(ဒါဗာအိုစီးတီး သြဂုတ် ၁၉)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့တွင် သြဂုတ် ၁၈ ရက် နံနက်စောစောပိုင်းက အက်စ်ယူဗွီအမျိုးအစား ကားတစ်စီးနှင့် ခရီးသည်တင်ဂျစ်ကားတစ်စီးတိုက်မိကြရာ လူခြောက်ဦးသေဆုံး၍ ၂ဝ ကျော်ဒဏ်ရာရရှိ သွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သြဂုတ် ၁၉ ရက်တွင် ပြောကြားသည်။ဒါဗာအိုစီးတီး၊ ဘီနူဂါအိုေ ကျးရွာရှိပန် ဖိလစ်ပိုင်အဝေးပြေး လမ်းမကြီးတွင်သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် နံနက်၆ နာရီခွဲခန့်တွင် အဆိုပါမတော်တဆမှုဖြစ်ပွားခြင်းဖြစ်ကြောင်း မင်ဒါနာအိုဒေသရှိ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကြေ ပာကြားသည်။ အက်စ်ယူဗွီအမျိုးအစားကား သည်စတားခရုစ်မြို့အနီးတွင် တူရူသို့ မောင်းနှင်လာစဉ် ဂျစ်ကားနှင့်တိုက်မိကြခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အက်စ်ယူဗွီကားမှ ယာဉ်မောင်းနှင့် ဂျစ်ကားေ ပ်ါမှအမျိုးသမီးခရီးသည်တစ်ဦး ပွဲချင်းပြီးသေဆုံးသည်။ လေးဦးမှာ ဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင်သေဆုံး သည်ဟုပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ (အင်တာနက်)
**ဆူဒန်လေယာဉ်ပျက်ကျ၊ ဝန်ကြီးအပါအဝင် ၃၂ ဦးသေဆုံး**
(ခါတွန်၊ သြဂုတ် ၁၉)
ဆူဒန်နိုင်ငံတွင် လေယာဉ်တစ်စင်းပျက်ကျရာ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့်အရာရှိကြီးများ အပါအဝင် ၃၂ ဦးသေဆုံးကြောင်း သြဂုတ် ၁၉ရက် ရိုက်တာသတင်း၌ဖော်ပြသည် ။လေယာဉ်သည် နိုင်ငံတောင် ပိုင်း၌ ကျင်းပသော အစ္စလာမ္မစ်ဘာသာရေးပွဲတော် တစ်ခုသို့ ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ေ ကာင်ကော်ဒိုဖန် ပြည်နယ်နှင့် နယ်စပ်ရှိ တာကိုဒီမြို့အနီးရှိ တောင်တန်းများပေါ်သို့ ပျက်ကျခြင်းဖြစ်ေ ကြာင်း နိုင်ငံပိုင်သတင်းဌာန ဆူနာကဖော်ပြသည် ။လေယာဉ်ပျက်ကျ၍ သေဆုံးသူများ ထဲတွင် သာသနာေ ရးဝန်ကြီး ဂါဇီအယ်လ်ဆာဒက်၊ ပြည်နယ်လူငယ်နှင့် အားကစားဝန်ကြီး မာဂျောက် အက်ဒဲလ်ရာ ဟင်းတူး တူးနှင့်ပြည်နယ်ခရီးသွား၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး အစ်ဆာဒိုင် ဖာလာခ်ျ တို့နှင့်အတူ စစ်ဘက်လုံခြုံရေးနှင့် မီဒီယာများမှပုဂ္ဂိုလ်များ ပါဝင်သည်ဟုဆိုသည်။ (အင်တာနက်)
**အငြင်းပွားကျွန်းများသို့ တရားမဝင်သွားရောက်ခြင်းများရပ်ဆိုင်းရန် တရုတ်က ဂျပန်သို့ သတိပေး**
(ပေကျင်း သြဂုတ် ၁၉)
ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည့်နှစ်နိုင်ငံအကြား ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော ကျွန်းစုများသို့ နိုင် ငံရေးသမားများက တရားမဝင်သွားရောက်နေခြင်းကို ရပ်တန့်ကြရန် တရုတ်အစိုးရကဂျပန်နိုင်ငံသို့ သတိပေးလိုက်သည်။ ဂျပန်မော်တော်ဘုတ်အစင်း ၂ဝ ပါဝင်သော မော်တော်အုပ်စုသည် ဂျပန်အခေါ်ရှင်ကာကူ (တရုတ်အခေါ် ဒီယာအိုယူ)ကျွန်းစုများဆီသို့ တနင်္ဂနွေနေ့စောစောပိုင်း တွင် ရောက်ရှိ၍ ၁ဝဦးခန့် ကျွန်းပေါ်တက်ရောက်ကာ ဂျပန်နိုင်ငံအလံကို စိုက်ထူခဲ့ကြသည်။ဒုတိယကမ္ဘာ စစ်အတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းကို ဂျပန်တို့သိမ်းထားစဉ်သေဆုံးခဲ့သော ဂျပန်လူမျိုးများအားသတိ ရအောက်ေ မ့ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမားများက ယင်းသို့စီစဉ်ခဲ့ခြင်ြး ဖစ်သည်။ သို့သော် ဂျပန်အစိုးရက ၄င်းတို့ကို အဆိုပါ ကျွန်းများပေါ်သို့ ခြေချခွင့်ပြု ရန် ငြင်းဆိုထားသည်။ ယင်းဖြစ်စဉ်သည် ၄င်းတို့၏ အချုပ်အခြာနယ်မြေပိုင်ဆိုင်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟု တရုတ်တို့ဘက် က ပြောသည်။ ထို့အပြင် ကျွန်းပိုင်ဆိုင်မှု အငြင်း ပွားခြင်းကို အရှိန်မြှင့်လာရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။အဆိုပါ ကျွန်းစုသည် မဟာဗျူဟာအရအရေးပါသော သင်္ဘောရေလမ်းကြောင်းအနီး တွင်ရှိသည့် အပြင် ရေနံသိုက်များရှိသည်ဟု ယူဆထားကြသည်။ (အင်တာနက်)
ဖိလစ်ပိုင်နိုင်ငံ မက်စ်ဘိတ်ကျွန်း ကမ်းလွန်ရေပြင်တွင်အင်ဂျင်နှစ်လုံးတပ် အပေါ့စားလေယာဉ်တစ်စင်း သြဂုတ် ၁၈ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသောဖိလစ်ပိုင်ပြည် ထဲရေးဝန်ကြီးနှ င့် လေယာဉ်မှူးနှစ်ဦးတို့ ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ပျောက်ဆုံးလျက်ရှိသော ဖိလစ်ပိုင် ပြည် ထဲရေးဝန်ကြီး ဂျီဆေး ရိုဘရီဒိုနှင့် လေယာဉ်မှူးနှစ်ဦး တို့ကို ဖိလစ်ပိုင်ရေတပ်မှစစ်သင်္ဘောငါးစင်းနှင့် ကမ်းခြေစောင့်သင်္ဘောများ အပါအဝင် လေယာဉ်များ၊ ရေငုပ်သမားများက မက်စ်ဘိတ်ကျွန်းကမ်း လွန်ရေပြင်တွင် ရှာဖွေလျက် ရှိကြောင်း ဖိလစ်ပိုင်ရေတပ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ပျက်ကျခဲ့သော လေ ယာဉ်ပေါ်တွင် ဖိလစ်ပိုင်ပြည်ထဲရေး ဝန်ကြီး၊ ၄င်း၏ကိုယ်ရံတော်တစ်ဦးနှ င့် လေယာဉ်မှူးနှစ်ဦးတို့လိုက်ပါလာပြီး ဝန်ကြီး၏ကိုယ်ရံတော်တစ်ဦးသာ အသက်ရှင်ကျန် နေကြောင်း သတင်းများတွင် ဖော်ပြသည်။ပြည်ထဲရေးဝန်ကြီး၏ ကိုယ်ရံတော်ကို မက်စ်ဘိတ်ကျွန်းကမ်းရိုးတန်းမှ မီတာ ၃ဝဝ ခန့်အကွာ ရေပြင်အတွင်း ရေလုပ်သားများက ကယ်တင်နိုင်ခဲ့သည်။ဖိလစ်ပိုင်ရေတပ် သင်္ဘောတစ်စင်းက ပင်လယ်ကြမ်းပြင် ပေါ်မှ သတ္တုအပိုင်းအစတစ်ခုကို ထောက် လှမ်းတွေ့ရှိခဲ့ပြီးနောက် အနီအောက်ရောင်ခြည်နှင့် အသံလှိုင်းကိရိယာများ တပ်ဆင် ထားသော အမေရိကန်စစ်ဘက် လေယာဉ် တစ်စင်းသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ကူညီလျက်ရှိသည်။ ရှာဖွေကယ်ဆယ်ရေး လုပ် ငန်းများ၏ တိုးတက်မှုကိုစောင့်ကြည့်ရေးအတွက် ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုနှင့် ကာကွယ်ရေးဝန်ကြီး ဗော်လ်တဲယား ဂက်စ်မင်းတို့သည်မက်စ်ဘိတ်ကျွန်းသို့ တနင်္ဂနွေနေ့က ရောက်ရှိ ခဲ့ကြသည်။ ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီး ရိုဘရီဒိုသည် သမ္မတ အကွီနို၏ ရင်းနှီးသော နိုင်ငံရေးမဟာမိတ် တစ်ဦးဖြစ်သည်။ (ရိုက်တာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
** ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင်ကားနှစ်စီးတိုက်လူခြောက်ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာရ **
(ဒါဗာအိုစီးတီး သြဂုတ် ၁၉)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့တွင် သြဂုတ် ၁၈ ရက် နံနက်စောစောပိုင်းက အက်စ်ယူဗွီအမျိုးအစား ကားတစ်စီးနှင့် ခရီးသည်တင်ဂျစ်ကားတစ်စီးတိုက်မိကြရာ လူခြောက်ဦးသေဆုံး၍ ၂ဝ ကျော်ဒဏ်ရာရရှိ သွားကြောင်း ဒေသဆိုင်ရာ
ရဲတပ်ဖွဲ့က သြဂုတ် ၁၉ ရက်တွင် ပြောကြားသည်။ဒါဗာအိုစီးတီး၊ ဘီနူဂါအိုေ ကျးရွာရှိပန် ဖိလစ်ပိုင်အဝေးပြေး လမ်းမကြီးတွင်သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် နံနက်၆ နာရီခွဲခန့်တွင် အဆိုပါမတော်တဆမှုဖြစ်ပွားခြင်းဖြစ်ကြောင်း မင်ဒါနာအိုဒေသရှိ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကြေ ပာကြားသည်။ အက်စ်ယူဗွီအမျိုးအစားကား သည်စတားခရုစ်မြို့အနီးတွင် တူရူသို့ မောင်းနှင်လာစဉ် ဂျစ်ကားနှင့်တိုက်မိကြခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အက်စ်ယူဗွီကားမှ ယာဉ်မောင်းနှင့် ဂျစ်ကားေ ပ်ါမှအမျိုးသမီးခရီးသည်တစ်ဦး ပွဲချင်းပြီးသေဆုံးသည်။ လေးဦးမှာ ဆေးရုံသို့
ပို့ဆောင်ရာ လမ်းတွင်သေဆုံး သည်ဟုပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ (အင်တာနက်)
**ဆူဒန်လေယာဉ်ပျက်ကျ၊ ဝန်ကြီးအပါအဝင် ၃၂ ဦးသေဆုံး**
(ခါတွန်၊ သြဂုတ် ၁၉)
ဆူဒန်နိုင်ငံတွင် လေယာဉ်တစ်စင်းပျက်ကျရာ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့်အရာရှိကြီးများ အပါအဝင် ၃၂ ဦးသေဆုံးကြောင်း သြဂုတ် ၁၉ရက် ရိုက်တာသတင်း၌ဖော်ပြသည် ။လေယာဉ်သည် နိုင်ငံတောင် ပိုင်း၌ ကျင်းပသော အစ္စလာမ္မစ်ဘာသာရေးပွဲတော်
တစ်ခုသို့ ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ေ ကာင်ကော်ဒိုဖန် ပြည်နယ်နှင့် နယ်စပ်ရှိ တာကိုဒီမြို့အနီးရှိ တောင်တန်းများပေါ်သို့ ပျက်ကျခြင်းဖြစ်ေ ကြာင်း နိုင်ငံပိုင်သတင်းဌာန ဆူနာကဖော်ပြသည် ။လေယာဉ်ပျက်ကျ၍ သေဆုံးသူများ ထဲတွင် သာသနာေ ရးဝန်ကြီး ဂါဇီအယ်လ်ဆာဒက်၊ ပြည်နယ်လူငယ်နှင့် အားကစားဝန်ကြီး မာဂျောက် အက်ဒဲလ်ရာ ဟင်းတူး တူးနှင့်ပြည်နယ်ခရီးသွား၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး အစ်ဆာဒိုင် ဖာလာခ်ျ တို့နှင့်အတူ စစ်ဘက်လုံခြုံရေးနှင့် မီဒီယာများမှပုဂ္ဂိုလ်များ ပါဝင်သည်ဟုဆိုသည်။ (အင်တာနက်)
**အငြင်းပွားကျွန်းများသို့ တရားမဝင်သွားရောက်ခြင်းများရပ်ဆိုင်းရန် တရုတ်က ဂျပန်သို့ သတိပေး**
(ပေကျင်း သြဂုတ် ၁၉)
ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည့်နှစ်နိုင်ငံအကြား ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော ကျွန်းစုများသို့ နိုင် ငံရေးသမားများက တရားမဝင်သွားရောက်နေခြင်းကို ရပ်တန့်ကြရန် တရုတ်အစိုးရကဂျပန်နိုင်ငံသို့ သတိပေးလိုက်သည်။
ဂျပန်မော်တော်ဘုတ်အစင်း ၂ဝ ပါဝင်သော မော်တော်အုပ်စုသည် ဂျပန်အခေါ်ရှင်ကာကူ (တရုတ်အခေါ် ဒီယာအိုယူ)ကျွန်းစုများဆီသို့ တနင်္ဂနွေနေ့စောစောပိုင်း တွင် ရောက်ရှိ၍ ၁ဝဦးခန့် ကျွန်းပေါ်တက်ရောက်ကာ ဂျပန်နိုင်ငံအလံကို
စိုက်ထူခဲ့ကြသည်။ဒုတိယကမ္ဘာ စစ်အတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းကို ဂျပန်တို့သိမ်းထားစဉ်သေဆုံးခဲ့သော ဂျပန်လူမျိုးများအားသတိ ရအောက်ေ မ့ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမားများက ယင်းသို့စီစဉ်ခဲ့ခြင်ြး ဖစ်သည်။ သို့သော် ဂျပန်အစိုးရက ၄င်းတို့ကို အဆိုပါ ကျွန်းများပေါ်သို့ ခြေချခွင့်ပြု ရန် ငြင်းဆိုထားသည်။ ယင်းဖြစ်စဉ်သည် ၄င်းတို့၏ အချုပ်အခြာနယ်မြေပိုင်ဆိုင်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟု တရုတ်တို့ဘက် က ပြောသည်။ ထို့အပြင် ကျွန်းပိုင်ဆိုင်မှု အငြင်း
ပွားခြင်းကို အရှိန်မြှင့်လာရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။အဆိုပါ ကျွန်းစုသည် မဟာဗျူဟာအရအရေးပါသော သင်္ဘောရေလမ်းကြောင်းအနီး တွင်ရှိသည့် အပြင် ရေနံသိုက်များရှိသည်ဟု ယူဆထားကြသည်။ (အင်တာနက်)
ဖိလစ်ပိုင်နိုင်ငံ မက်စ်ဘိတ်ကျွန်း ကမ်းလွန်ရေပြင်တွင်အင်ဂျင်နှစ်လုံးတပ် အပေါ့စားလေယာဉ်တစ်စင်း သြဂုတ် ၁၈ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသောဖိလစ်ပိုင်ပြည် ထဲရေးဝန်ကြီးနှ င့် လေယာဉ်မှူးနှစ်ဦးတို့ ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ပျောက်ဆုံးလျက်ရှိသော ဖိလစ်ပိုင် ပြည် ထဲရေးဝန်ကြီး ဂျီဆေး ရိုဘရီဒိုနှင့် လေယာဉ်မှူးနှစ်ဦး တို့ကို ဖိလစ်ပိုင်ရေတပ်မှစစ်သင်္ဘောငါးစင်းနှင့် ကမ်းခြေစောင့်သင်္ဘောများ အပါအဝင် လေယာဉ်များ၊ ရေငုပ်သမားများက မက်စ်ဘိတ်ကျွန်းကမ်း လွန်ရေပြင်တွင် ရှာဖွေလျက် ရှိကြောင်း ဖိလစ်ပိုင်ရေတပ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ပျက်ကျခဲ့သော လေ ယာဉ်ပေါ်တွင် ဖိလစ်ပိုင်ပြည်ထဲရေး ဝန်ကြီး၊ ၄င်း၏ကိုယ်ရံတော်တစ်ဦးနှ င့် လေယာဉ်မှူးနှစ်ဦးတို့လိုက်ပါလာပြီး ဝန်ကြီး၏ကိုယ်ရံတော်တစ်ဦးသာ အသက်ရှင်ကျန် နေကြောင်း သတင်းများတွင် ဖော်ပြသည်။ပြည်ထဲရေးဝန်ကြီး၏ ကိုယ်ရံတော်ကို မက်စ်ဘိတ်ကျွန်းကမ်းရိုးတန်းမှ မီတာ ၃ဝဝ ခန့်အကွာ ရေပြင်အတွင်း ရေလုပ်သားများက ကယ်တင်နိုင်ခဲ့သည်။ဖိလစ်ပိုင်ရေတပ် သင်္ဘောတစ်စင်းက ပင်လယ်ကြမ်းပြင် ပေါ်မှ သတ္တုအပိုင်းအစတစ်ခုကို ထောက် လှမ်းတွေ့ရှိခဲ့ပြီးနောက် အနီအောက်ရောင်ခြည်နှင့် အသံလှိုင်းကိရိယာများ တပ်ဆင် ထားသော အမေရိကန်စစ်ဘက် လေယာဉ် တစ်စင်းသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ကူညီလျက်ရှိသည်။ ရှာဖွေကယ်ဆယ်ရေး လုပ် ငန်းများ၏ တိုးတက်မှုကိုစောင့်ကြည့်ရေးအတွက် ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုနှင့် ကာကွယ်ရေးဝန်ကြီး ဗော်လ်တဲယား ဂက်စ်မင်းတို့သည်မက်စ်ဘိတ်ကျွန်းသို့ တနင်္ဂနွေနေ့က ရောက်ရှိ ခဲ့ကြသည်။ ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီး ရိုဘရီဒိုသည် သမ္မတ အကွီနို၏ ရင်းနှီးသော နိုင်ငံရေးမဟာမိတ် တစ်ဦးဖြစ်သည်။ (ရိုက်တာ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment