ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 6, 2012

>
-ဘ၀အမောပြေ -
**မျိုးနဲ့ ရိုးနဲ့ အ တဲ့သူ**

 ရိုးလွန်းတာ့ “အ” သတဲ့။ ကျွန်မတို့နယ်ရုံးကလေးတစ်ခုက နေ့အကူ ၀န်ထမ်းကလေး အမည်က ကိုဘကြိုင်တဲ့။ အသက်ကတော့ သုံးဆယ်ကျော်လောက်ပဲ ရှိဦးမယ်။ သူ့ဇာတိက အညာရွာတစ်ရွာကဖြစ်ပြီး လူက တော်တော်လေး ရိုးပါတယ်။ အမှားတွေ မကြာခဏ လုပ်တတ်လို့လည်း သူ့ကို “နီကိုရဲ” လို့ အမည်ပေးထားတယ်။ နီကိုရဲ ဇာတ်ကောင်လိုဘဲ သူက သေးသေးကွေးကွေး ပုပုပျပ်ပျပ် ကလေးပါ။ သူ့ရဲ့ ရယ်စရာ အမှားကလေး တစ်ချို့ မျှဝေချင်လို့ပါ...။ တစ်နေ့ကျတော့ တခြားရုံးသားတွေနဲ့အတူတူ ကိုဘကြိုင် ရန်ကုန် သွားရတယ်။ ရန်ကုန်ဆိုတာ သူ့အတွက်တော့ မျက်စေ့လည်စရာကြီးပါ။ ရုံးရှေ့ကို ရောက်တော့ (တိုက်တိုက်ဆိုင်ဆိုင် သူတစ်ယောက်ထဲ) အော်တိုမက်တစ်မှန်တံခါးရှေ့မှာ ရပ်လိုက်ချိန် ဗြုံးကနဲ တံခါးပွင့်သွားတယ်။ သူနည်းနည်းတော့ လန့်သွားတယ်။ ဘေးဘီဝဲယာကြည့်တော့ တံခါးဖွင့်သူလည်း မရှိ။ သရဲများခြောက်တာလား ဆိုပြီး နောက်နည်းနည်း ဆုတ်လိုက်တော့ တံခါးက ပြန်ပိတ်သွားတယ်။ ခဏစောင့်ပြီး လူသူလေးပါး ချောင်းဖို့ ကပ်သွားတော့ တံခါးက ပြန်ပွင့်၊ သူ နောက်ဆုတ်တော့ တံခါးက ပြန်ပိတ်နဲ့ ဖွင့်ချည် ပိတ်ချည် အကြိမ်ပေါင်းများစွာ ဖြစ်နေတာ။ နောက်တော့ သူဆုံးဖြတ်ချက်ချ ပုဆိုးပြင်ဝတ်လိုက်တယ်။ အသာ တံခါးအနားကပ်တဲ့ပြီး ပွင့်လာတဲ့တံခါးကြားကနေ အချိန်မဆိုင်း ( ညပ်မိမှာစိုးလို့ ) တစ်ဟုန်ထိုး ပြေးဝင်ခဲ့တော့တယ်......... သူတည်းတဲ့ ဟိုတယ် ရောက်တော့လည်း (ဒီတစ်ခါတော့ အဖေါ်ပါတယ်) ဓါတ်လှေခါး နားမှာ လူတွေ စုစု စုစု ရပ်နေတာ မြင်သတဲ့။ အဖေါ်က ခလုပ်နှိပ်ပြီး ၀င်တော့ သူလဲ လိုက်ဝင်ပါတယ်။ သူ့စိတ်ထဲမှာတော့ ပေါင်ချိန်စက်ကြီး လို့ ထင်ပါသတဲ့။ သြော်- ဟိုတယ်ပေါ်တက်ဖို့ ပေါင်လည်းချိန်ရသကိုး လို့ တွေးမိတယ်။ ဟိုတယ်ခန်းထဲမှာ ရေချိုးဖို့ ကြွေကန်တွေ ဘာတွေနဲ့ ဆိုတော့ သူမသုံးတတ်ပြန်ပါဘူး။ ဟိုခလုတ် ဒီခလုတ်တွေလည်း ဓါတ်လိုက်မှာစိုးတော့ မထိရဲ မပြုရဲပေါ့။ နောက်ဆုံး အိမ်သာဘေးက ပိုက်ခေါင်းလေးနှိပ်ကြည့်တော့ ရေထွက် လာတယ်လေ...။ ဟွန့်- ဒါပဲဖြစ်ရမယ် ဆိုပြီး အိမ်သာပိုက်နဲ့ တစ်ကိုယ်လုံး ဖြန်းပြီး ရေချိုးခဲ့ပါသတဲ့...။
သူကရိုးပေမဲ့ သူနဲ့သွားတဲ့ အဖေါ်တစ်ချို့ကဆန်းတော့ အနှိပ်ခန်း ရောက်သွားပါသတဲ့။

ယက်ကန်ယက်ကန်နဲ့  ကောင်မလေးတွေ ခြေထောက်စနှိပ်ကတည်းက ယားလွန်းလို့ မနည်းကြိတ်မှိတ်သည်းခံနေရတာ။ သူ့ကို ထိုင်ခိုင်းပြီး နောက်ကနေ ခါးကြောဆွဲလိုက်တဲ့အချိန်
မှာတော့( အထိမခံနိုင်အောင် ယားတတ်သူပီပီ) “အောင်မလေး- သောက်ခွေး“ အော်လဲအော် ရုန်းလဲရုန်းနဲ့ ကောင်မလေး ရင်ခွင်ထဲ ၀ုန်းဆို ပစ်ကျသွားပါလေရောတဲ့။ ကောင်မလေးတွေက စိတ်ဆိုးပြီး သူတို့အားလုံးကို ပြီးအောင်မနှိပ်ဘဲ နှင်လွှတ်လိုက်ပါတယ်။ သူ့အဖြစ်ကို ကျွန်မတို့က တဟားဟားရယ်ကြတော့ သူက ပြောပါသေးတယ်။ အံမယ်- ကျွန်တော်တို့ ညီအစ်ကို ၀မ်းကွဲတစ်ယောက်က ပိုဆိုးသေးတယ်။ သူက လယ်လေး ခြံလေးပိုင်တော့ ဒါတွေရောင်းပြီး နိုင်ငံခြား (မလေးရှား)သွားဖို့ပြင်တာ။ ပွဲစားကလည်း ညွန့်နေအောင်ပြောပြီး ငွေတောင်း ထားတာ။ ရန်ကုန်မှာ သူ့ကို အကျအနပြင်ဆင်ပြီး လေဆိပ်ခေါ်သွားတယ်။ လေဆိပ်ရောက်ရင် လာကြိုလိမ့်မယ် မပူနဲ့..... လို့လည်း ပွဲစားက မှာလိုက်သေးတယ်။ လေယာဉ်ပေါ်လဲ တင်ပေးလိုက်တယ်။ စီးရင်းစီးရင်း လေယာဉ်ပျံ အပေါ်စီးကနေ ရှူခင်းတွေကြည့်လိုက်တော့ ဘုရားပုထိုးတွေ အများကြီး မြင်ပါသတဲ့။ မလေးရှားကလည်း ငါတို့ အညာလို ပါဘဲလား လို့ တွေးကောင်းနေတုန်းမှာဘဲ - လေယာဉ်မယ်က ကြေငြာပါတယ်။ မကြာမီ “ညောင်ဦး လေဆိပ်”ကို ဆင်းသက်ပါတော့မယ်ရှင် - တဲ့။ သြော် သူတို့က မျိုးနဲ့ ရိုးနဲ့ “အ” တာကိုး ..............။
**မိုးစက်ပွင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)