ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 1, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

** ရဲအရာရှိအဖြစ် သရုပ်ဆောင်မည့် လီဂျီဟွန်း**

ကိုရီးယားမင်းသား လီဂျီဟွန်း နှင့် အခြားဝါရင့်သရုပ်ဆောင်များသည် ၂ဝ၁၃ ခုနှစ် နှစ်လယ်တွင်ဖြန့်ချိပြသမည့်ဇာတ်ကားတစ်ကားအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။Ethics of fury အမည်ပေး ထားသော ဇာတ်ကားနှင့်ပတ်သက်၍ဇူလိုင် ၁၈ ရက်ကတည်းက ရိုက်ကူးရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ဤဇာတ်ကားကို ဒါရိုက်တာ ပါ့ခ်မြောင်ရန် က စီစဉ်ရိုက်ကူးသွားမည်ဖြစ်သည်။ယင်းဇာတ်ကားသည် ဘွဲ့ရကျောင်းသူ လေးတစ်ဦး အသတ်ခံရပုံကို အခြေခံရိုက်ကူးထားပြီး ရဲအရာရှိအဖြစ် သရုပ် ဆောင်မည့် လီဂျီဟွန်းက အသတ်ခံရသည့် ကျောင်းသူလေးနှင့် အိမ်ချင်းကပ် နေထိုင်သူအဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်သည်။မကြာသေးမီက ရုံတင်ပြသခဲ့ပြီး လူကြိုက်များခဲ့သည့် Architecture 101 ၁ဝ၁ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့သည့် လီဂျီဟွန်းက ဒါရိုက်တာပါ့ခ်မြောင်ရန်နှင့် လက်တွဲလုပ်ကိုင်ရသည့် အတွက် ပျော်ရွှင်ကျေနပ်ကြောင်းထုတ်ဖော်ပြောကြားသည်။ဤဇာတ်ကားတွင် လီဂျီဟွန်းနှင့်အတူ အခြားဝါရင့် သရုပ်ဆောင်များဖြစ်ကြသည့် မွန်းဆိုရီ၊ ဂျိုဂျင်ဝေါင်း၊ကွက်ဒိုဝန်တို့က ပါဝင်အားဖြည့် သရုပ်ဆောင်သွားမည်ဖြစ်သည်။ လီဂျီဟွန်းအနေဖြင့် ဤဇာတ်ကားရိုက်ကူးပြီးလျှင် သရုပ်ဆောင်လောကမှ ခေတ္တအနားယူပြီး စစ်မှုတာဝန် နှစ်နှစ်ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ (အင်တာနက်) စုစည်းဘာသာပြန် - အေ၀မ်းစိုး **

**လီဗာပူးနောက်တန်းကစားသမား ဒန်နီရယ်အက်ဂါအားမန်စီးတီးအသင်းခေါ်ယူရန် ပစ်မှတ်ထားလာ**
( မန်ချက်စတာ ဇူလိုင် ၃ဝ) ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီသည်လာမည့်သြဂုတ်လထဲတွင် စတင်တော့ မည်ဖြစ်ရာ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်၊စီးရီးအေ၊ ဘွန်ဒက်လီဂါ၊ လာလီဂါ စသည့် ပြိုင်ပွဲများအတွက် ကလပ်အသင်းတိုင်းက အသင်းအောင်မြင်မှုရရှိရေး အတွက် ကစားသမားခေါ်ယူမှုများလုပ်ဆောင်လျက်ရှိရာ ပရီမီယာလိဂ်၏ အင်အားကြီး အသင်းတစ်ခုဖြစ်သည့်မန်စီးတီးအသင်းကလည်း ကစားသမား ဖြည့်တင်းမှုအနေဖြင့် လီဗာပူးအသင်းမှနောက်တန်းကစားသမား ဒန်နီရယ်အက်ဂါ အား ခေါ်ယူရန်ပစ်မှတ်ထား လာခဲ့သည်။ထို့အပြင် စပိန်အင်အာကြီး အသင်း များဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ဘာစီလိုနာ စသည့် အသင်းများကလည်း အသက်(၂၇)နှစ်အရွယ်ရှိ လီဗာပူးနောက်တန်းကစားသမား ဒန်နီရယ် အက်ဂါအား စိတ်ဝင်စားနေကြောင်း ယခုသီတင်းပတ်အတွင်း ထုတ်ဖော်ပြောကြား လာသည်။ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းက နောက်တန်းကစားသမား ဒန်နီရယ် အက်ဂါအား ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ရာလီဗာပူးအသင်း၏ ငြင်းပယ်မှုကိုခံခဲ့ရ သည်။ မန်စီးတီးက ပေါင် ၁၃ သန်းဖြင့်ခေါ်ယူမည်ဟုလည်း ဆိုခဲ့သည်။ သို့ရာ တွင် လီဗာပူးနောက်တန်းကစားသမားဒန်နီရယ်အက်ဂါကမူ ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီမတိုင်မီ အန်ဖီးလ်ကို စွန့်ခွာလိုကြောင်း အသင်းနည်းပြ ဘရန်ဒန် ရော့ဂျာထံသို့ တောင်းဆိုခဲ့သည်။လီဗာပူးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျာကမူ အသင်း၏အားထားရသည့်ကစားသမား ဒန်နီရယ်အက်ဂါအား အသင်း၌ ဆက်ထိန်းထားလိုသော်လည်းလီဗာပူးအသင်းနောက်တန်းကစားသမား ဒန်နီရယ်အက်ဂါအနေဖြင့် လာမည့်သီတင်းနှစ်ပတ်အတွင်း ရီးယဲလ်မက် ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး စသည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ထို့အပြင် ၄င်းအနေဖြင့် အသင်း ပြောင်းရွှေ့ပါက မန်စီးတီးအသင်းကိုသာ ပိုစိတ်ဝင်စားကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာနက်)  

**မီတာ ၁၀၀ လိပ်ပြာကူး ကန်ရေကူးမယ် ကမ္ဘာ့စံချိန်သစ်တင်** 
(လန်ဒန်၊ ဇူလိုင် ၃၀) လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို ဇူလိုင် ၃၀ ရက်က ဆက်လက်ကျင်းပ လျက်ရှိရာ အမေရိကန်ရေကူးအားကစားမယ် ဒါနာမော်လ်မာက အမျိုးသမီးမီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည့်အပြင် ကမ္ဘာ့စံချိန်သစ်ကိုပါ တင်နိုင်ခဲ့သည်။ အသက် ၂၄ နှစ်ရှိ ကမ္ဘာ့ချန်ပီယံ ဒါနာဗော်လ်မာသည် စံချိန် ၅၅.၉၈ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ တရုတ်မှ ရင်လုက စံချိန် ၅၆.၈၇ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။ သြစတြေးလျမှ အလီစီယာကောက်(တ်)က စံချိန် ၅၆.၉၄ စက္ကန့်ငြဖ့် ကြေးတံဆိပ်ဆုဆွတ်ခူး ရရှိခဲ့သည်။ ကမ္ဘာ့စံချိန်သစ် တင်သူဒါနာမော်မာ သည် အသက် ၁၆ နှစ်အရွယ်ကစပြီး အေသင်အိုလံပစ် ၂၀၀၄ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)

 **လန်ဒန်အိုလံပစ် တတိယနေ့ ဆုရရှိမှုစာရင်း**
 စဉ် နိုင်ငံ ရွှေ ငွေ ကြေး ပေါင်း
 ၁။ တရုတ် ၈ ၄ ၂ ၁၄ 
၂။ အမေရိကန် ၃ ၅ ၅ ၁၃
 ၃။ အီတလီ ၂ ၄ ၂ ၈ 
၎။ ပြင်သစ် ၂ ၁ ၃ ၆ 
၅။ တောင်ကိုရီးယား ၂ ၁ ၂ ၅
 ၆။ ရုရှား ၂ ၀ ၃ ၅ 
၇။ မြောက်ကိုရီးယား ၂ ၀ ၁ ၃ 
၈။ ကာဇက်စတန် ၂ ၀ ၀ ၂
 ၉။ ဂျပန် ၁ ၃ ၃ ၇ 
၁၀။ ရိုမေးနီးယား ၁ ၂ ၀ ၃ 

**မီတာ ၁၀၀ ဘရက်စတုတ်ရေကူးပြိုင်ပွဲ တောင်အာဖရိက ရေကူးချန်ပီယံ ကမ္ဘာ့စံချိန်တင်**
 (လန်ဒန်၊ ဇူလိုင် ၁၀) လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲများကို ဇူလိုင် ၃၀ ရက်တွင် ဆက်လက်ကျင်းပလျက်ရှိရာ တောင်အာဖရိက ရေကူးအားကစားသမား ကင်မရွန်း ဗန်ပါဘတ်က အမျိုးသားမီတာ ၁၀၀ ဘရက်စတုတ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်သည့် အပြင် ကမ္ဘာ့စံချိန် သစ်ကိုပါ တင်နိုင်ခဲ့သည်။ ဗန်ဒါဘတ်သည် စံချိန် ၅၈.၄၆ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်လိုက်ခြင်း ပင်ဖြစ်သည်။ ၄င်းသည် အိုလံပစ်ရေကူးအားကစားပြိုင်ပွဲတစ်ဦး ချင်း ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်သည့် ပထမဆုံးအမျိုးသားဖြစ်လာခဲ့သည်။ (အင်တာနက်) 

**အမျိုးသားအသင်းလိုက် မြားပစ်ပြိုင်ပွဲ တောင်ကိုရီးယားက တရုတ်ကိုနိုင်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူး** (လန်ဒန်၊ ဇူလိုင် ၃၀) လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် ဇူလိုင် ၂၉ ရက်က တောင်ကိုရီးယား အမျိုးသားမြားပစ်အဖွဲ့သည် တရုတ်အမျိုးသား မြားပစ်အဖွဲ့ကို ၂၁၀-၂၀၉ မှတ်ဖြင့် နိုင်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူး ရရှိသွားခဲ့သည်။ တောင်ကိုရီးယားအမျိုးသမီးမြားပစ်အဖွဲ့သည် ၁၉၈၈ ခုနှစ်မှစပြီး အမျိုးသမီးအသင်း လိုက်မြားပစ်ပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ ခြင်းဖြစ်သည်။ ဂျပန်အမျိုးသမီးမြား ပစ်အဖွဲ့က ရုရှားအမျိုးသမီး မြားပစ်အဖွဲ့နှင့် ယှဉ်ပြိုင်ရာတွင် ဂျပန်က ၂၀၉-၂၀၇ မှတ်ဖြင့်နိုင်ပြီး ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ ဂျပန် အမျိုးသမီးမြားပစ်အဖွဲ့သည် နောက်ဆုံးပစ်သည့် မြား သုံးချောင်းမှာ ၂၈ မှတ် ရရှိခဲ့သည်။ ယင်းကြေးတံဆိပ်ဆုသည် ဂျပန်နိုင်ငံအတွက် ဆွတ်ခူးပေး သည့် အိုလံပစ်ဆုတံဆိပ်ပင်ဖြစ်ဥည်။ (အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး **

 **၂ဝ၁၂ လန်ဒန် အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်ရလဒ်များ**
 (၃ဝ-၇-၂ဝ၁၂ ) ဆီနီဂေါ ၂ - ဝ ဥရုဂွေး
 ဗြိတိန် ၃ - ၁ယူအေအီး အီဂျစ် ၁ - ၁ 
 နယူးဇီလန် ဘရာဇီး ၃ - ၁ ဘယ်လာရုစ် ဂျပန် ၁ - ဝ မော်ရိုကို စပိန် ဝ - ၁ ဟွန်ဒူးရပ်စ် မက္ကဆီကို ၂ - ဝ ဂါဘွန် တောင်ကိုရီးယား ၂ - ၁ ဆွစ်ဇာလန်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)