-လူထုကျန်းမာရေး (သွားတိုက်ဆေး၊လက်ဆေးဆပ်ပြာနှင့် ချွေးနံ့ ပျောက်ဆေးတို့တွင်ပါဝင်သည့်
ဓာတုပစ္စည်းက နှလုံးကြွက်သား များသန် မာမှုကိုလျော့ကျစေနိုင်)-
** Public Health **
ဆပ်ပြာများ၊ ချွေးနံ့ပျောက်ဆေး(အနံ့အသက်ပျောက်ဆေး)၊ သွားတိုက်ဆေးများနှင့် အခြားသော ခန္ဓာကိုယ်သန့်စင်ရေး လူသုံးကုန်ပစ္စည်းများတွင် ကျယ်ပြန့်စွာသုံးသည့် ဘက်တီးရီးယားပိုးသတ်ဆေး ခန္ဓာကိုယ်သန့်စင်ရေး ထရိုင်ကလိုဆန် (Triclosan) သည် ခန္ဓာကိုယ်ကြွက်သားများသန်မာခြင်းကို လျော့ကျစေသည်ဟု အင်တာနက်သတင်းတစ်ရပ်က ဖော်ပြသည်။ ထရိုင်ကလိုဆန်ကို အိမ်တိုင်းတွင်တွေ့ရပြီး ယင်းသည် ပတ်ဝန်းကျင်နေရာအနှံ့ ပျံ့နှံ့လျက်ရှိကြောင်းကယ်လီဖိုးနီးယားတက္ကသိုလ် ဇီဝသိပံ္ပ-မော်လီကျူးဌာန အကြီးအကဲပါမောက္ခ အိုင်ဆက်ပီဆတ်(Isaac Pessah) က ပြောကြားသည်။ လူနှင့် ပတ်ဝန်းကျင် ဆိုင်ရာကျန်းမာရေးကိုထိခိုက်စေသည့် ဓာတုပစ္စည်းအား ယခုလေ့လာတွေ့ရှိမှုက သိသာထင်ရှားစွာ ထောက်ပြထားခြင်းဖြစ်ကြောင်း ပါမောက္ခပီဆတ်၏ ပြောကြားမှုကို အမျိုးသား ကျန်းမာရေး သိပံ္ပ ဂျာ နယ်က ဖော်ပြသည်။ ဘက်တီးရီးယားပိုး တိုက်ဖျက်သည့် ထရိုင်ကလိုဆန်အား လက်ဆေးဆပ်ပြာ၊ချွးနံ့ပျောက် ဆေး၊ ခံတွင်းသန့်စင်ဆေးရည်၊သွားတိုက်ဆေး၊ အိပ်ရာခင်းများ၊ အဝတ်အစားများ၊ ကော်ဇောများ၊ ကလေးကစားစရာအရုပ်များနှင့် အမှိုက်အိတ်ကဲ့သို့သော ခန္ဓာကိုယ်သန့်စင်ရေး၊ လူသုံးကုန်ပစ္စည်းများ၌ ယေဘုယျအားဖြင့် တွေ့ရှိရသည်ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်ကြေညာချက်တွင် ဖော်ပြသည်။လူနှင့်တိရစ္ဆာန်များအား ထရိုင်ကလိုဆန်သုံးစွဲခြင်းနှင့် နေ့စဉ်ဘဝများတွင်ကြွက်သားများလှုပ်ရှားမှု၌ ထရိုင်ကလိုဆန်ပါသော အသုံးအဆောင်ပစ္စည်းများ၏သက်ရောက်မှုကို ချင့်တွက်ရန် လက်တွေ့စမ်းသပ်မှုများကို သုတေသန ပညာရှင်များက လေ့လာခဲ့ခြင်းဖြစ်သည်။နှလုံးကြွက်သားဆဲလ်များ၊ အရိုးငြမ်းဆိုင်ရာ ကြွက်သားမျှင်များ၊ ကြွက်သား လှုပ်ရှားမှုများနှင့် နှလုံးခုန်နှုန်း စွမ်းရည်များကို ထရိုင်ကလိုဆန်က လျော့ကျစေခြင်းဖြင့် အနှောင့်အယှက်ပေး ခဲ့ကြောင်း ဖန်ပြွန်စမ်းသပ်မှုများဖြင့် လေ့လာဖော်ထုတ်ခဲ့ကြသည်။
ထို့အပြင် ကြွက်တစ်ကောင်အား ထရိုင်ကလိုဆန် တစ်ခါသောက် ဆေးပမာဏကို ထိုးသွင်းပြီးနောက် တစ်နာရီအကြာတွင် ကြွက်၏ဆွဲညှစ်နိုင်မှု စွမ်းအားသည် ၁၈ ရာခိုင်နှုန်းကျဆင်း သွားသည်ကို တွေ့ရသည်။ ခြေလက်ကြွက်သား(Muscle)များ လှုပ်ရှားဆောင်ရွက်ရာတွင် ဆွဲညှစ်နိုင်မှုစွမ်းအင်ကို ကျယ်ပြန့်စွာအသုံးပြုသည်။သက်ရှိသတ္တဝါများ၏ နှလုံးနှင့် အရိုးငြမ်းကြွက်သားများ ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ဆန့်ထုတ်ခြင်းအား ထရိုင်ကလိုဆန်က အနှောင့်အယှက်ပြုကြောင်း လေ့လာသူ များက တွေ့ရှိခဲ့ကြသည်။ နှလုံး၏လုပ်ငန်းများဆောင်ရွက်ရာတွင် ထရိုင်ကလိုဆန်၏အကျိုးသက်ရောက်မှုသည် သိသိသာသာဖြစ်ကြောင်း ပါမောက္ခ နီပါဗန်ချီအန်ဗီမွန်ဗက် (Nipavan Chiamvimonvat) က ထုတ်ဖော်ပြောကြားသည်။
(Newkerala News)
ဘာသာပြန် - မောင်ဇော်

No comments:
Post a Comment