-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အမေရိကန်အမျိုးသမီးဘောလုံးအသင်းဂျပန်အသင်းကို အနိုင်ရကာ ရွှေတံဆိပ်ဆွတ်ခူး**
( လန်ဒန် သြဂုတ် ၁ဝ) ၂ဝ၁၂ လန်ဒန်အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၉ ရက် ညပိုင်းက အမေရိကန်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမေရိကန်က ဂျပန်ကို အနိုင်ရရှိခဲပြီး ရွှေတံဆိပ် ဆွတ်ခူးသည်။အမေရိကန် အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်အသင်းကို ရှုံးနိမ့်ထားခဲ့သော်လည်း လက်ရှိ ၂ဝ၁၂ လန်ဒန်အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အမေရိကန် အမျိုးသမီးဘောလုံး အသင်းတွင် အားထားရသည့် ကစားသမား အဲလက်စ်မော်ဂန်၏ ဖြတ်တင် ဘောမှ တစ်ဆင့် ပွဲချိန် ၈ မိနစ်တွင်ကွင်းလယ်ကစားသမား ကာလီအယ်လွိုက်က အမေရိကန်အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲကစားချိန် ၅၄မိနစ်တွင် အသက် (၃ဝ)အရွယ်ရှိ ကွင်း လယ်ကစားသမား ကာလီအယ်လွိုက်ကပင် အမေရိကန်အသင်းအတွက် ဒုတိယ မြောက် ဦးဆောင်ဂိုးကို သွင်းယူကာဂျပန်အသင်းကို ဦးဆောင်ကစားခဲ့ သည်။သို့ရာတွင် ဂျပန်အမျိုးသမီးဘောလုံးအသင်းသည် မိနစ် ၆ဝ အထိ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ၆၃ မိနစ်မှသာ နာဂါဆာတို၏ သွင်းဂိုးဖြင့် ချေပဂိုးတစ်ဂိုးရရှိခဲ့သည်။ ဂျပန်အသင်းသည် ချေပဂိုးသွင်းပြီးနောက် အနည်း ငယ် ခြေစွမ်းတက်လာခဲ့သော်လည်းနောက်ထပ်ချေပဂိုးမသွင်းယူနိုင်ခဲ့ပေ။ ထို့ကြောင့် ပွဲကစားချိန် မိနစ် ၉ဝပြည့်သည်အထိ ဆက်လက်ဂိုးမသွင်း နိုင်ကြတော့ဘဲ အမေရိကန် အမျိုးသမီးဘောလုံးအသင်းက ဂျပန်အမျိုးသမီး ဘောလုံးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရလဒ်ကို အဆုံးသတ်ကာ ရွှေတံဆိပ် ဆုကို ဆွတ်ခူးရရှိခဲ့သည်။ (အင်တာနက်)
**အူစိန်ဘော့ မီတာ ၂၀၀ ဗိုလ်စွဲ**
(လန်ဒန်၊ သြဂုတ် ၁၀)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁၀ ရက်က (၁၄) ရက်မြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဂျမေကာ အပြေးသမား အူစိန်ဘော့က အမျိုးသမီး မီတာ
၂၀၀ ပြေးပွဲတွင် စံချိန် ၁၉.၃၂ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲသွားသည်။ အဆိုပါ ပြိုင်ပွဲတွင်
ယိုဟမ်းဘလိတ်က စံချိန် ၁၉.၄၄ စက္ကန့်ဖြင့် ငွေတံဆိပ်၊ ၀ါရင်ဝီယာက စံချိန် ၁၉.၈၄ စက္ကန့်ဖြင့်
ကြေးတံဆိပ် ဆွတ်ခူးသွားခဲ့သည်။ အဆိုပါ ကစားသမားသုံးဦးစလုံးသည် ဂျမေကာနိုင်ငံသားများဖြစ်ကြသည်။
အူစိန်ဘော့သည် မီတာ ၁၀၀ ပြေးပွဲတွင်လည်း
ဗိုလ်စွဲခဲ့သူဖြစ်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံတွင် 3D ရုပ်ရှင်ကားပူးတွဲထုတ်လုပ်မည့် ဂျိန်းစ်ကင်မရွန်း
နာမည်ကျော်တိုက်တန်းနစ်ဇာတ်ကားဒါရိုက်တာ ဂျိန်းစ်ကင်မရွန်းက ၄င်း၏
ကုမ္ပဏီနှင့် တရုတ် ရုပ်ရှင်ထုတ်လုပ်သူများ ပူးပေါင်း၍ တရုတ်နိုင်ငံ၏မြို့တော်
ပေကျင်း၏ သမိုင်းကြောင်းနှင့်ပတ်သက်သည့် 3D (သုံးဖက်မြင်)ရုပ်ရှင်ကား
တစ်ကား ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသြဂုတ် ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်သည်Dream Works Animation ရုပ်ရှင်
ထုတ်လုပ်ရေးကုမ္ပဏီက တရုတ်နိုင်ငံတွင်အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ဝင်ငွေ
ရရှိခဲ့သည့်ုကညါ င်္က ဏညေိေ ဇာတ်ကား၏ တတိယမြောက်ဇာတ်ကား ထုတ်လုပ်
ရန် ကြေညာအပြီး နှစ်ရက်အကြာတွင်ပေါ်ထွက် လာခြင်းဖြစ်သည်။
အဆိုပါ 3D ရုပ်ရှင်ကားသည်ပေကျင်းမြို့တော်၏ နှစ်ပေါင်း ၈ဝဝ
သမိုင်းကြောင်းကို ရိုက်ကူးတင်ပြသွားမည်ဖြစ်ကြောင်း ဂျိန်းစ်ကင်မရွန်း၏
ကုမ္ပဏီ Cameron pace Group (CPG)၊်ရုပ်ရှင်ထုတ်လုပ်သူများ
ကော်ပိုရေးရှင်း၊ အခြားရုပ်ရှင်ကုမ္ပဏီလေးခုနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့
အစည်းများ၏ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရသိရသည်။
CPG နှင့် Sino-U.S ကုမ္ပဏီတို့ပူးပေါင်း၍ သြဂုတ် ၇ ရက်တွင် တရုတ်
နိုင်ငံမြောက်ပိုင်း Tianjin မြို့၌ တရုတ်နိုင်ငံတွင် 3D နည်းပညာမြှင့်တင်ရေး
နှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။ကင်မရွန်း၏ CPG ကုမ္ပဏီသည်
ပြည်ပတွင် ပထမဆုံးရုံးခွဲတစ်ခုကိုတရုတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။
ဂျိန်းစ်ကင်မရွန်း၏ နာမည်ကျော်လက်ရာများဖြစ်သည့် Avatar ဇာတ်ကား
နှင့် Titanic ဇာတ်ကားတို့မှာ တရုတ်နိုင်ငံ ရုပ်ရှင်ရုံများတွင် ပရိသတ်များ
စံချိန်တင်မြင့်တက်ခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့သည်။(အင်တာနက်) **အမျိုးသမီး မီတာ ၁၀၀ တန်းကျော်ပြေးပွဲ သြစတြေးလျမှ ပီယာဆင်ရွှေတံဆိပ်ဆုဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁၀) လန်ဒန်၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁၀ ရက်မြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသမီးမီတာ ၁၀၀ တန်းကျော်ပြေးပွဲတွင် သြစတြေးလျနိုင်ငံမှ ဆယ်လီပီယာဆင်က လက်ရှိချန်ပီယံ ဒေါင်းဟာပါကိုကျော်ဖြတ်ကာ ရွှေတံဆိပ်ဆုဆွတ်ခူးသွားခဲ့သည်။ ဆယ်လ်လီယာဆင်သည် အဆိုပါပြိုင်ပွဲတွင် စံချိန် ၁၂.၃၅ စက္ကန့်ဖြင့် အိုလံပစ်ချိန်သစ်တင်နိုင်ခဲ့သည်။ ပီယာဆင်သည် ပေကျင်းအိုလံပစ်တွင် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ယခုပီယာဆင်ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်သည် လန်ဒန် ၂၀၁၂ အိုလံပစ်တွင် သြစတြေးလျနိုင်ငံအတွက် ပြေးခုန်ပစ်အားကစားဖြင့် ပထမဆုံးဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်ဆုဖြစ်သည်။
(အင်တာနက်)
**တရုတ်အမျိုးသမီး ဒိုင်ဗင်မယ် ဒုတိယအကြိမ် ရွှေတံဆိပ်ယူ**
(လန်ဒန်၊ သြဂုတ် ၁၀)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁၀ ရက်က ၁၄ ရက်မြောက်နေ
့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသမီး ၁၀ မီတာ ပလက်ဖောင်းဒိုင်ဗင်ပြိုင်ပွဲတွင်
တရုတ်မှ ချန်းရူယိုလင်းက လန်ဒန်အိုလံပစ်၌ ဒုတိယမြောက် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိသွားခဲ့သည်။
ယူရိုလင်းသည် သြစတြေးလျမှ အသက် ၁၆ နှစ်အရွယ် ဘရစ်တနီ ဘရော်ဘင်ကိုကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ သူမသည် ငါးကြိမ်တိုင်
အလှပဆုံး ဒိုင်ဗင်ထိုးချနိုင်ခဲ့ပြီး ရမှတ် ၄၂၂.၃၀ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ (အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment