-ကျောင်းကျန်းမာရေး
“ကြေးတံဆိပ်ဆု” ကို နေ့သစ်အလက ကျောင်းမှ ရရှိ-
(ဇူလိုင်လ ၃ ရက် ၂၀၁၂- သောင်ရင်းနဂါး)ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ CDC အထက ကျောင်း၌ ယမန်နေ့က ကျင်းပသော တာ့ခ်ခရိုင် ရွှေ့ပြောင်းဒေသဆိုင်ရာ မြန်မာစာသင်ကျောင်းများ၏ ကျောင်းကျန်းမာရေး ဆုပေးပွဲအခမ်းအနားတွင် နေ့သစ်အလကကျောင်းမှ တတိယကြေးတံဆိပ်ဆုကို လက်ခံရရှိခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း ၉ ကျောင်းအား ပထမ ရွှေတံဆိပ် ၃ ခု၊ ဒုတိယ ငွေတံဆိပ် ၃ ခု၊ တတိယ ကြေးတံဆိပ် ၃ ခု၊ စသည်ဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထိုင်းပညာရေးဝန်ကြီးဌာန တာ့ခ်ခရိုင် အမှတ် ၂ အခြေခံပညာရေးဌာန တွဲဖက်ဒါရိုက်တာ မနိဒါ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် ၉ မြို့နယ်တွင် အမှတ် ၂ အခြေခံပညာရေးဌာန လက်အောက်ခံ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း ၈၀ ခန့်ရှိပြီး ၇၄ ခုမှာ အမှတ် ၂ အခြေခံပညာရေးဌာနမှ တရားဝင် စာရွက်စာတမ်းနှင့် ဆိုင်းဘုတ်ထုတ်ပေးထားသော လေ့ကျင့်ပညာပေးရေးဌာန (Learning Centre) အဆင့်ဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။နေ့သစ်အလက ကျောင်းဟာ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှား
မှုကော်မတီ (JACBA) က ၂၀၀၅ ခုနှစ် ဇွန်လမှာ စမ်းသပ် မူကြိုကျောင်း ၊ ၂၀၀၆ခုနှစ် ကနေ၂၀၀၈ အထိ မူလ တန်း ကျောင်း ၊အဲဒီကနေ ၂၀၀၈ ခုနှစ်ကနေ ယနေ့အထိ အလယ်တန်း ကျောင်းအဖြစ် အဆင့်ဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ ဆရာ (၁၆) ဦးနဲ့ ကျောင်းသား ၅၀၀ ခန့်ရှိနေတဲ့ အလကကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
သတင်းနှင့် ဓာတ်ပုံ - သောင်ရင်းနဂါး

No comments:
Post a Comment