ဆို့သွားသည့်တိုင် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအီဂျစ်နိုင်ငံ လုံခြုံရေးတာဝန် ရှိ သူတစ်ဦးကပြောကြားခဲ့သည်။ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း အီဂျစ်နိုင်ငံဘက်အခြမ်းရှိ မြေအောက်ဥမင်မှောင်ခို လမ်းကြောင်း အနည်းဆုံး ၁၂ခုကို အီဂျစ်စစ်ဘက်အင်ဂျင်နီယာများက ပိတ်ဆို့ခဲ့ပြီးဖြစ်ကြောင်းသတင်းများတွင် ဖော်ပြသည်။လူသုံးကုန်ပစ္စည်းမှသည် လက်နက်ခဲယမ်းနှင့် မော်တော်ယာဉ်များအထိ တင်ပို့သယ်ယူနိုင်သော မြေအောက်ဥမင်လမ်းကြောင်းများသည် ၂ ဒသမ ၅ မိုင်ရှည်လျားသည့် အီဂျစ်နှင့်ဂါဇာဒေသနယ်စပ်တစ်လျှောက်၌ တည်ရှိသည်။လူနေဒေသများအတွင်းတွေ့ရှိရသော မြေအောက်ဥမင်လမ်းကြောင်းများကို ပိတ်ဆို့ရန်အတွက် အီဂျစ်စစ်ဘက်သည်ဖောက်ခွဲရေးပစ္စည်းနှင့်ရေကို အသုံးပြုခြင်းမရှိကြောင်း သတင်းများတွင်ဖော်ပြထားသည်။ သြဂုတ် ၅ ရက်က ဆိုင်းနိုင်းကျွန်းဆွယ်ဒေသရှိ အီဂျစ်စစ်စခန်းတစ်ခုအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက် ယင်းဒေသ အတွင်း တရားဥပဒေစိုးမိုးမှုတည်ဆောက်ရေးအတွက် တင့်ကားများနှင့် တပ်ဖွဲ့ဝင်များအား အီဂျစ်စစ်ဘက်က စေလွှတ် ထားသည်။ (အေအက်ဖ်ပီ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment