
အခန်း (၁) လူ ထွေး လက် ထပ် တော့ မယ် တဲ့။ စကြာဝဠာကြီး အတိုင်းအစမဲ့ တဝီဝီလည်နေသည့်အလား ခေါင်းတခုလုံး သွက်သွက်ခါ ချာရမ်း၍ သွားသည်။ လင်းထိန်နေသည့် မီးဆိုင်းများအောက်မှာ ရုတ်တရက် အမှောင်ကျသွား သကဲ့သို့ မျက်လုံးများမှာလည်း မှိုင်းမှုံ ပြာဝေ သွားကြသည်။ လူထွေး မိန်းမ ယူတော့မယ်တဲ့။ တုန်ယင်နေသည့် နှလုံးခုန်သံများက နားနှင့် ဆတ်ဆတ် ကြားရလောက်အောင် တဒုတ်ဒုတ်နှင့်။ နှာသီးဖျားမှ အသက် ရှုသွင်း ရှုထုပ်သံကလည်း ပို၍ ပို၍ ကျယ်လောင်လာသည် ဟု ထင်ရ၏။ အာခံတွင်းသည်လည်း ပူလောင်လွန်းသဖြင့် ခြောက်သွေ့ အက်ကွဲ၍ လာနေပြီ။ “လူထွေး အိမ်ထောင်ပြုတော့မယ် တဲ့။ အဲဒါ နင်တို့ ဘယ်လို သဘောရကြသလဲ” သူ့အတွေးနှင့်သူ တိတ်ဆိတ် လောင်မြိုက်နေသော ခမ်းမကြီး တခုလုံးကို စကားသံက အပေါ်စီးမှ လွှမ်းမိုး၍ သွားသည်။ အားလုံး သိထားပြီးသား သတင်းတခုကို ပြန်ပြောရသည် ဆိုသော်လည်း အသံက စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်၍နေ၏။ ခံလိုက်ရပြီ ဟူသည့် အသိကြောင့် ရောယှက်နေသော ဒေါသကလည်း အသံမှာ ရောထွေးလျှက် ရှိ၍နေသည်။ ပြန်မရနိုင်တော့သည့် အိပ်မက်တခုကို တမ်းတနေမိ သောကြောင့်လည်း သူ့စကားမှာ အလွမ်းရိပ်တွေ ဝေသီနေပြန်၏။ ထိုသို့ ဟိန်းထွက်လာသည့် စကားသံ အဆုံးမှာတော့ မဒီအယောက် ၉၀ ဖြင့် ပြည့်နှက်လျှက် ရှိသော ခမ်းမကြီးက ပကတိ ပြန်လည် တိတ်ဆိတ် သွားပြန် တော့သည်။ ထိုနေ့ညနေ အစည်းအဝေးအဆုံးမှ ခွဲထွက်လာသော အုပ်စုတစုက လူထွေးနေထိုင်ရာ အခန်းရှေ့မှာ ညလုံးပေါက် သီချင်းတွေ လာအော်ဆိုကြသည်။ အယောက်သုံးဆယ်စာမျှ အသံက တရပ်ကွက်လုံး ဟိန်းညံ၍ ထွက်ကျလာ၏... "ဒီဘဝမှာ မင်းနဲ့အတူတူ မပေါင်းရပေမယ့်လည်း... နောင်ဘဝဆိုတာ ရှိခဲ့ရင် တောင်းဆုပြုနေမယ်။ တူတူယှဉ်ကာ ပေါင်းကြရစေသား" အခန်း (၂) နောက်တနေ့မနက် မိုးလင်းလင်းချင်းမှာ လူထွေးကို လန့်နှိုးလိုက်သူများက မှုခင်းရဲအရာရှိနဲ့ ရဲသားတွေ။ မနေ့ညက မိမိကိုယ်မိမိ အဆုံးစီရင် သွားကြသော အမျိုးသမီး အယောက် ၃၀ ၏ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းရန်ဟု ဆိုကာ လူထွေးကို စခန်းသို့ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားကြသည်။ သေဆုံးသူ အမျိုးသမီးများက သူတို့၏ အခန်းနံရံမှာ... "လူ ထွေး.. နင် သိပ် ရက် စက် တယ်" ... ဟု သွေးဖြင့် ရေးသွားကြောင်း ရဲတွေက ပြောပြကြသည်။ အပြစ်မရှိကြောင်း ထင်ရှား၍သာ နောက်သုံးရက်ကြာမှာ လူထွေး ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်၏။ အခန်း (၃) "အခါ.. တော်... ပေး... တာ က... နတ်.. ရေး ငယ်... ရွှေ.. စာ..." ရွှေရောင် စိန်ရောင် ပြိုးပြိုးပြက်ပြက် တောက်ပလျှက်ရှိသော မင်္ဂလာ ခမ်းမတခုလုံးမှာ ပရိတ်သတ်က အစုံအစေ့ ရောက်ရှိ၍ နေကြပြီ။ မင်္ဂလာသီချင်း ချီးမြှင့်ပေးသော အဆိုတော်၏ မင်္ဂလာ တေးသံကလည်း ကြည်လင်စွာ ပျံ့လွင့်၍ နေသည်။ မင်္ဂလာ သတို့သားနှင့် မင်္ဂလာ သတို့သမီးတို့ကလည်း မင်္ဂလာရှိသော မင်္ဂလာခမ်းမ စင်မြင့်ထက်မှာ ကျက်သရေ တင့်တယ်စွာ နေရာယူပြီးကြပြီ။ ထိုအချိန်မှာ မင်္ဂလာမုခ်ဦးမှတဆင့် မင်္ဂလာစင်္ကြန်ကို ဖြတ်ကာ မင်္ဂလာပွဲ ကျင်းပနေသော မင်္ဂလာခမ်းမထဲသို့ ဝင်လာသူများက ယောဂီဝတ် အမျိုးသမီးငယ် အပါး ၃၀။ သူတို့က ခေါင်းကို ငုံ့၍ အိနြေ္ဒရှိစွာ စီတန်း ကြွမြန်းလာကြပြီး သတို့သားနှင့် သတို့သမီးတို့ရှိရာ မင်္ဂလာစင်မြင့်ရှေ့ ရောက်မှ ဘေးချင်းယှဉ်၍ တန်းစီ ရပ်လိုက်ကြသည်။ တွေ့နေကျ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်သဖြင့် ကြွရောက်လာကြသော ပရိတ်သတ်ကြီးက သူတို့ အားလုံးကို တအံ့တသြ ငေးကြောင်ကြည့်၍ နေသည်။ သတို့သား အဖေက သတို့သား အမေကို "သူတို့ကို မင်းပင့်ထားတာလား" ဆိုသည့် အကြည့်မျိုးဖြင့် လှမ်း၍ ကြည့်ရာ အမေလုပ်သူက ပြန်၍ ခေါင်းခါပြသည်။ သတို့သမီး၏ မိဘနှစ်ပါးမှာလည်း သတို့သားဘက်မှ အစီအစဉ်ဟုပင် ထင်မှတ်နေကြဆဲ။ ဘယ်အတွက်ကြောင့် သူတို့ကို ကြိုပြော မထားရသလဲ ဟုပင် ဇဝေဇဝါ ဖြစ်၍ နေသေး၏။ ထိုအချိန်မှာပင် မထင်မှတ်သည့် မြင်ကွင်းထဲမှ ကြိုတင် တွက်ဆမထားသည့် အဖြစ်အပျက်တခုက ရုတ်တရက် ဖြစ်ပျက်သွားခဲ့သည်။ ဘယ်သူမှ မမျှော်မှန်းထားသည့် ဖြစ်ရပ်မို့ မည်သို့မှလည်း ဟန့်တားချိန် မရလိုက်ကြ။ ယောဂီဝတ် အမျိုးသမီးများက ဝတ်ရုံအောက်မှ စက်သေနပ်ကိုယ်စီကို ဖျပ်ကနဲ ဆွဲထုတ်... သတို့သားဖြစ်သူ လူထွေးရှိရာသို့ တန်းကနဲ ချိန်ရွယ်ရင်း... မောင်းတံကို ရုတ်တရက် ကျွီကနဲနေအောင် ဖြုတ်ချလိုက်ကြခြင်း ဖြစ်သည်။ သတို့သားခမျာမှာ ငေးကြောင် ကြည့်နေရင်း နံရိုးကြားဆီမှ စူးနင့်နင့် ဝေဒနာကို ကျင်ကနဲ ခံစားလိုက်ရသည်။ ဦးခေါင်းထဲမှလည်း ချာချာလည် မူးဝေလာကာ ပါးစပ်မှလည်း သွေးတဆုပ်က ဝေါ့ကနဲ ပျို့တက်၍ လာလေ၏။ နားမလည်နိုင်စွာ မျက်လုံးကို အားယူ၍ ဖွင့်အကြည့်မှာတော့ "သေစမ်းဟာ" ဟု ရေရွတ်ရင်း သေနပ်ချိန်ထားသော ယောဂီဝတ် မိန်းမပျို တယောက်၏ မျက်နှာကို ရင်းရင်းနှီးနှီး မှတ်မိလိုက်သည်။ တပြိုင်ထဲမှာပင် နောက်ထပ် ဆက်တိုက် ထွက်ပေါ်လာသော သေနပ်သံ များနှင့် အတူ လူထွေးတယောက် အကူအညီမဲ့စွာ လူးလွန့် လှုပ်ရှား... ထို့နောက် ချင်းချင်းနီနေသော သွေးအိုင်များကြားမှာ အရုပ်ကြိုးပြတ် အပြီးတိုင် ငြိမ်ကျသွား လေတော့သည်။
အားလုံးကိုခင်တဲ့
**ကိုလူထွေး**
-လူထွေးနှင့် မဒီ ၉၀ ရှင်းတမ်း -

အခန်း (၁)
လူ ထွေး လက် ထပ် တော့ မယ် တဲ့။
စကြာဝဠာကြီး အတိုင်းအစမဲ့ တဝီဝီလည်နေသည့်အလား ခေါင်းတခုလုံး သွက်သွက်ခါ ချာရမ်း၍ သွားသည်။ လင်းထိန်နေသည့် မီးဆိုင်းများအောက်မှာ ရုတ်တရက် အမှောင်ကျသွား သကဲ့သို့ မျက်လုံးများမှာလည်း မှိုင်းမှုံ ပြာဝေ သွားကြသည်။
လူထွေး မိန်းမ ယူတော့မယ်တဲ့။
တုန်ယင်နေသည့် နှလုံးခုန်သံများက နားနှင့် ဆတ်ဆတ် ကြားရလောက်အောင် တဒုတ်ဒုတ်နှင့်။ နှာသီးဖျားမှ အသက် ရှုသွင်း ရှုထုပ်သံကလည်း ပို၍ ပို၍ ကျယ်လောင်လာသည် ဟု ထင်ရ၏။ အာခံတွင်းသည်လည်း ပူလောင်လွန်းသဖြင့် ခြောက်သွေ့ အက်ကွဲ၍ လာနေပြီ။
“လူထွေး အိမ်ထောင်ပြုတော့မယ် တဲ့။ အဲဒါ နင်တို့ ဘယ်လို သဘောရကြသလဲ”
သူ့အတွေးနှင့်သူ တိတ်ဆိတ် လောင်မြိုက်နေသော ခမ်းမကြီး တခုလုံးကို စကားသံက အပေါ်စီးမှ လွှမ်းမိုး၍ သွားသည်။ အားလုံး သိထားပြီးသား သတင်းတခုကို ပြန်ပြောရသည် ဆိုသော်လည်း အသံက စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်၍နေ၏။ ခံလိုက်ရပြီ ဟူသည့် အသိကြောင့် ရောယှက်နေသော ဒေါသကလည်း အသံမှာ ရောထွေးလျှက် ရှိ၍နေသည်။ ပြန်မရနိုင်တော့သည့် အိပ်မက်တခုကို တမ်းတနေမိ သောကြောင့်လည်း သူ့စကားမှာ အလွမ်းရိပ်တွေ ဝေသီနေပြန်၏။ ထိုသို့ ဟိန်းထွက်လာသည့် စကားသံ အဆုံးမှာတော့ မဒီအယောက် ၉၀ ဖြင့် ပြည့်နှက်လျှက် ရှိသော ခမ်းမကြီးက ပကတိ ပြန်လည် တိတ်ဆိတ် သွားပြန် တော့သည်။
ထိုနေ့ညနေ အစည်းအဝေးအဆုံးမှ ခွဲထွက်လာသော အုပ်စုတစုက လူထွေးနေထိုင်ရာ အခန်းရှေ့မှာ ညလုံးပေါက် သီချင်းတွေ လာအော်ဆိုကြသည်။ အယောက်သုံးဆယ်စာမျှ အသံက တရပ်ကွက်လုံး ဟိန်းညံ၍ ထွက်ကျလာ၏...
"ဒီဘဝမှာ မင်းနဲ့အတူတူ မပေါင်းရပေမယ့်လည်း... နောင်ဘဝဆိုတာ ရှိခဲ့ရင် တောင်းဆုပြုနေမယ်။ တူတူယှဉ်ကာ ပေါင်းကြရစေသား"
အခန်း (၂)
နောက်တနေ့မနက် မိုးလင်းလင်းချင်းမှာ လူထွေးကို လန့်နှိုးလိုက်သူများက မှုခင်းရဲအရာရှိနဲ့ ရဲသားတွေ။ မနေ့ညက မိမိကိုယ်မိမိ အဆုံးစီရင် သွားကြသော အမျိုးသမီး အယောက် ၃၀ ၏ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းရန်ဟု ဆိုကာ လူထွေးကို စခန်းသို့ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားကြသည်။
သေဆုံးသူ အမျိုးသမီးများက သူတို့၏ အခန်းနံရံမှာ...
"လူ ထွေး.. နင် သိပ် ရက် စက် တယ်"
... ဟု သွေးဖြင့် ရေးသွားကြောင်း ရဲတွေက ပြောပြကြသည်။
အပြစ်မရှိကြောင်း ထင်ရှား၍သာ နောက်သုံးရက်ကြာမှာ လူထွေး ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်၏။
အခန်း (၃)
"အခါ.. တော်... ပေး... တာ က... နတ်.. ရေး ငယ်... ရွှေ.. စာ..."
ရွှေရောင် စိန်ရောင် ပြိုးပြိုးပြက်ပြက် တောက်ပလျှက်ရှိသော မင်္ဂလာ ခမ်းမတခုလုံးမှာ ပရိတ်သတ်က အစုံအစေ့ ရောက်ရှိ၍ နေကြပြီ။ မင်္ဂလာသီချင်း ချီးမြှင့်ပေးသော အဆိုတော်၏ မင်္ဂလာ တေးသံကလည်း ကြည်လင်စွာ ပျံ့လွင့်၍ နေသည်။ မင်္ဂလာ သတို့သားနှင့် မင်္ဂလာ သတို့သမီးတို့ကလည်း မင်္ဂလာရှိသော မင်္ဂလာခမ်းမ စင်မြင့်ထက်မှာ ကျက်သရေ တင့်တယ်စွာ နေရာယူပြီးကြပြီ။
ထိုအချိန်မှာ မင်္ဂလာမုခ်ဦးမှတဆင့် မင်္ဂလာစင်္ကြန်ကို ဖြတ်ကာ မင်္ဂလာပွဲ ကျင်းပနေသော မင်္ဂလာခမ်းမထဲသို့ ဝင်လာသူများက ယောဂီဝတ် အမျိုးသမီးငယ် အပါး ၃၀။ သူတို့က ခေါင်းကို ငုံ့၍ အိနြေ္ဒရှိစွာ စီတန်း ကြွမြန်းလာကြပြီး သတို့သားနှင့် သတို့သမီးတို့ရှိရာ မင်္ဂလာစင်မြင့်ရှေ့ ရောက်မှ ဘေးချင်းယှဉ်၍ တန်းစီ ရပ်လိုက်ကြသည်။
တွေ့နေကျ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်သဖြင့် ကြွရောက်လာကြသော ပရိတ်သတ်ကြီးက သူတို့ အားလုံးကို တအံ့တသြ ငေးကြောင်ကြည့်၍ နေသည်။ သတို့သား အဖေက သတို့သား အမေကို "သူတို့ကို မင်းပင့်ထားတာလား" ဆိုသည့် အကြည့်မျိုးဖြင့် လှမ်း၍ ကြည့်ရာ အမေလုပ်သူက ပြန်၍ ခေါင်းခါပြသည်။ သတို့သမီး၏ မိဘနှစ်ပါးမှာလည်း သတို့သားဘက်မှ အစီအစဉ်ဟုပင် ထင်မှတ်နေကြဆဲ။ ဘယ်အတွက်ကြောင့် သူတို့ကို ကြိုပြော မထားရသလဲ ဟုပင် ဇဝေဇဝါ ဖြစ်၍ နေသေး၏။
ထိုအချိန်မှာပင် မထင်မှတ်သည့် မြင်ကွင်းထဲမှ ကြိုတင် တွက်ဆမထားသည့် အဖြစ်အပျက်တခုက ရုတ်တရက် ဖြစ်ပျက်သွားခဲ့သည်။ ဘယ်သူမှ မမျှော်မှန်းထားသည့် ဖြစ်ရပ်မို့ မည်သို့မှလည်း ဟန့်တားချိန် မရလိုက်ကြ။
ယောဂီဝတ် အမျိုးသမီးများက ဝတ်ရုံအောက်မှ စက်သေနပ်ကိုယ်စီကို ဖျပ်ကနဲ ဆွဲထုတ်... သတို့သားဖြစ်သူ လူထွေးရှိရာသို့ တန်းကနဲ ချိန်ရွယ်ရင်း... မောင်းတံကို ရုတ်တရက် ကျွီကနဲနေအောင် ဖြုတ်ချလိုက်ကြခြင်း ဖြစ်သည်။
သတို့သားခမျာမှာ ငေးကြောင် ကြည့်နေရင်း နံရိုးကြားဆီမှ စူးနင့်နင့် ဝေဒနာကို ကျင်ကနဲ ခံစားလိုက်ရသည်။ ဦးခေါင်းထဲမှလည်း ချာချာလည် မူးဝေလာကာ ပါးစပ်မှလည်း သွေးတဆုပ်က ဝေါ့ကနဲ ပျို့တက်၍ လာလေ၏။ နားမလည်နိုင်စွာ မျက်လုံးကို အားယူ၍ ဖွင့်အကြည့်မှာတော့ "သေစမ်းဟာ" ဟု ရေရွတ်ရင်း သေနပ်ချိန်ထားသော ယောဂီဝတ် မိန်းမပျို တယောက်၏ မျက်နှာကို ရင်းရင်းနှီးနှီး မှတ်မိလိုက်သည်။
တပြိုင်ထဲမှာပင် နောက်ထပ် ဆက်တိုက် ထွက်ပေါ်လာသော သေနပ်သံ များနှင့် အတူ လူထွေးတယောက် အကူအညီမဲ့စွာ လူးလွန့် လှုပ်ရှား... ထို့နောက် ချင်းချင်းနီနေသော သွေးအိုင်များကြားမှာ အရုပ်ကြိုးပြတ် အပြီးတိုင် ငြိမ်ကျသွား လေတော့သည်။
အားလုံးကိုခင်တဲ့
**ကိုလူထွေး**



No comments:
Post a Comment