ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 7, 2012

>
-လူထုကျန်းမာရေး(မျက်စိနာရင် မပေါ့ကြနဲ့)-
**Public Health**

အခုတလော မျက်စိနာကြပြန်ပါပြီ။ အရင်တုန်းက မျက်စိနာနှင့်ပတ်သက်ပြီး ဆောင်းပါးတွေ နှစ်ခါ သုံးခါရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ မရေးတော့ဘူးလို့ စိတ်ကူး ထားတာ၊ ဒါပေမယ့် မရေးရင် မဖြစ်တဲ့အကြောင်းက ပေါ်လာခဲ့တာကိုး။ ဒါကြောင့် ရေးလိုက်ရတာပါ။ မျက်စိနာကြတာမှာ တခိျု့ကတော်တော်ပြင်းပြင်းထန်ထန် နာပြီးမှ ဆေးခန်းရောက်ကြသလို တခိျု့လည်း စောစောစီးစီးရောက်လာကြပါတယ်။ ဆေးခန်း လာပြတဲ့သူတွေတော့ မှန်ကန်တဲ့ကုသမှုနဲ့ လေး၊ ငါးရက်အတွင်း ပျောက်တတ်ကြ ပါတယ်။ ဒါပေမယ့် မျက်စိလာပြတဲ့လူတွေထဲက တချို့မှာ မျက်စိနာမဟုတ်ဘဲ အရေးကြီးတဲ့ မျက်စိရောဂါတွေဖြစ်နေတာကို တွေ့ရလို့ ဒီဆောင်းပါးကို ရေးလိုက် ရတာပါ။ မှတ်မှတ်ရရ လူနာနှစ်ယောက်အကြောင်း ပြောပြပါ့မယ်။ ပထမလူနာကတော့ သားအမိနှစ်ယောက်ပါ။ အမေက သားကိုလာပြတော့ သားကမျက်စိနာနေတာပါ။ နှစ်ဖက်စလုံး မျက်စိတွေနီရဲပြီး မျက်ဝတ်တွေထွက်၊ မျက်စိ ယားဖြစ်နေတာပါ။ စမ်းသပ်ပြီး မျက်စိနာတာသေချာနေတော့ Antibiotic နဲ့ Steroid အနည်းငယ်ပါတဲ့ ဆေးတစ်ခုကိုခတ်ဖို့ ညွှန်းလိုက်ပါတယ်။ သုံးလေးရက်နဲ့ မသက်သာရင် ပြန်ပြဖို့လည်း ပြောလိုက်ပါတယ်။ သုံးလေးရက်ကြာတော့ သူ့အမေပဲ ရောက်လာပြီး သူ့သားတော့ အဲဒီပေးလိုက်တဲ့ မျက်စဉ်းနဲ့မျက်စိနာတာ လုံးဝပျောက် သွားပါပြီ။ ဒါပေမယ့် သူ့ထက်အငယ်သမီးလေးက သူ့ဆီကကူးပြီး မျက်စိနာနေလို့ ဒီဆေးပဲ ခတ်ကြည့်တာသက်သာလို့ ဆေးတစ်ပုလင်းလောက်ရောင်းပေးပါ။ သူက ကျောင်းလည်းမအား၊ ကျူရှင်လည်းရှိလို့ လာမပြနိုင်လို့ပါပြောတော့ ကျွန်တော်လည်း လွယ်လွယ်ကူကူပဲ အဲဒီမျက်စဉ်းဆေးကို ပေးလိုက်မိပါတယ်။ ကျွန်တော့်ရဲ့ ပေါ့ဆမှု ပေါ့လေ။ဒါပေမယ့် သုံးရက်ကြာတော့ သမီးလေးကတော့ သားလိုမသက်သာလို့ဆိုပြီး အဲဒီကလေးမလေးခေါ်ပြီး ရောက်လာပါတယ်။ ကြည့်လိုက်တော့ မျက်စိတစ်ဖက်က အကောင်းပကတိဖြစ်ကာ ကျန်တစ်ဖက်က မှေးပြီး မဖွင့်နိုင်တော့ပါဘူး။ နေရောင် မပြောနဲ့ ကျွန်တော်လက်နှိပ်ဓာတ်မီးနဲ့ကြည့်တာတောင် မခံနိုင်ဖြစ်နေပါတယ်။ အသေအချာစမ်းလိုက်တော့ အမြင်အားလည်း ကျသွားပြီး ရိုးရိုးမျက်စိနာမဟုတ်ဘဲ Comea Ulear ခေါ်တဲ့ မျက်ကြည်နာရောဂါဖြစ်နေပါတယ်။ ဒါနဲ့ အဲဒီဆေးတွေကို ရပ်ပြီး Antibiotic သက်သက်သာပါတဲ့ ဆေးကို ပြောင်းပေးပြီး တစ်နာရီ တစ်ကြိမ် ခတ်ဖို့ ညွှန်းလိုက်ရပါတယ်။ သုံးရက်လောက်ကြာမှ သက်သာပြီး မျက်စိပြန်ဖွင့်နိုင်လာ ပါတော့တယ်။ တကယ်လို့သာ ပထမဆေးဖြစ်တဲ့ Antibiotic နဲ့ Steroid ပါတဲ့ဆေးကိုသာ ဆက်ခတ်နေရင် မျက်စိဟာကုရခက်တဲ့ အခြေအနေထိ ဆိုးရွားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကတစ်ယောက်။နောက်တစ်ယောက်လည်း မိတ်ဆွေရင်းပါ။ သူက သူ့မြေးလေးမျက်စိနာနေလို့ ဘာခတ်ရမလဲ တယ်လီဖုန်းနဲ့ လှမ်းမေးပါတယ်။ သူ့မြေးမှာ ကျူရှင်တွေလည်းရှိနေ တော့ လာပြဖို့ကလည်း အခက်အခဲရှိနေလို့ ဆေးညွှန်းပေးပါဆိုတော့ အလွယ်တကူ လွတ်လွတ်ကင်းကင်း Antibiotic သက်သက်သာပါတဲ့ မျက်စဉ်းတစ်ခုကို ညွှန်းလိုက် ပါတယ်။ သုံးလေးရက် ခတ်ပေမယ့် မသက်သာဘဲ ပိုဆိုးတယ်ဆိုပြီးကျောင်းပိတ်ရက် ရောက်တော့ ဆေးခန်းကို လာပြပါတယ်။ ကြည့်လိုက်တော့ မျက်စိတစ်ဖက်က အကောင်း ဖြစ်ပြီး မျက်စိနာတယ်ဆိုတဲ့ မျက်စိဟာ မဖွင့်နိုင်တော့ပါဘူး။ အမြင်အာရုံကလည်း လက်လှုပ်တာတောင် မမြင်နိုင်ဘဲ မီးရောင်သာမြင်ပါတော့တယ်။ မျက်စိဟာ ရိုးရိုး မျက်စိနာမဟုတ်ဘဲ မျက်စိအတွင်းရောင်ရောဂါ Anterior Uveltls ဖြစ်နေတာ တွေ့ရ ပါတော့တယ်။ ဒါနဲ့မျက်စိနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ကုသမှုပေးပြီး နဂိုသူ့မှာရှိတဲ့ တီဘီရောဂါနဲ့ သက်ဆိုင်တဲ့ တခြားဆရာဝန်တွေကိုပါ တိုင်ပင်ပြီး ကုသပေးနေရပါတယ်။ ဒီအဖြစ်အပျက်နှစ်ခုကိုကြည့်ရင် မျက်စိနာရောဂါနှင့်ရောပြီး တခြားအရေးကြီး တဲ့ရောဂါတွေပါ မသိမသာ ဖြစ်နိုင်တယ်ဆိုတာ ဆင်ခြင်နိုင်ကြဖို့လိုပါတယ်။ သတိထား ဖို့က ရိုးရိုးမျက်စိနာ (Conjunctivitis) ရောဂါဟာ နှစ်ဖက်တစ်ခါတည်း ဖြစ်တတ်ကြ ပါတယ်။ မျက်စိမှုန်မသွားတတ်ပါဘူး။ အမြင်အာရုံ မထိခိုက်ပါ။ မျက်စိနာရောဂါ ဟာ တစ်ဦးက တစ်ဦးကို ကူးစက်လွယ်ပါတယ်။ မျက်စိနာနေတဲ့လူ ကိုင်ထားတဲ့ ပစ္စည်း(ဥပမာ-လက်ကိုင်ပ၀ါ၊ ငွေစက္ကူ) တစ်ခုခုကိုကိုင်ပြီး လက်မဆေးမိဘဲ ကိုယ့်မျက် စိကို မသိမသာပွတ်မိတာနဲ့ကူးနိုင်ပါတယ်။ မျက်စိနာနေတဲ့သူတစ်ဦးဦးနဲ နီးနီးကပ်ကပ်နေမိပြီး မျက်စိယားလာပြီး မျက်စိပွတ်ချင်လာပြီဆိုတာနဲ့ မျက်စိနာ ကူးလာနိုင်တာကြောင့် Antibiotic ပိုးသေဆေးအာနိသင်သက်သက်ပါတဲ့ မျက်စဉ်း ဆေးကို တစ်နေ့ လေးကြိမ်လောက် ခတ်ထားနိုင်ပါတယ်။ အဲဒီဆေးတွေကတော့ Tobramycin, Polymyxin B, Neomycin, Ciprofloxacin, Oflaxacin, Nofloxacin, Gentamycin, Choamphenicol, Tetracyelin စတဲ့ ပိုးသေဆေးမျက်စဉ်းတွေထဲက တစ်ခုခုကို နှစ်နာရီတစ်ကြိမ်လောက် လေး၊ ငါးရက် ခတ်လိုက်ရင် ပျောက်တတ်ကြပါတယ်။
ဒါပေမယ့် မျက်စိနာတာဟာ (၁) တစ်ဖက်တည်းဖြစ်နေရင် (၂) ဖြစ်တဲ့ဘက်က အမြင်အာရုံမှုန်ဝါးသွားရင် (ကောင်းတဲ့ဘက်ကို လက်နဲ့ ပိတ်ပြီး စမ်းကြည့်ပါ) (၃) မျက်စိဟာ နေရောင်၊ မီးရောင်၊ လေတိုက်တာမခံနိုင်အောင်ဖြစ်လာရင် (၄) မျက်ရည်ပူတွေကျလာရင် (၅) မျက်စိမဖွင့်နိုင်ဖြစ်လာရင် (၆) မျက်စဉ်းခတ်ပါလျက်နဲ့ ခုနစ်ရက်လောက်အတွင်း မျက်စိနာမသက်သာဘဲ ရှိနေရင်ရိုးရိုးမျက်စိနာမဟုတ်တော့ဘဲ အရေးကြီးတဲ့ရောဂါဖြစ်နေပြီဆိုတာ သတိထားသင့်ပါ တယ်။အဲဒီလိုဖြစ်လာရင် မပေါ့ဆဘဲ မျက်စိဆေးရုံ၊ မျက်စိဆေးခန်းတွေမှာ အမြန် ပြသပြီး ကုသမှုခံယူသင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ။ (အင်တာနက်) 

(ဒေါက်တာ ကံညွန့်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)